Micro USB 3.0 နည္းပညာ

[ Zawgyi ]

Micro USB 3.0 ကေတာ့ Samsung ကေန ထုတ္လုပ္တဲ့ Galaxy Note 3 မွာ ပထမဆုံး စတင္အသုံးျပဳခဲ့တဲ့ USB နည္းပညာတစ္ခု ျဖစ္ပါတယ္။ USB 3.0 နည္းပညာကို ပိုမိုေကာင္းမြန္ေအာင္ ဖန္တီးထားတဲ့ နည္းပညာတစ္ခုျဖစ္ၿပီး အခ်က္အလက္ကူးေျပာင္းေပးႏုိင္မႈႏႈန္း ပိုမိုျမန္ဆန္ေကာင္းမြန္မႈရွိမွာျဖစ္ပါတယ္။

သီခ်င္း၊ ဗီဒီယုိနဲ႔ ဓာတ္ပုံစတာေတြ ေပးပို႔မႈကို ပိုမိုျမန္ဆန္တဲ့ အျမန္ႏႈန္းနဲ႔ ေပးပို႔ေပးမွာျဖစ္ပါတယ္။ ဒါ့အျပင္ USB 3.0 စနစ္ ေထာက္ပံ့ပါဝင္တဲ့ ကြန္ပ်ဴတာနဲ႔ Mac ေတြသုံးၿပီး USB ကေန ဖုန္းအားသြင္းမႈကို ပိုမိုျမန္ဆန္ေအာင္လည္း ေထာက္ပံ့ေပးမွာျဖစ္ပါတယ္။ USB 2.0 နည္းပညာက 500 mA ပမာ ဏကိုသာ ေထာက္ပံ့ေပးႏုိင္ၿပီး USB 3.0 ကေတာ့ ၈ဝ ရာခုိင္ႏႈန္း ပိုမိုပိုမိုျမန္ဆန္တဲ့ ပမာဏကို ေပးပို႔ႏုိင္တဲ့အျပင္ 900 mA ပမာဏအထိ ေထာက္ပံ့ေပးႏုိင္ပါတယ္။

ဒီလိုေထာက္ပံ့ေပးႏုိင္တဲ့အတြက္ Laptop ကြန္ပ်ဴတာနဲ႔ကို ပုံမွန္အားသြင္းသလိုမ်ဳိး ဖုန္းဘက္ထရီကို အားသြင္းေပးႏိုင္မွာ ျဖစ္ပါတယ္။ Galaxy Note 3 မွာ အသုံးျပဳထားတဲ့ USB စနစ္က အျခား စမတ္ဖုန္းေတြရဲ႕ စနစ္နဲ႔ ကြဲျပား ျခားနားတဲ့ပုံစံ ဒီဇုိင္းထုတ္ထားတာျဖစ္ပါတယ္။ USB 3.0 Micro B ပုံစံဒီဇုိင္းထုတ္ထားတာ ျဖစ္ၿပီး အဲဒီပုံစံဒီဇုိင္းကို အနည္းငယ္ Portable Hard Drives ေတြ မွာ အသုံးျပဳထားတဲ့ပုံစံလည္း ျဖစ္ ပါတယ္။

USB 3.0 က Universal Serial Bus (USB) ရဲ႕ တတိယ မ်ဳိးဆက္စံသတ္မွတ္ခ်က္တစ္ခု ျဖစ္ၿပီး USB 3.0 က SuperSpeed USB (SS) ကို ညႊန္းဆိုတာလည္း ျဖစ္ပါတယ္။ အခ်က္အလက္ ပမာဏကို 5 Gbit/s (625 MB/s) အထိ ဒီနည္းပညာကေထာက္ပံ့ေပးပို႔ႏုိင္ၿပီး ဒီပမာဏက USB 2.0 ထက္ ၁ဝ ဆပိုမိုတဲ့ အျမန္ႏႈန္းျဖစ္ပါတယ္။ USB 3.1 version ကိုေတာ့ ၂ဝ၁၃ ခုႏွစ္၊ ဇူလုိင္လမွာ ထပ္မံမိတ္ဆက္ခဲ့ၿပီး 10 Bbps ပမာဏအထိကို ေထာက္ပံ့ေပးႏုိင္ပါ တယ္။ ဒီပမာဏက USB 3.0 ထက္ ၂ ဆပိုမိုတဲ့ ပမာဏျဖစ္ပါတယ္။

-ရဲထြဋ္ဝင္း

[ Unicode ]

Micro USB 3.0 ကတော့ Samsung ကနေ ထုတ်လုပ်တဲ့ Galaxy Note 3 မှာ ပထမဆုံး စတင်အသုံးပြုခဲ့တဲ့ USB နည်းပညာတစ်ခု ဖြစ်ပါတယ်။ USB 3.0 နည်းပညာကို ပိုမိုကောင်းမွန်အောင် ဖန်တီးထားတဲ့ နည်းပညာတစ်ခုဖြစ်ပြီး အချက်အလက်ကူးပြောင်းပေးနိုင်မှုနှုန်း ပိုမိုမြန်ဆန်ကောင်းမွန်မှုရှိမှာဖြစ်ပါတယ်။

သီချင်း၊ ဗီဒီယိုနဲ့ ဓာတ်ပုံစတာတွေ ပေးပို့မှုကို ပိုမိုမြန်ဆန်တဲ့ အမြန်နှုန်းနဲ့ ပေးပို့ပေးမှာဖြစ်ပါတယ်။ ဒါ့အပြင် USB 3.0 စနစ် ထောက်ပံ့ပါဝင်တဲ့ ကွန်ပျူတာနဲ့ Mac တွေသုံးပြီး USB ကနေ ဖုန်းအားသွင်းမှုကို ပိုမိုမြန်ဆန်အောင်လည်း ထောက်ပံ့ပေးမှာဖြစ်ပါတယ်။ USB 2.0 နည်းပညာက 500 mA ပမာ ဏကိုသာ ထောက်ပံ့ပေးနိုင်ပြီး USB 3.0 ကတော့ ၈ဝ ရာခိုင်နှုန်း ပိုမိုပိုမိုမြန်ဆန်တဲ့ ပမာဏကို ပေးပို့နိုင်တဲ့အပြင် 900 mA ပမာဏအထိ ထောက်ပံ့ပေးနိုင်ပါတယ်။

ဒီလိုထောက်ပံ့ပေးနိုင်တဲ့အတွက် Laptop ကွန်ပျူတာနဲ့ကို ပုံမှန်အားသွင်းသလိုမျိုး ဖုန်းဘက်ထရီကို အားသွင်းပေးနိုင်မှာ ဖြစ်ပါတယ်။ Galaxy Note 3 မှာ အသုံးပြုထားတဲ့ USB စနစ်က အခြား စမတ်ဖုန်းတွေရဲ့ စနစ်နဲ့ ကွဲပြား ခြားနားတဲ့ပုံစံ ဒီဇိုင်းထုတ်ထားတာဖြစ်ပါတယ်။ USB 3.0 Micro B ပုံစံဒီဇိုင်းထုတ်ထားတာ ဖြစ်ပြီး အဲဒီပုံစံဒီဇိုင်းကို အနည်းငယ် Portable Hard Drives တွေ မှာ အသုံးပြုထားတဲ့ပုံစံလည်း ဖြစ် ပါတယ်။

USB 3.0 က Universal Serial Bus (USB) ရဲ့ တတိယ မျိုးဆက်စံသတ်မှတ်ချက်တစ်ခု ဖြစ်ပြီး USB 3.0 က SuperSpeed USB (SS) ကို ညွှန်းဆိုတာလည်း ဖြစ်ပါတယ်။ အချက်အလက် ပမာဏကို 5 Gbit/s (625 MB/s) အထိ ဒီနည်းပညာကထောက်ပံ့ပေးပို့နိုင်ပြီး ဒီပမာဏက USB 2.0 ထက် ၁ဝ ဆပိုမိုတဲ့ အမြန်နှုန်းဖြစ်ပါတယ်။ USB 3.1 version ကိုတော့ ၂ဝ၁၃ ခုနှစ်၊ ဇူလိုင်လမှာ ထပ်မံမိတ်ဆက်ခဲ့ပြီး 10 Bbps ပမာဏအထိကို ထောက်ပံ့ပေးနိုင်ပါ တယ်။ ဒီပမာဏက USB 3.0 ထက် ၂ ဆပိုမိုတဲ့ ပမာဏဖြစ်ပါတယ်။