Mi Power 2i ရဲ႕ အထူး Red Edition ကို Xiaomi မိတ္ဆက္

[ Zawgyi ]

Xiaomi ဟာ ကုမၸဏီရဲ႕ နာမည္ေက်ာ္ power bank Mi Power Bank 2i ရဲ႕ အထူးဗားရွင္းတစ္မ်ိဳးကို ျဖန္႔ခ်ိလိုက္ပါတယ္။ အဲ့ဒီ အထူးဗားရွင္းက အနီေရာင္ျဖစ္ၿပီး Mi Power Bank 2i Red Edition လို႔ ေခၚဆိုပါတယ္။ မူလဗားရွင္းက ေငြေရာင္ ျဖစ္ပါတယ္။

အေရာင္ကလဲြရင္ Mi Power Bank 2i Red Edition ရဲ႕ feature ေတြက မူလဗားရွင္းနဲ႔ တူညီပါတယ္။ ပါးလ်တဲ့ ဒီဇိုင္းျဖစ္ၿပီး အထူက ၁၄.၂ မီလီမီတာပဲ ရိွပါတယ္။ အေလးခ်ိန္ကလည္း ေပါ့ပါးၿပီး ၂၄၀ ဂရမ္ပဲ ရိွပါတယ္။ ဘက္ထရီပမာဏက တူညီၿပီး 10,000mAh ျဖစ္ပါတယ္။

Output port ႏွစ္ခု ပါဝင္ၿပီး port တစ္ခုခ်င္းစီက 18W fast charging ကို ေထာက္ပံ့ေပးပါတယ္။ MicroUSB input port လည္းပဲ 18W fast charging ကို ေထာက္ပံံ့ေပးပါတယ္။ ဘက္ထရီ အလယ္ဗယ္ကို ျပသဖို႔အတြက္ LED ေလးလံုး ပါဝင္ပါတယ္။ Power bank ကို ဖုန္းနဲ႔ tablet အျပင္ Mi Band စီးရီးလို ထုတ္ကုန္ေတြနဲ႔လည္း အားသြင္းႏိုင္ပါတယ္။ ေစ်းႏႈန္းက ၁၂ ေဒၚလာ ျဖစ္ပါတယ္။

Ref: GizmoChina

[ Unicode ]

Xiaomi ဟာ ကုမ္ပဏီရဲ့ နာမည်ကျော် power bank Mi Power Bank 2i ရဲ့ အထူးဗားရှင်းတစ်မျိုးကို ဖြန့်ချိလိုက်ပါတယ်။ အဲ့ဒီ အထူးဗားရှင်းက အနီရောင်ဖြစ်ပြီး Mi Power Bank 2i Red Edition လို့ ခေါ်ဆိုပါတယ်။ မူလဗားရှင်းက ငွေရောင် ဖြစ်ပါတယ်။

အရောင်ကလွဲရင် Mi Power Bank 2i Red Edition ရဲ့ feature တွေက မူလဗားရှင်းနဲ့ တူညီပါတယ်။ ပါးလျတဲ့ ဒီဇိုင်းဖြစ်ပြီး အထူက ၁၄.၂ မီလီမီတာပဲ ရှိပါတယ်။ အလေးချိန်ကလည်း ပေါ့ပါးပြီး ၂၄၀ ဂရမ်ပဲ ရှိပါတယ်။ ဘက်ထရီပမာဏက တူညီပြီး 10,000mAh ဖြစ်ပါတယ်။

Output port နှစ်ခု ပါဝင်ပြီး port တစ်ခုချင်းစီက 18W fast charging ကို ထောက်ပံ့ပေးပါတယ်။ MicroUSB input port လည်းပဲ 18W fast charging ကို ထောက်ပံံ့ပေးပါတယ်။ ဘက်ထရီ အလယ်ဗယ်ကို ပြသဖို့အတွက် LED လေးလုံး ပါဝင်ပါတယ်။ Power bank ကို ဖုန်းနဲ့ tablet အပြင် Mi Band စီးရီးလို ထုတ်ကုန်တွေနဲ့လည်း အားသွင်းနိုင်ပါတယ်။ စျေးနှုန်းက ၁၂ ဒေါ်လာ ဖြစ်ပါတယ်။

Ref: GizmoChina