Mi Note4 ကို Mi MIX 3 နဲ႔အတူ ေအာက္တိုဘာ ၁၅ တြင္ မိတ္ဆက္မည္

[ Zawgyi ]

လြန္ခဲ့တဲ့ ရက္အနည္းငယ္က ထြက္ေပၚလာခဲ့တဲ့ ပိုစတာတစ္ခုမွာ Xiaomi က Mi MIX 3 ကို ေအာက္တိုဘာ ၁၅ ရက္မွာ မိတ္ဆက္မယ့္ အေၾကာင္း ေဖာ္ျပထားပါတယ္။ အခုအခါမွာေတာ့ ထပ္မံထြက္ေပၚလာတဲ့ ပိုစတာေတြအရ Mi MIX 3 ကို ေအာက္တိုဘာ ၁၅ ရက္မွာ ေနာက္ထပ္ ဖုန္းတစ္မ်ိဳးနဲ႔အတူ ေတြ႕ျမင္ရမယ္လို႔ သိရပါတယ္။

ေအာက္တိုဘာ ၁၅ ရက္မွာ Mi MIX 3 နဲ႔ ေတြ႕ျမင္ရမယ့္ ဒုတိယဖုန္းက Mi Note4 ျဖစ္တယ္လို႔ ပိုစတာတစ္ခုမွာ ေဖာ္ျပထားပါတယ္။ အဲ့ဒီစမတ္ဖုန္းကို မူလက Xiaomi LEX ဆိုၿပီး လူသိမ်ားပါတယ္။ တကယ္တမ္းက LEX ဟာ ဖုန္းရဲ႕ codename ျဖစ္ပါတယ္။ Mi Note4 ဟာ ၂၀၁၇ စက္တင္ဘာလက ျဖန္႔ခ်ိခဲ့တဲ့ Mi Note3 ေနရာမွာ ဆက္ခံမယ့္ဖုန္း ျဖစ္ပါတယ္။

လက္ရိွမွာေတာ့ Mi Note4 ရဲ႕အေၾကာင္းကို မသိရေသးပါဘူး။ Screenshot တစ္ခုမွာေတာ့ Mi Note4 မွာ AI assistant ခလုတ္တစ္ခု ပါဝင္လာမယ္လို႔ ျပသထားပါတယ္။

ဒုတိယပိုစတာမွာေတာ့ Mi MIX 3 ကို က်န္းစုစီရင္စု၊ နန္က်င္းမွာ မိတ္ဆက္သြားမယ္လို႔ ေဖာ္ျပထားပါတယ္။ MI MIX 3 မွာ slide mechanism တစ္ခုအျပင္ Snapdragon 845 processor နဲ႔ bezel-less display တစ္ခုတို႔ ပါဝင္လာမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ AI assistant အတြက္လည္း သီးျခားခလုတ္တစ္ခု ပါဝင္လာမယ္လို႔ သိရပါတယ္။

Ref: GizmoChina

[ Unicode ]

လွန်ခဲ့တဲ့ ရက်အနည်းငယ်က ထွက်ပေါ်လာခဲ့တဲ့ ပိုစတာတစ်ခုမှာ Xiaomi က Mi MIX 3 ကို အောက်တိုဘာ ၁၅ ရက်မှာ မိတ်ဆက်မယ့်အကြောင်း ဖော်ပြထားပါတယ်။ အခုအခါမှာတော့ ထပ်မံထွက်ပေါ်လာတဲ့ ပိုစတာတွေအရ Mi MIX 3 ကို အောက်တိုဘာ ၁၅ ရက်မှာ နောက်ထပ် ဖုန်းတစ်မျိုးနဲ့အတူ တွေ့မြင်ရမယ်လို့ သိရပါတယ်။

အောက်တိုဘာ ၁၅ ရက်မှာ Mi MIX 3 နဲ့ တွေ့မြင်ရမယ့် ဒုတိယဖုန်းက Mi Note4 ဖြစ်တယ်လို့ ပိုစတာတစ်ခုမှာ ဖော်ပြထားပါတယ်။ အဲ့ဒီစမတ်ဖုန်းကို မူလက Xiaomi LEX ဆိုပြီး လူသိများပါတယ်။ တကယ်တမ်းက LEX ဟာ ဖုန်းရဲ့ codename ဖြစ်ပါတယ်။ Mi Note4 ဟာ ၂၀၁၇ စက်တင်ဘာလက ဖြန့်ချိခဲ့တဲ့ Mi Note3 နေရာမှာ ဆက်ခံမယ့်ဖုန်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ Mi Note4 ရဲ့အကြောင်းကို မသိရသေးပါဘူး။ Screenshot တစ်ခုမှာတော့ Mi Note4 မှာ AI assistant ခလုတ်တစ်ခု ပါဝင်လာမယ်လို့ ပြသထားပါတယ်။

ဒုတိယပိုစတာမှာတော့ Mi MIX 3 ကို ကျန်းစုစီရင်စု၊ နန်ကျင်းမှာ မိတ်ဆက်သွားမယ်လို့ ဖော်ပြထားပါတယ်။ MI MIX 3 မှာ slide mechanism တစ်ခုအပြင် Snapdragon 845 processor နဲ့ bezel-less display တစ်ခုတို့ ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် AI assistant အတွက်လည်း သီးခြားခလုတ်တစ်ခု ပါဝင်လာမယ်လို့ သိရပါတယ်။

Ref: GizmoChina