Mi Home Projector Lite ကို Xiaomi ထုတ္ေဖာ္မိတ္ဆက္

[ Zawgyi ]

Xiaomi ဟာ တ႐ုတ္ႏိုင္ငံမွာ Mi Home Projector Lite ကို ထုတ္ေဖာ္မိတ္ဆက္ခဲ့ပါတယ္။ Mi Home Projector Lite ကို ကုမၸဏီရဲ႕ Mijia ရန္ပုံေငြစုေဆာင္းေရး platform မွာ ေဒၚလာ ၃၂၀ နဲ႔ေရာင္းခ်ေနပါတယ္။ ေနာက္ပုိင္းမွာေတာ့ လက္လီေဈးႏႈန္း ၃၆၄ ေဒၚလာနဲ႔ ေရာင္းခ်ေပးသြားမွာ ျဖစ္ပါတယ္။

Mi Home Projector Lite ဟာ အရြယ္အစား က်စ္လ်စ္ၿပီး ေဝးေဝးကေန ႐ုပ္ပုံေတြကုိ ေဖာ္ျပႏိုင္တဲ့ ပေရာ္ဂ်က္တာ ျဖစ္ပါတယ္။ Mi Home Projector Lite ဟာ aspect ratio 1.2:1 နဲ႔ အရြယ္အစား ၄၀ နဲ႔ ၂၀၀ လက္မ အၾကားရွိတဲ့ 1080 ႐ုပ္ပုံေတြကုိ ေဖာ္ျပေပးႏိုင္ပါတယ္။ ပေရာ္ဂ်က္တာမွာ နာရီေပါင္း ၃၀,၀၀၀ အထိ အသုံးျပဳႏိုင္တဲ့ 500 ANSI LED မီးအိမ္ ပါဝင္သလို HDR 10 ေထာက္ပံ့ထားပါေသးတယ္။

ပေရာ္ဂ်က္တာမွာ built-in စပီကာနဲ႔အတူ Dolby Atmos နဲ႔ DTS ေထာက္ပံ့မႈတုိ႔ ပါဝင္လာပါတယ္။ ဒါ့အျပင္ အသံပုိင္းဆိုင္ရာ ေထာက္ပံ့မႈနဲ႔ built-in Mi TV လုပ္ေဆာင္ခ်က္အျပင္ HDMI, USB နဲ႔ aux input ေတြ ပါဝင္လာပါေသးတယ္။

အခုပေရာ္ဂ်က္တာကို တ႐ုတ္ႏိုင္ငံမွာပဲ ေရာင္းခ်ပါေသးတယ္။

စိုးထက္
Ref: GSMArena

[ Unicode ]

Xiaomi ဟာ တရုတ်နိုင်ငံမှာ Mi Home Projector Lite ကို ထုတ်ဖော်မိတ်ဆက်ခဲ့ပါတယ်။ Mi Home Projector Lite ကို ကုမ္ပဏီရဲ့ Mijia ရန်ပုံငွေစုဆောင်းရေး platform မှာ ဒေါ်လာ ၃၂၀ နဲ့ရောင်းချနေပါတယ်။ နောက်ပိုင်းမှာတော့ လက်လီဈေးနှုန်း ၃၆၄ ဒေါ်လာနဲ့ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

Mi Home Projector Lite ဟာ အရွယ်အစား ကျစ်လျစ်ပြီး ဝေးဝေးကနေ ရုပ်ပုံတွေကို ဖော်ပြနိုင်တဲ့ ပရော်ဂျက်တာ ဖြစ်ပါတယ်။ Mi Home Projector Lite ဟာ aspect ratio 1.2:1 နဲ့ အရွယ်အစား ၄၀ နဲ့ ၂၀၀ လက်မ အကြားရှိတဲ့ 1080 ရုပ်ပုံတွေကို ဖော်ပြပေးနိုင်ပါတယ်။ ပရော်ဂျက်တာမှာ နာရီပေါင်း ၃၀,၀၀၀ အထိ အသုံးပြုနိုင်တဲ့ 500 ANSI LED မီးအိမ် ပါဝင်သလို HDR 10 ထောက်ပံ့ထားပါသေးတယ်။

ပရော်ဂျက်တာမှာ built-in စပီကာနဲ့အတူ Dolby Atmos နဲ့ DTS ထောက်ပံ့မှုတို့ ပါဝင်လာပါတယ်။ ဒါ့အပြင် အသံပိုင်းဆိုင်ရာ ထောက်ပံ့မှုနဲ့ built-in Mi TV လုပ်ဆောင်ချက်အပြင် HDMI, USB နဲ့ aux input တွေ ပါဝင်လာပါသေးတယ်။

အခုပရော်ဂျက်တာကို တရုတ်နိုင်ငံမှာပဲ ရောင်းချပါသေးတယ်။

Ref: GSMArena