August 20, 2018

Mi Band 3 ထက္ အရြယ္ပိုႀကီးတဲ့ display ပါဝင္တဲ့ Xiaomi fitness tracker သစ္

[ Zawgyi ]

Xiaomi ဟာ Hey+ လို႔ေခၚတဲ့ fitness trakcer သစ္ကို YouPin လို႔ေခၚတဲ့ တ႐ုတ္ crowdfunding ဆိုက္ေပၚကေန ေၾကညာ ခဲ့ပါတယ္။ အဲ့ဒီ tracker သစ္ဟာ crowdfunding ပစ္မွတ္ကို ျပည့္မီခဲ့တာေၾကာင့္ ကုမၸဏီအေနနဲ႔ အဆိုပါ ထုတ္ကုန္ကို ထုတ္လုပ္ေရာင္းခ်မွာ ျဖစ္ပါတယ္။

Hey+ ရဲ႕ တန္ဖိုးက ၂၂၉ ယြမ္ (၃၄ ေဒၚလာ) ျဖစ္ၿပီး Mi Band 3 ထက္ ေစ်းပိုႀကီးပါတယ္။

Specs က Mi Band 3 နဲ႔ အလြန္တူပါတယ္။ ဒါေပမဲ့ Hey+ ရဲ႕ screen က ပိုႀကီးၿပီး ၀.၉၅ လက္မနဲ႔ အသံုးျပဳႏိုင္မွာ ျဖစ္ပါတယ္။ ဒါဟာ Mi Band 3 ရဲ႕ display ထက္ အနည္းငယ္ပိုႀကီးတာျဖစ္ေပမယ့္ resolution က ပိုမိုေကာင္းမြန္ၿပီး 240 x 120 ျဖစ္ပါတယ္။ Mi Band 3 ရဲ႕ screen resolution က 128 x 80 ျဖစ္ပါတယ္။

Xiaomi Hey+ tracker သစ္မွာ ကာလာ AMOLED display တစ္ခုပါဝင္ပါတယ္။ NFC အေထာက္အပံ့ ပါဝင္တဲ့အျပင္ ေျခလွမ္း၊ ကယ္လိုရီေလာင္ကၽြမ္းမႈ၊ အိပ္စက္ခ်ိန္တို႔ကို ေရတြက္ေပးႏုိင္ပါတယ္။

Xiaomi Hey+ ကို စက္တင္ဘာ ၂၀ ရက္က စတင္ၿပီး တ႐ုတ္ႏိုင္ငံမွာ Xiaomi နဲ႔ YouPin ဆိုက္ေပၚကေန ဝယ္ယူႏိုင္မွာျဖစ္ပါတယ္။

Ref: TechRadar

[ Unicode ]

Xiaomi ဟာ Hey+ လို့ခေါ်တဲ့ fitness trakcer သစ်ကို YouPin လို့ခေါ်တဲ့ တရုတ် crowdfunding ဆိုက်ပေါ်ကနေ ကြေညာ ခဲ့ပါတယ်။ အဲ့ဒီ tracker သစ်ဟာ crowdfunding ပစ်မှတ်ကို ပြည့်မီခဲ့တာကြောင့် ကုမ္ပဏီအနေနဲ့ အဆိုပါ ထုတ်ကုန်ကို ထုတ်လုပ်ရောင်းချမှာ ဖြစ်ပါတယ်။

Hey+ ရဲ့ တန်ဖိုးက ၂၂၉ ယွမ် (၃၄ ဒေါ်လာ) ဖြစ်ပြီး Mi Band 3 ထက် စျေးပိုကြီးပါတယ်။

Specs က Mi Band 3 နဲ့ အလွန်တူပါတယ်။ ဒါပေမဲ့ Hey+ ရဲ့ screen က ပိုကြီးပြီး ၀.၉၅ လက်မနဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါဟာ Mi Band 3 ရဲ့ display ထက် အနည်းငယ်ပိုကြီးတာဖြစ်ပေမယ့် resolution က ပိုမိုကောင်းမွန်ပြီး 240 x 120 ဖြစ်ပါတယ်။ Mi Band 3 ရဲ့ screen resolution က 128 x 80 ဖြစ်ပါတယ်။

Xiaomi Hey+ tracker သစ်မှာ ကာလာ AMOLED display တစ်ခုပါဝင်ပါတယ်။ NFC အထောက်အပံ့ ပါဝင်တဲ့အပြင် ခြေလှမ်း၊ ကယ်လိုရီလောင်ကျွမ်းမှု၊ အိပ်စက်ချိန်တို့ကို ရေတွက်ပေးနိုင်ပါတယ်။

Xiaomi Hey+ ကို စက်တင်ဘာ ၂၀ ရက်က စတင်ပြီး တရုတ်နိုင်ငံမှာ Xiaomi နဲ့ YouPin ဆိုက်ပေါ်ကနေ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

Ref: TechRadar