Message ပေးပို့ပြီး ဆယ်မိနစ်အတွင်း ပြန်ဖျက်နိုင်မယ့် Facebook ရဲ့ unsend feature

[Zawgyi]



 


Ref: TheVerge

[Unicode]

Facebook Messenger မှာ message တစ်ခု ပေးပို့ပြီးနောက် ၁၀ မိနစ်အတွင်း ပြန်ဖျက်နိုင်မယ့် လုပ်ဆောင်ချက်ကို မကြာခင် အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။

Twitter သုံးစွဲသူ @MattNavarra ဟာ အဆိုပါ feature မကြာခင် ဖြန့်ချိသွားမယ့်အကြောင်းကို Messenger iOS version 191.0 ရဲ့ release note မှာ တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် Messenger သုံးစွဲသူတွေအနေနဲ့ မှားယွင်းပေးပို့လိုက်တဲ့ message တွေကို ၁၀ မိနစ်အတွင်း ပြန်လည်ပြင်ဆင်ခွင့် ရရှိတော့မှာ ဖြစ်ပါတယ်။
Messenger ရဲ့ “unsend” လုပ်ဆောင်ချက် အကြောင်းဟာ အမှုဆောင်အရာရှိချုပ် Mark Zuckerberg က message တွေကို တိတ်တဆိတ် ဖျက်ပစ်ကြောင်း Facebook က ဝန်ခံခဲ့ပြီးနောက် ဧပြီလကတည်းက ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ လုပ်ဆောင်ချက်ကို အောက်တိုဘာလအတွင်းက ပထမဆုံးအကြိမ် စမ်းသပ်ခဲ့ပါတယ်။

Ref: TheVerge