Mega Man 11

[ Zawgyi ]

ဒီဂိမ္းေလးက ကၽြန္ေတာ္တုိ႔နဲ႔ ရင္းႏွီးေနၿပီးသား ဂိမ္းေလးျဖစ္မွာပါ။ ငယ္ငယ္ကလည္း ကစားဖူးမယ္ ထင္ပါတယ္။ ဒါေပမဲ့ Update ေတြလုပ္ၿပီး Version အသစ္ေတြ ထြက္ေနေတာ့ မွတ္မိေတာ့မယ္ေတာင္ မထင္ပါဘူး။ ဇာတ္ေကာင္ကေတာ့ အရင္ေတြ႕ဖူးေနက် ေကာင္ေလးပဲ။ Wins စနစ္နဲ႔လည္းရမယ္၊ Console နဲ႔ဆိုရင္ PS4, Nintendo Switch နဲ႔ Xbox
One ေတြ အားလံုးနဲ႔ ကစားႏုိင္ေအာင္ ဖန္တီးထားတာ ေတြ႕ရပါတယ္။ တိုက္ခိုက္ေရး စခန္းသြားဂိမ္းျဖစ္ၿပီးေတာ့ အားနည္းခ်က္အေနနဲ႔ ေျပာစရာဆိုလို႔ Single တစ္ခုတည္းအေနနဲ႔ပဲ ကစားႏုိင္တာ ေတြ႕ရပါတယ္။

ဂိမ္းကစားရမႈအပိုင္းကို ၾကည့္မယ္ဆိုရင္ ဇာတ္လမ္းသြား ႐ိုးတယ္လုိ႔ ဆိုႏုိင္ေပမယ့္ သြားႏႈန္းျမန္ဆန္မႈက အမွားအယြင္း ကင္းကင္းနဲ႔ လိုရာပန္းတိုင္ကို ေရာက္ေအာင္သြားႏုိင္ဖုိ႔ ခက္ခဲ သြားေစပါတယ္။ သြားလာေနရင္း ရန္သူကို ပစ္ခတ္ရမယ္၊ ေထာင္ေခ်ာက္ေတြကို ေက်ာ္ျဖတ္ရမယ္၊ အတားအဆီးေတြကို ၿဖိဳခ်ဖ်က္ဆီးၿပီး တစ္ခန္း ေအာင္ျမင္ေအာင္ ကစားရမွာပါ။
႐ုပ္ထြက္ 3D အဆင့္ ထိေအာင္ မရွိေပမယ့္ 2.5D ျဖစ္လုိ႔ အရမ္းအားမနည္းလွပါဘူး။ ဒါေပမဲ့ အခ်ိဳ႕အခန္းေတြမွေတာ့ 2D ႐ုပ္ထြက္ေလာက္ပဲရွိတဲ့ ပတ္၀န္းက်င္ အျပင္အဆင္ကို ေတြ႕ရပါတယ္။ တစ္ခုရွိတာက ရန္သူကို အခ်ိန္တိုင္းလိုလို ရင္ဆိုင္ေနရလုိ႔ ပတ္ဝန္းက်င္ကို ၾကည့္ဖို႔ေတာင္ အခ်ိန္ရမယ္ မထင္ပါဘူး။ အဓိကအေနနဲ႔ ရင္ဆိုင္စရာႏွစ္ခုရွိတယ္၊ ပထမ
တစ္ခုက ဇာတ္လမ္းသြားပံုစံ၊ ခုန္တက္တာေတြ၊ ေထာင္ေခ်ာက္ေတြကို ေက်ာ္ျဖတ္ရတာေတြ၊ အတားအဆီးေတြကို ပစ္ခတ္ေခ်မႈန္းရတာေတြ၊ ေနာက္ထပ္ရင္ဆိုင္စရာက အခန္းဆံုး အႀကီးဆံုး ရန္သူေတြနဲ႔ ရင္ဆိုင္ရမွာပဲ ျဖစ္ပါတယ္။

အခု ဂိမ္းသစ္မွာ Double Gear ဆိုတဲ့ စနစ္သစ္ပါလာတယ္။ အရင္ထက္ ပိုမိုျမန္ဆန္တဲ့ႏႈန္းနဲ႔ သြားလာတိုက္ခိုက္ႏုိင္လာတာ ျဖစ္ပါတယ္။ ဒီလို ျမန္လာလုိ႔လည္း ဥပမာ စခန္းသြား ကစားေနရင္း ေခ်ာက္ထဲေခ်ာ္က်ၿပီး ေသေစႏုိင္ေလက္တဲ့ အေနအထားျဖစ္လာေစတယ္၊ တကယ္လုိ႔ ျမန္ျမန္မသြားဘူးဆိုရင္လည္း ေထာင္ေခ်ာက္ေတြမွာမိၿပီး လိုရာကိုေရာက္ႏုိင္ေတာ့မွာ မဟုတ္လုိ႔ အခု ဂိမ္းသစ္က စိန္ေခၚမႈေတာ္ေတာ္ကို ႀကီးလာပါတယ္။ ဂိမ္းအတြင္းမွာ ကစားသူက အဓိက အခန္းႀကီး ၈ ခန္းကို ေက်ာ္ျဖတ္ အႏုိင္ရေအာင္ ကစားရမွာပါ။

ဂိမ္းသစ္မွာ ကစားခ်ိန္ ပိုရေအာင္ အားျဖည့္ႏုိင္မႈေတြ၊ ပံုမွန္ထက္ ပုိမ်ားတဲ့ ရန္သူေတြကို ရင္ဆိုင္ရမယ့္ တာဝန္ အသစ္ေတြ၊ ၿပီးေတာ့ တစ္ကမ႓ာလံုး အတုိင္းအတာမွာ ဘယ္သူေတြ ဘယ္အဆင့္ထိေအာင္ ေရာက္ရွိကစားႏုိင္ေနၿပီ ဆိုတဲ့ Online ကေန ခ်ိ္တ္ဆက္သိရွိႏုိင္မႈေတြစတဲ့ က႑အသစ္ေတြလည္း ထည့္ထားလို႔ ကိုယ္တိုင္လည္း ကမ႓ာ႔အဆင့္ဝင္ေအာင္ ကစားႏုိင္မယ္ဆိုရင္ ရင္ဆိုင္ခ်င္စရာပါ။ ရန္သူကိုေရြးခ်ယ္ရင္ဆိုင္ႏုိ္င္မႈ အပိုင္းမွာလည္း Newcomer, Causal, Normal နဲ႔ Superhero ဆိုၿပီး အဆင့္ေတြ ခြဲဲျခားၿပီး ေတာ့ မိမိနဲ႔ အဆင္ေျပမယ့္ ရန္သူ႔အဆင့္ကို ေရြးခ်ယ္ကစား ႏုိင္ဦးမွာ ျဖစ္ပါတယ္။ အေကာင္းဆံုးကေတာ့ တဆင့္ခ်င္းစီ တက္ေပါ့။ အစပိုင္း Newcomer နဲ႔ ကစားလု႔ိ အဆင္ေျပတယ္၊ အႏုိင္ရၿပီဆိုမွ Causal စသျဖင့္ ကစားတာ ပိုေကာင္းပါလိမ့္မယ္။ ဂိမ္းကလည္း ကစားတဲ့အဆင့့္ျမင့္လာမွ ေနာက္အဆင့္ေတြကို Unlock လုပ္ႏုိင္လို႔ အခ်ိန္ေပးၿပီး အသားက်ေအာင္ ကစားၿပီးမွ အႏုိင္ရမယ့္ ဂိမ္းသစ္ပဲ ျဖစ္ပါတယ္။

-သက္ႏိုင္ဦး (UCSL)

[ Unicode ]

ဒီဂိမ်းလေးက ကျွန်တော်တို့နဲ့ ရင်းနှီးနေပြီးသား ဂိမ်းလေးဖြစ်မှာပါ။ ငယ်ငယ်ကလည်း ကစားဖူးမယ် ထင်ပါတယ်။ ဒါပေမဲ့ Update တွေလုပ်ပြီး Version အသစ်တွေ ထွက်နေတော့ မှတ်မိတော့မယ်တောင် မထင်ပါဘူး။ ဇာတ်ကောင်ကတော့ အရင်တွေ့ဖူးနေကျ ကောင်လေးပဲ။ Wins စနစ်နဲ့လည်းရမယ်၊ Console နဲ့ဆိုရင် PS4, Nintendo Switch နဲ့ Xbox
One တွေ အားလုံးနဲ့ ကစားနိုင်အောင် ဖန်တီးထားတာ တွေ့ရပါတယ်။ တိုက်ခိုက်ရေး စခန်းသွားဂိမ်းဖြစ်ပြီးတော့ အားနည်းချက်အနေနဲ့ ပြောစရာဆိုလို့ Single တစ်ခုတည်းအနေနဲ့ပဲ ကစားနိုင်တာ တွေ့ရပါတယ်။

ဂိမ်းကစားရမှုအပိုင်းကို ကြည့်မယ်ဆိုရင် ဇာတ်လမ်းသွား ရိုးတယ်လို့ ဆိုနိုင်ပေမယ့် သွားနှုန်းမြန်ဆန်မှုက အမှားအယွင်း ကင်းကင်းနဲ့ လိုရာပန်းတိုင်ကို ရောက်အောင်သွားနိုင်ဖို့ ခက်ခဲ သွားစေပါတယ်။ သွားလာနေရင်း ရန်သူကို ပစ်ခတ်ရမယ်၊ ထောင်ချောက်တွေကို ကျော်ဖြတ်ရမယ်၊ အတားအဆီးတွေကို ဖြိုချဖျက်ဆီးပြီး တစ်ခန်း အောင်မြင်အောင် ကစားရမှာပါ။
ရုပ်ထွက် 3D အဆင့် ထိအောင် မရှိပေမယ့် 2.5D ဖြစ်လို့ အရမ်းအားမနည်းလှပါဘူး။ ဒါပေမဲ့ အချို့အခန်းတွေမှတော့ 2D ရုပ်ထွက်လောက်ပဲရှိတဲ့ ပတ်ဝန်းကျင် အပြင်အဆင်ကို တွေ့ရပါတယ်။ တစ်ခုရှိတာက ရန်သူကို အချိန်တိုင်းလိုလို ရင်ဆိုင်နေရလို့ ပတ်ဝန်းကျင်ကို ကြည့်ဖို့တောင် အချိန်ရမယ် မထင်ပါဘူး။ အဓိကအနေနဲ့ ရင်ဆိုင်စရာနှစ်ခုရှိတယ်၊ ပထမ
တစ်ခုက ဇာတ်လမ်းသွားပုံစံ၊ ခုန်တက်တာတွေ၊ ထောင်ချောက်တွေကို ကျော်ဖြတ်ရတာတွေ၊ အတားအဆီးတွေကို ပစ်ခတ်ချေမှုန်းရတာတွေ၊ နောက်ထပ်ရင်ဆိုင်စရာက အခန်းဆုံး အကြီးဆုံး ရန်သူတွေနဲ့ ရင်ဆိုင်ရမှာပဲ ဖြစ်ပါတယ်။

အခု ဂိမ်းသစ်မှာ Double Gear ဆိုတဲ့ စနစ်သစ်ပါလာတယ်။ အရင်ထက် ပိုမိုမြန်ဆန်တဲ့နှုန်းနဲ့ သွားလာတိုက်ခိုက်နိုင်လာတာ ဖြစ်ပါတယ်။ ဒီလို မြန်လာလို့လည်း ဥပမာ စခန်းသွား ကစားနေရင်း ချောက်ထဲချော်ကျပြီး သေစေနိုင်လေက်တဲ့ အနေအထားဖြစ်လာစေတယ်၊ တကယ်လို့ မြန်မြန်မသွားဘူးဆိုရင်လည်း ထောင်ချောက်တွေမှာမိပြီး လိုရာကိုရောက်နိုင်တော့မှာ မဟုတ်လို့ အခု ဂိမ်းသစ်က စိန်ခေါ်မှုတော်တော်ကို ကြီးလာပါတယ်။ ဂိမ်းအတွင်းမှာ ကစားသူက အဓိက အခန်းကြီး ၈ ခန်းကို ကျော်ဖြတ် အနိုင်ရအောင် ကစားရမှာပါ။

ဂိမ်းသစ်မှာ ကစားချိန် ပိုရအောင် အားဖြည့်နိုင်မှုတွေ၊ ပုံမှန်ထက် ပိုများတဲ့ ရန်သူတွေကို ရင်ဆိုင်ရမယ့် တာဝန် အသစ်တွေ၊ ပြီးတော့ တစ်ကမ႓ာလုံး အတိုင်းအတာမှာ ဘယ်သူတွေ ဘယ်အဆင့်ထိအောင် ရောက်ရှိကစားနိုင်နေပြီ ဆိုတဲ့ Online ကနေ ချိ်တ်ဆက်သိရှိနိုင်မှုတွေစတဲ့ ကဏ္ဍအသစ်တွေလည်း ထည့်ထားလို့ ကိုယ်တိုင်လည်း ကမ႓ာ့အဆင့်ဝင်အောင် ကစားနိုင်မယ်ဆိုရင် ရင်ဆိုင်ချင်စရာပါ။ ရန်သူကိုရွေးချယ်ရင်ဆိုင်နို်င်မှု အပိုင်းမှာလည်း Newcomer, Causal, Normal နဲ့ Superhero ဆိုပြီး အဆင့်တွေ ခွဲဲခြားပြီး တော့ မိမိနဲ့ အဆင်ပြေမယ့် ရန်သူ့အဆင့်ကို ရွေးချယ်ကစား နိုင်ဦးမှာ ဖြစ်ပါတယ်။ အကောင်းဆုံးကတော့ တဆင့်ချင်းစီ တက်ပေါ့။ အစပိုင်း Newcomer နဲ့ ကစားလို့ အဆင်ပြေတယ်၊ အနိုင်ရပြီဆိုမှ Causal စသဖြင့် ကစားတာ ပိုကောင်းပါလိမ့်မယ်။ ဂိမ်းကလည်း ကစားတဲ့အဆင့့်မြင့်လာမှ နောက်အဆင့်တွေကို Unlock လုပ်နိုင်လို့ အချိန်ပေးပြီး အသားကျအောင် ကစားပြီးမှ အနိုင်ရမယ့် ဂိမ်းသစ်ပဲ ဖြစ်ပါတယ်။