September 20, 2018

MecTel က ကံစမ္းမဲျပဳလုပ္

[ Zawgyi ]

MecTel က ကံစမ္းမဲအစီအစဥ္တစ္ရပ္ ျပဳလုပ္လိုက္ပါတယ္။ ႏွစ္သစ္ကူးသႀကၤန္အႀကိဳ ကံစမ္းမဲအစီအစဥ္အျဖစ္ မတ္လ ၁ ရက္ကေန ဧၿပီလ ၈ ရက္အထိ ျပဳလုပ္သြားမယ္လို႔သိရပါတယ္။

ေငြက်ပ္သံုးေထာင္နဲ႔အထက္ ေငြျဖည့္သူေတြ၊ ေရႊေမတၱာအစီအစဥ္သံုးစြဲသူေတြနဲ႔ ဆင္းမ္ကတ္အသစ္ သံုးစြဲသူေတြ ပါဝင္ႏိုင္မွာျဖစ္ပါတယ္။ မိမိဖုန္းအတြင္းမွာ 233 ကို APRIL ဆိုၿပီး စာတိုရိုက္ကာ ကံစမ္းမဲလက္မွတ္ အေရအတြက္ကို စစ္ေဆးႏိုင္မယ္လို႔ သိရပါတယ္။ MecTel ဖုန္းအခ်င္းခ်င္း ၁ မိနစ္အထက္ ေျပာျခင္းအတြက္ လက္မွတ္တစ္ေစာင္၊ သံုးေထာင္က်ပ္ ေငြျဖည့္ပါက ၃၅ ေစာင္၊ ငါးေထာင္က်ပ္အတြက္ ေစာင္ေရ ၇၀၊ တစ္ေသာင္းက်ပ္အတြက္ ေစာင္ေရ ၁၅၀၊ ဆင္းမ္ကတ္အသစ္ သံုးသူအတြက္ ေစာင္ေရ ၁၀၀ ရရွိမယ္လို႔ သိရပါတယ္။ အင္တာနက္ေဒတာ Package သံုးစြဲသူေတြအတြက္လည္း ပါဝင္ေၾကာင္း သိရပါတယ္။

အဲဒီအစီအစဥ္ကို ဧၿပီ ၉ ရက္မွာ ကံစမ္းမဲႏိႈက္ေပးသြားမွာျဖစ္ေၾကာင္း၊ ဆုေတြကေတာ့ Suzuki Carry ကား တစ္စီး၊ ေရႊဒဂၤါးျပား၊ Samsung Tab S2၊ Sony TV ၊ Meizu Pro 7 Plus စမတ္ဖုန္းေတြနဲ႔ သံုးေထာင္က်ပ္တန္ ေငြျဖည့္ကတ္ေတြျဖစ္ေၾကာင္း သိရပါတယ္။

-ေအာင္သက္ကို

=====

[ Unicode ]

MecTel က ကံစမ်းမဲပြုလုပ်

=====

MecTel က ကံစမ်းမဲအစီအစဉ်တစ်ရပ် ပြုလုပ်လိုက်ပါတယ်။ နှစ်သစ်ကူးသင်္ကြန်အကြို ကံစမ်းမဲအစီအစဉ်အဖြစ် မတ်လ ၁ ရက်ကနေ ဧပြီလ ၈ ရက်အထိ ပြုလုပ်သွားမယ်လို့သိရပါတယ်။

ငွေကျပ်သုံးထောင်နဲ့အထက် ငွေဖြည့်သူတွေ၊ ရွှေမေတ္တာအစီအစဉ်သုံးစွဲသူတွေနဲ့ ဆင်းမ်ကတ်အသစ် သုံးစွဲသူတွေ ပါဝင်နိုင်မှာဖြစ်ပါတယ်။ မိမိဖုန်းအတွင်းမှာ 233 ကို APRIL ဆိုပြီး စာတိုရိုက်ကာ ကံစမ်းမဲလက်မှတ် အရေအတွက်ကို စစ်ဆေးနိုင်မယ်လို့ သိရပါတယ်။ MecTel ဖုန်းအချင်းချင်း ၁ မိနစ်အထက် ပြောခြင်းအတွက် လက်မှတ်တစ်စောင်၊ သုံးထောင်ကျပ် ငွေဖြည့်ပါက ၃၅ စောင်၊ ငါးထောင်ကျပ်အတွက် စောင်ရေ ရ၀၊ တစ်သောင်းကျပ်အတွက် စောင်ရေ ၁၅၀၊ ဆင်းမ်ကတ်အသစ် သုံးသူအတွက် စောင်ရေ ၁၀၀ ရရှိမယ်လို့ သိရပါတယ်။ အင်တာနက်ဒေတာ Package သုံးစွဲသူတွေအတွက်လည်း ပါဝင်ကြောင်း သိရပါတယ်။

အဲဒီအစီအစဉ်ကို ဧပြီ ၉ ရက်မှာ ကံစမ်းမဲနှိုက်ပေးသွားမှာဖြစ်ကြောင်း၊ ဆုတွေကတော့ Suzuki Carry ကား တစ်စီး၊ ရွှေဒင်္ဂါးပြား၊ Samsung Tab S2၊ Sony TV ၊ Meizu Pro 7 Plus စမတ်ဖုန်းတွေနဲ့ သုံးထောင်ကျပ်တန် ငွေဖြည့်ကတ်တွေဖြစ်ကြောင်း သိရပါတယ်။

-အောင်သက်ကို