August 20, 2018

Master PDF Editor ကို Ubuntu OS တွင် ထည့်သွင်းခြင်း

[ Zawgyi ]







sudo apt-get -f install




sudo apt-get -f install


-သီဟ

[ Unicode ]

Master PDF Editor ဆိုတဲ့ ဆော့ဖ်ဝဲကတော့ PDF တွေကို Ubuntu OS ပေါ်မှာ ပြင်ဆင်တာတွေနဲ့ ဖန်တီးတာတွေကို လုပ်ဆောင်ပေးနိုင်မယ့် ဆော့ဖ်ဝဲတစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါ ဆော့ဖ်ဝဲမှာ ရေစာထည့်သွင်းနိုင်အောင်လည်း စီစဉ်ပေးထားပါတယ်။

Ubuntu OS မှာ Master PDF Editor ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update
တွေ Upgrade တွေ ပြုလုပ်ထား သင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင်Update ပြုလုပ်ရမှာ ဖြစ် ပါတယ်။

Update ပြုလုပ်ပြီးပြီဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။ Master PDF Editorကို Ubuntu မှာ ထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြပါ command တွေကို Terminal မှာ ရိုက်ထည့် ရပါမယ်။

Master PDF Editor 32Bit ကို ထည့်သွင်းရမယ့် command ကတော့ –

wget http://get.code-industry.net/public/master-pdf-editor-4.1.30_i386.deb

sudodpkg -i master-pdf-editor-*.deb

sudo apt-get -f install

ဆိုတဲ့ command နဲ့ ထည့်သွင်းရမှာဖြစ်ပြီး 64Bit ကို ထည့်သွင်းရမယ့် command ကတော့-

wget http://get.code-industry.net/public/master-pdf-editor-4.1.30_qt5.amd64.deb

sudodpkg -i master-pdf-editor-*.deb

sudo apt-get -f install

ဆိုတဲ့ command နဲ့ ထည့်သွင်းရပါမယ်။ အဆိုပါ command ကို အသုံးပြုပြီးပြီ ဆိုရင် သက်ဆိုင်ရာ package တွေကို download လုပ်ပြီး တစ်ခါတည်း ထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။