August 20, 2018
Manfrotto Element Big Aluminum Traveler Tripod
[ Zawgyi ]
-ကျော်ဇေယျ
[ Unicode ]
နာမည်ကျော် ကင်မရာဆက်စပ်ပစ္စည်းတွေ ထုတ်လုပ်တဲ့ Manfrotto ကနေထုတ်လုပ်တဲ့ ခရီးဆောင် Tripod ဖြစ်ပါတယ်။ ဓာတ်ပုံဆရာတွေနဲ့ ၀ါသနာရှင်တွေအတွက် မရှိမဖြစ်ပစ္စည်းဆိုလည်း မမှားပါဘူး။ DSLR Camera တွေ၊ Mirrorless ကင်မရာတွေနဲ့ သင့်တော်ပါတယ်။ အလူမီနီယမ်နဲ့ တည်ဆောက်ထားတဲ့အတွက် အလေးချိန် 1.6kg ပဲရှိလို့ ပေါ့ပါးကျစ်လျစ်ခိုင်ခံ့ပြီး ခရီးသွားဓာတ်ပုံ ပညာရှင်တွေအတွက် ပိုသင့်တော်ပါတယ်။
အနိမ့်အမြင့်ချိန်တွယ်မှုမှာ အမြင့်ဆုံး ၅၇.၁ လက်မအထိ မြှင့်တင်နိုင်ပြီး အနိမ့်ဆုံးအနေအထား ၁၅.၉ လက််မ အထိ နှိမ့်နိုင်ပါတယ်။ ကင်မရာအလေးချိန် 8kg အထိတင်နိုင်လို့ ကင်မရာမျိုးစုံနဲ့ သင့်တော်ပါတယ်။ ကင်မရာချိန်ညှိမှုအတွက် အထောက်အပံ့ပေးနိုင်တဲ့ Dual Lock Ball Head ၊ Leg Section ငါးခုနဲ့ ဖွဲ့စည်း ထားပါတယ်။ 3 Independent Leg ပါ၀င်တဲ့အတွက် မိမိစိတ်ကြိုက် ချိန်ညှိနိုင်ပါတယ်။ Angles Leg Converts to Monopod စနစ်လည်း ပါ၀င်ပါတယ်။ မြေနေရာ အနိမ့်အမြင့် မတူတဲ့နေရာတွေမှာတောင် လိုသလို ညှိနိုင်ပါတယ်။ အနီ၊ အနက်၊ မီးခိုး အရောင်သုံးရောင်ထဲက မိမိနှစ်သက်ရာအရောင် ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ တန်ဖိုးမှာ USD 149.99 နဲ့ ညီမျှတဲ့ မြန်မာကျပ်ငွေနဲ့ Image Camera & Accessories Store ဖုန်း – ၀၉ ၂၅၃၆၃၆၆၉၉ ကို ဆက်သွယ်ဝယ်ယူ နိုင်ပါတယ်။