M ပိုက္ဆံတြင္ QR Code ျဖင့္ ေငြေပးေခ်ႏိုင္ရန္ Ooredoo ေဆာင္ရြက္

[ Zawgyi ]

M ပိုက္ဆံအသံုးျပဳသူေတြ QR Code အသံုးျပဳကာ ေငြေပးေခ်မႈေတြ ျပဳလုပ္သြားႏိုင္ဖ႔ို Ooredoo အေနနဲ႔ ေဆာင္ရြက္လ်က္ရွိတယ္လို႔ သိရပါတယ္။

Quick Response(QR) Code နဲ႔ေငြေပးေခ်တာ၊ လွ်ပ္စစ္မီတာခ၊ ေရခြန္ေပးေဆာင္တာနဲ႔ အစိုးရနဲ႔ဆိုင္တဲ့ ေငြေပးေခ်စနစ္ေတြမွာ ေငြလႊဲေျပာင္းမႈေတြလုပ္ေဆာင္ႏိုင္မွာျဖစ္တယ္လို႔ သိရပါတယ္။ M ပိုက္ဆံမွာ မိုဘိုင္းဖုန္းကေနတစ္ဆင့္ က်သင့္ေငြေပးေဆာင္ျခင္း၊ သံုးစြဲသူအေနနဲ႔ M ပိုက္ဆံ ကိုယ္စားလွယ္ကေန တစ္ဆင့္ ေငြသားထုတ္ယူတာနဲ႔ ဘဏ္စာရင္းအတြင္း ေငြလႊဲေျပာင္းမႈေတြကို ျပဳလုပ္ႏိုင္မွာျဖစ္ပါတယ္။ ဘဏ္စာရင္းအတြင္း ေငြသားလႊဲေျပာင္းမႈကို CB ဘဏ္နဲ႔သာ ျပဳလုပ္ႏိုင္ေသးေၾကာင္းသိရပါတယ္။ လက္ရွိမွာ M ပိုက္ဆံအသံုးျပဳသူ ေလးသိန္းခန္႔ရွိၿပီး ကိုယ္စားလွယ္ေပါင္း တစ္ေသာင္းေက်ာ္အထိ တိုးခ်ဲ႕ရန္ ျပဳလုပ္လ်က္ရွိတယ္လို႔ သိရပါတယ္။ အသံုးျပဳလိုသူေတြအေနနဲ႔ *999# ကို ဖုန္းေခၚဆိုကာ ဝန္ေဆာင္မႈကို ရယူႏိုင္မွာျဖစ္ပါတယ္။

-ေအာင္သက္ကို

[ Unicode ]

M ပိုက်ဆံအသုံးပြုသူတွေ QR Code အသုံးပြုကာ ငွေပေးချေမှုတွေ ပြုလုပ်သွားနိုင်ဖိ့ု Ooredoo အနေနဲ့ ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

Quick Response(QR) Code နဲ့ငွေပေးချေတာ၊ လျှပ်စစ်မီတာခ၊ ရေခွန်ပေးဆောင်တာနဲ့ အစိုးရနဲ့ဆိုင်တဲ့ ငွေပေးချေစနစ်တွေမှာ ငွေလွှဲပြောင်းမှုတွေလုပ်ဆောင်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ M ပိုက်ဆံမှာ မိုဘိုင်းဖုန်းကနေတစ်ဆင့် ကျသင့်ငွေပေးဆောင်ခြင်း၊ သုံးစွဲသူအနေနဲ့ M ပိုက်ဆံ ကိုယ်စားလှယ်ကနေ တစ်ဆင့် ငွေသားထုတ်ယူတာနဲ့ ဘဏ်စာရင်းအတွင်း ငွေလွှဲပြောင်းမှုတွေကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ဘဏ်စာရင်းအတွင်း ငွေသားလွှဲပြောင်းမှုကို CB ဘဏ်နဲ့သာ ပြုလုပ်နိုင်သေးကြောင်းသိရပါတယ်။ လက်ရှိမှာ M ပိုက်ဆံအသုံးပြုသူ လေးသိန်းခန့်ရှိပြီး ကိုယ်စားလှယ်ပေါင်း တစ်သောင်းကျော်အထိ တိုးချဲ့ရန် ပြုလုပ်လျက်ရှိတယ်လို့ သိရပါတယ်။ အသုံးပြုလိုသူတွေအနေနဲ့ *999# ကို ဖုန်းခေါ်ဆိုကာ ဝန်ဆောင်မှုကို ရယူနိုင်မှာဖြစ်ပါတယ်။