Lumix DMCF-T30

သင်္ကြန်တွင်းမှာ ရေလုံအိတ်၊ ရေစိုခံအိတ် အသုံးပြုစရာမလိုဘဲ အသုံးပြုနိုင်မယ့် Lumix DMCF-T30 ကင်မရာ ဖြစ်ပါတယ်။ Lumix DMCF-T30 မှာ ရေစို၊ ရေစိမ်ခံနိုင်တဲ့ စွမ်းဆောင်ရည်ကို ပိုမို တိုးမြှင့်ပေးထားပြီး ၈ မီတာ အနက်အထိ ရေလုံတာကြောင့် ရေအောက်ရိုက်ကူးမှုတွေနဲ့ သင်္ကြန်မှာလည်း ရေတွေကြားမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ 1/2.33″ CCDSensor အရွယ်အစား Sensor ကို အသုံးပြုထားပြီး 16.1 megapixels အရည်အသွေးနဲ့ ရရှိနိုင်မှာဖြစ်ပါတယ်။ Lens အနေနဲ့ ၃၅ မမ မြင်ကွင်းနဲ့ဆိုရင် 29-108mm ရရှိမှာဖြစ်ပါတယ်။ Mode, Scene Mode, Creative Mode စုံလင်အောင်ထည့်ပေးထားပါတယ်။ အရွယ်အစားက 103.7 x 58.3 x 19.7 mm ဖြစ်ပြီး 144g သာရှိလို့ ပေါ့ပေါ့ပါးနဲ့ သယ်ဆောင်သွားနိုင်မှာဖြစ်ပါတယ်။ တန်ဖိုးမှာ နှစ်သိန်းနှစ်သောင်းငါးထောင်ကျပ် ဖြစ်ပါတယ်။ Lumix Myanmar ဖုန်း ၀၁-၈၆၀၄၆၅၇ ကို ဆက်သွယ် ၀ယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ