LTPS LCD Display နည္းပညာ

[ Zawgyi ]

LTPS LCD Display ဆိုတာကေတာ့ ခုေနာက္ပိုင္းမွာ ေပၚျပဴလာျဖစ္လာတဲ့ Display နည္းပညာတစ္ခုပါ။ LTPS ရဲ႕အရွည္ကေတာ့ Low Tempera-ture Poly-Silicon ျဖစ္ပါတယ္။ ဒီနည္းပညာကို a-Si TFT LCD လို႔လည္း ေခၚေ၀ၚသုံးႏႈန္းပါတယ္။ စြမ္းေဆာင္ရည္ျမင့္ Display နည္းပညာတစ္ခုျဖစ္တဲ့ LTPS LCD နည္းပညာကို အခုေနာက္ပိုင္း စမတ္ဖုန္းေတြမွာ တြင္က်ယ္စြာ ထည့္သြင္း အသုံးျပဳလာၿပီပဲျဖစ္ပါတယ္။

ဒီ LTPS LCD Display ေတြက pixels ေတြကို ပိုမိုနီးကပ္စြာနဲ႔ ပုံေဖာ္ေပးႏိုင္တဲ့အျပင္ pixels ရဲ႕ သိပ္သည္းဆကို 200 dpi နဲ႔အထက္ကို လက္ခံေဆာင္ရြက္ႏုိင္စြမ္းရွိပါတယ္။ အဲဒီလို လုပ္ေဆာင္ႏုိင္တဲ့ အတြက္ ပုံရိပ္ေတြကို အလြန္လ်င္ျမန္စြာ ပုံေဖာ္ေပးႏုိင္မွာျဖစ္တဲ့အျပင္ ႀကီးမားက်ယ္ျပန္တဲ့ ျမင္ကြင္းေတြေပၚမွာ TFT လို႔ေခၚတဲ့ Thin film Transistors ကိုလည္း ထည့္သြင္းအသုံးျပဳႏုိင္ေအာင္ ေထာက္ပံ့ေပးႏုိင္ပါေသးတယ္။

ဒါ့အျပင္ AMOLED နည္းပညာအတြက္ မ်ားစြာ ေထာက္ပံ့လုပ္ေဆာင္ေပးႏုိင္ပါေသးတယ္။ AMOLED Display ေတြမွာ လိုအပ္တဲ့ ျမင့္မားတဲ့ စြမ္းအင္လိုအပ္ခ်က္ကို အျပည့္အဝ ရရွိအသုံးျပဳႏုိင္ဖို႔အတြက္ အဓိကေထာက္ပံ့ေပးတာျဖစ္ပါတယ္။ LTPS နည္းပညာရဲ႕ လွ်ပ္စစ္ကူးေျပာင္းႏႈန္းက ပုံမွန္စီလီကြန္တစ္ခုကေန ကူးေျပာင္းေပးႏုိင္တဲ့ လွ်ပ္စစ္ကူးႏႈန္းထက္ အဆေပါင္း ၁၀၀ ေက်ာ္ ပိုမို ေပါ့ပါးျမန္ဆန္မႈရွိလို႔လည္းျဖစ္ပါတယ္။

ဒီနည္းပညာကုိ Display နည္းပညာ ေတာ္ေတာ္မ်ားမ်ားနဲ႔လည္း တြဲဖက္အသုံးျပဳႏုိင္ပါေသးတယ္။ မိုဘုိင္း Display ေတာ္ေတာ္မ်ားမ်ားအတြက္ လုံေလာက္တဲ့ စြမ္းအင္ပိုင္းဆုိင္ရာကို အေကာင္းဆုံး ေထာက္ပံ့ေပးႏုိင္တဲ့အျပင္ စြမ္းအင္သုံးစြဲမႈကိုလည္း ေလွ်ာ့ခ်ေပးႏုိင္ပါတယ္။

စမတ္ဖုန္းေတြရဲ႕ ႐ုပ္ထြက္ အရည္အေသြး 1080p ရဲ႕ အထက္ကို ရရွိဖို႔အတြက္ဆိုရင္ေတာ့ Display ေတြမွာ ဒီ LTPS LCD နည္းပညာကို အဓိကနည္းပညာ တစ္ခုအေနနဲ႔ ထည့္သြင္း အသုံးျပဳရမွာျဖစ္ပါတယ္။ LTPS ကို LCD Display နဲ႔ AMOLED panels ေတြမွာ ေနာက္ခံ backplane နည္းပညာ တစ္ခုအေနနဲ႔ တြဲဖက္ အသုံးျပဳၾကပါေသးတယ္။ ဘာလို႔လဲဆိုေတာ့ 1080p အတြက္ LCD အေျခခံထုတ္လုပ္ထားတဲ့ Display ေတြက a-Si TFT LCD အေျခခံထုတ္လုပ္တဲ့ Display ေတြထက္ ၁၄ ရာခုိင္ႏႈန္း ထုတ္လုပ္မႈစရိတ္ ပိုမို မ်ားျပားတာေၾကာင့္ ျဖစ္ပါတယ္။

-ရဲထြဋ္ဝင္း

[ Unicode ]

LTPS LCD Display ဆိုတာကတော့ ခုနောက်ပိုင်းမှာ ပေါ်ပြူလာဖြစ်လာတဲ့ Display နည်းပညာတစ်ခုပါ။ LTPS ရဲ့အရှည်ကတော့ Low Tempera-ture Poly-Silicon ဖြစ်ပါတယ်။ ဒီနည်းပညာကို a-Si TFT LCD လို့လည်း ခေါ်ဝေါ်သုံးနှုန်းပါတယ်။ စွမ်းဆောင်ရည်မြင့် Display နည်းပညာတစ်ခုဖြစ်တဲ့ LTPS LCD နည်းပညာကို အခုနောက်ပိုင်း စမတ်ဖုန်းတွေမှာ တွင်ကျယ်စွာ ထည့်သွင်း အသုံးပြုလာပြီပဲဖြစ်ပါတယ်။

ဒီ LTPS LCD Display တွေက pixels တွေကို ပိုမိုနီးကပ်စွာနဲ့ ပုံဖော်ပေးနိုင်တဲ့အပြင် pixels ရဲ့ သိပ်သည်းဆကို 200 dpi နဲ့အထက်ကို လက်ခံဆောင်ရွက်နိုင်စွမ်းရှိပါတယ်။ အဲဒီလို လုပ်ဆောင်နိုင်တဲ့ အတွက် ပုံရိပ်တွေကို အလွန်လျင်မြန်စွာ ပုံဖော်ပေးနိုင်မှာဖြစ်တဲ့အပြင် ကြီးမားကျယ်ပြန်တဲ့ မြင်ကွင်းတွေပေါ်မှာ TFT လို့ခေါ်တဲ့ Thin film Transistors ကိုလည်း ထည့်သွင်းအသုံးပြုနိုင်အောင် ထောက်ပံ့ပေးနိုင်ပါသေးတယ်။

ဒါ့အပြင် AMOLED နည်းပညာအတွက် များစွာ ထောက်ပံ့လုပ်ဆောင်ပေးနိုင်ပါသေးတယ်။ AMOLED Display တွေမှာ လိုအပ်တဲ့ မြင့်မားတဲ့ စွမ်းအင်လိုအပ်ချက်ကို အပြည့်အဝ ရရှိအသုံးပြုနိုင်ဖို့အတွက် အဓိကထောက်ပံ့ပေးတာဖြစ်ပါတယ်။ LTPS နည်းပညာရဲ့ လျှပ်စစ်ကူးပြောင်းနှုန်းက ပုံမှန်စီလီကွန်တစ်ခုကနေ ကူးပြောင်းပေးနိုင်တဲ့ လျှပ်စစ်ကူးနှုန်းထက် အဆပေါင်း ၁၀၀ ကျော် ပိုမို ပေါ့ပါးမြန်ဆန်မှုရှိလို့လည်းဖြစ်ပါတယ်။

ဒီနည်းပညာကို Display နည်းပညာ တော်တော်များများနဲ့လည်း တွဲဖက်အသုံးပြုနိုင်ပါသေးတယ်။ မိုဘိုင်း Display တော်တော်များများအတွက် လုံလောက်တဲ့ စွမ်းအင်ပိုင်းဆိုင်ရာကို အကောင်းဆုံး ထောက်ပံ့ပေးနိုင်တဲ့အပြင် စွမ်းအင်သုံးစွဲမှုကိုလည်း လျှော့ချပေးနိုင်ပါတယ်။

စမတ်ဖုန်းတွေရဲ့ ရုပ်ထွက် အရည်အသွေး 1080p ရဲ့ အထက်ကို ရရှိဖို့အတွက်ဆိုရင်တော့ Display တွေမှာ ဒီ LTPS LCD နည်းပညာကို အဓိကနည်းပညာ တစ်ခုအနေနဲ့ ထည့်သွင်း အသုံးပြုရမှာဖြစ်ပါတယ်။ LTPS ကို LCD Display နဲ့ AMOLED panels တွေမှာ နောက်ခံ backplane နည်းပညာ တစ်ခုအနေနဲ့ တွဲဖက် အသုံးပြုကြပါသေးတယ်။ ဘာလို့လဲဆိုတော့ 1080p အတွက် LCD အခြေခံထုတ်လုပ်ထားတဲ့ Display တွေက a-Si TFT LCD အခြေခံထုတ်လုပ်တဲ့ Display တွေထက် ၁၄ ရာခိုင်နှုန်း ထုတ်လုပ်မှုစရိတ် ပိုမို များပြားတာကြောင့် ဖြစ်ပါတယ်။