Lenovo Yoga Tab 3 Pro

[ Zawgyi ]


အားသာချက်


အားနည်းချက်


အသေးစိတ်ဖော်ပြချက်


Ref: www.laptopmag.com

[ Unicode ]

တန်ဖိုး – ကန်ဒေါ်လာ ၄၉၉.၉၉

အားသာချက်

အသံစနစ်ကောင်းမွန်ပြီး projector ပါဝင်တာက ဒီ tablet ရဲ့ အားသာချက်တစ်ခုပါ။ ဒါ့အပြင် ဘက်ထရီသုံးစွဲနိုင်မှု သက်တမ်းကလည်း ကောင်းမွန်တာကို တွေ့ရမှာပါ။

အားနည်းချက်

ဈေးနှုန်းမြင့်မားတဲ့အတွက် ငွေကြေးချွေတာချင်သူတွေ အတွက်ကတော့ ရွေးချယ်သင့်တဲ့ tablet အမျိုးအစားမဟုတ်ပါဘူး။ ဒါ့အပြင် အရွယ်အစားကလည်း ကြီးမားပါတယ်။

အသေးစိတ်ဖော်ပြချက်

chip မှာ Intel Atom x5 Z8500 အမျိုးအစားဖြစ်ပြီး Quad-core processor ကို အသုံးပြုထားပါတယ်။ Processor မြန်နှုန်းကတော့ 2.4GHz ဖြစ်ပါတယ်။ RAM က 4GB နဲ့ဖြစ်ပြီး အချက်အလက်တွေ သိမ်းဆည်းဖို့အတွက် Internal Storage Memory အနေနဲ့ 64GB ပါဝင်မှာဖြစ်ပါတယ်။ အချက်အလက်များများ ထည့်သွင်းချင်သူတွေအတွက် 256GB ပမာဏရှိတဲ့ microSD ထည့်သွင်းနိုင်ဖို့အတွက် အထောက်အပံ့ ပေးထားပါတယ်။ Display အရွယ်အစားကတော့ ၁၀.၁ လက်မခန့် ရှိမှာဖြစ်ပါတယ်။ ဒီ tablet မှာ အသုံးပြုထားတဲ့ Operating System ကတော့ Android version 6.0 ဖြစ်ပါတယ်။ ကင်မရာပိုင်းမှာတော့ နောက်ကင်မရာက 13 Megapixels ဖြစ်ပြီး front camera က 5 Megapixels ဖြစ်ပါတယ်။ Li-Po 10,200 mAh ဘက်ထရီကို အသုံးပြုထားပါတယ်။ ဒီ tablet မှာ 50 Lumen ရှိတဲ့ projector ကို အောက်ခြေဘက်နားမှာ တပ်ဆင် ပေးထားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

Ref: www.laptopmag.com