Lenovo Yoga C630

[ Zawgyi ]

တန္ဖိုး – ကန္ေဒၚလာ ၈၅၉.၉၉

အားသာခ်က္

အလြန္ပါးလႊာတဲ့ အလူမီနီယံ ကိုယ္ထည္က အလြယ္တကူပဲ ပုံစံမ်ဳိးစုံေျပာင္းလဲ အသုံးျပဳႏုိင္ေအာင္ ဖန္တီးထားတာျဖစ္တဲ့အျပင္ ဘက္ထရီနဲ႔ အခ်ိန္ၾကာၾကာ အသုံးျပဳႏုိင္တာက သေဘာက်စရာပါ။ ဒါ့အျပင္ LTE ကြန္ရက္ကို Laptop ကေန ခ်ိတ္ဆက္ အသုံးျပဳႏုိင္တာေတြကလည္း ဒီ Laptop ရဲ႕ အားသာခ်က္ပဲ ျဖစ္ပါတယ္။

အားနည္းခ်က္

သူ႔ရဲ႕ေပးရတဲ့ တန္ဖိုးနဲ႔ ႏိႈင္းယွဥ္ရမယ္ဆိုရင္ေတာ့ စြမ္းေဆာင္ရည္ပိုင္းက ဒီထက္ပိုေကာင္းသင့္တယ္လို႔ ျမင္ပါတယ္။ ကီးဘုတ္က႐ုိက္ရတာ အနည္းငယ္မာတယ္လို႔ ခံစားရပါတယ္။ ေနာက္တစ္ခုက အသံထြက္ပိုင္းကလည္း ဒီထက္ပိုေကာင္းသင့္တယ္လို႔ျမင့္ပါတယ္။

သုံးသပ္ခ်က္

Yoga C360 က ဆြဲေဆာင္မႈအျပည့္ရွိတဲ့ ဒီဇုိင္း၊ ဘက္ထရီနဲ႔ အခ်ိန္ၾကာၾကာ အသုံးျပဳႏုိင္တဲ့အျပင္ 4G LTE ခ်ိတ္ဆက္အသုံးျပဳႏုိင္မယ့္ Qualcomm CPU ကို အသုံးျပဳထားတာက Wi-Fi စနစ္ ဖြင့္စရာမလိုဘဲ အင္တာနက္တိုက္ ႐ိုက္ခ်ိတ္ဆက္ အသုံးျပဳႏုိင္မွာျဖစ္ပါတယ္။ Wi-Fi ကေန LTE ကိုလည္း Windows Action Centre ကေန အလြယ္တကူ Cellular ဆိုတဲ့ ခလုတ္ကိုႏွိပ္ၿပီး ေျပာင္းလဲအသုံးျပဳႏုိင္တာက ဒီ Laptop ကို တျခား Laptop ေတြထက္ ဝယ္ဖို႔သင့္တဲ့ အခ်က္ေတြထဲကတစ္ခုပါ။ ဒါေပမဲ့ Qualcomm ရဲ႕ ေနာက္ဆုံးေပၚ Snap-dragon processor က စြမ္းေဆာင္ရည္ပိုင္းမွာေတာ့ Intel processor အသုံးျပဳထားတဲ့ ပရီမီယံLaptop ေတြနဲ႔ ယွဥ္မယ္ဆုိရင္ေတာ့ အနည္းငယ္ေႏွးတယ္လို႔ ဆိုရမွာပါ။ ဒါေပမဲ့ မိမိအေနနဲ႔ Laptop ကို စြမ္းေဆာင္ရည္ပုိင္း အမ်ားႀကီးသုံးဖို႔မလိုဘူး၊ ေနာက္တစ္ခုက ခရီးသြားဟန္လြဲ အသုံးျပဳဖို႔အတြက္ဆိုရင္ေတာ့ ေပါ့ပါးၿပီး ဆြဲေဆာင္မႈအျပည့္ရွိသလို ဘက္ထရီနဲ႔ အခ်ိန္ၾကာၾကာ အသုံးျပဳႏုိင္တဲ့အျပင္ WiFi မရွိတဲ့ေနရာမ်ဳိးမွာ LTE စနစ္နဲ႔ အလြယ္တကူ ခ်ိတ္ဆက္အသုံးျပဳႏုိင္တဲ့ ပရီမီယံဒီဇုိင္း 2-in-1 အမ်ဳိးအစား Yoga C630 Ultrabook က ေရြးခ်ယ္ဖုိ႔သင့္တဲ့ Laptop တစ္လုံးလို႔ ဆိုခ်င္ပါ တယ္။

အေသးစိတ္ေဖာ္ျပခ်က္

၁၃.၃ လက္မရွိတဲ့ Display က ႐ုပ္ထြက္အရည္အေသြးကို 1920×1080 pixel အထိ ေထာက္ပံ့ေပးတဲ့ Touchscreen အမ်ဳိးအစားျဖစ္ပါတယ္။ Qual-comm Snapdragon 850 Processor ကို အသုံးျပဳထားၿပီး Graphic ပိုင္းအတြက္ Adreno 630 GPU ေထာက္ပံ့ပါဝင္ပါတယ္။ RAM 8GB နဲ႔ျဖစ္ၿပီး အခ်က္အလက္ သိုေလွာင္သိမ္းဆည္းႏုိင္ဖို႔အတြက္ 128 GB UFS 2.1ကို အသုံးျပဳထားပါတယ္။

Webcam က 720p အမ်ဳိးအစားျဖစ္ၿပီး ၄.ဝ x ၂.၇ လက္မ အရြယ္အစား Touchpad ရဲ႕ sensitivity ကလည္း တုံ႔ျပန္မႈေကာင္းမြန္ပါတယ္။ Wi-Fi 802.11ac ၊ Bluetotoh 4.2 စနစ္ေတြ ေထာက္ပံ့ပါဝင္တဲ့အျပင္ USB Type C ေပါက္၊ USB ေပါက္နဲ႔ SIM ကတ္ေပါက္ေတြ ပါ၀င္ပါတယ္။ ျမင္ကြင္းေတာက္ပမႈ 150 nits နဲ႔ WiFi ခ်ိတ္ဆက္ၿပီး အြန္လုိင္းအဆက္မျပတ္ အသုံးျပဳမႈကို ဘက္ထရီနဲ႔ ၁၂ နာရီနဲ႔ ၁၄ မိနစ္ဝန္းက်င္ခန္႔ အသုံးျပဳႏုိင္မွာ ျဖစ္ပါတယ္။ အေလးခ်ိန္ကေတာ့ ၁.၁၇ ကီလိုဂရမ္ (၂.၆ ေပါင္) ရွိမွာျဖစ္ပါတယ္။

Ref: www.laptopmag.com

[ Unicode ]

တန်ဖိုး – ကန်ဒေါ်လာ ၈၅၉.၉၉

အားသာချက်

အလွန်ပါးလွှာတဲ့ အလူမီနီယံ ကိုယ်ထည်က အလွယ်တကူပဲ ပုံစံမျိုးစုံပြောင်းလဲ အသုံးပြုနိုင်အောင် ဖန်တီးထားတာဖြစ်တဲ့အပြင် ဘက်ထရီနဲ့ အချိန်ကြာကြာ အသုံးပြုနိုင်တာက သဘောကျစရာပါ။ ဒါ့အပြင် LTE ကွန်ရက်ကို Laptop ကနေ ချိတ်ဆက် အသုံးပြုနိုင်တာတွေကလည်း ဒီ Laptop ရဲ့ အားသာချက်ပဲ ဖြစ်ပါတယ်။

အားနည်းချက်

သူ့ရဲ့ပေးရတဲ့ တန်ဖိုးနဲ့ နှိုင်းယှဉ်ရမယ်ဆိုရင်တော့ စွမ်းဆောင်ရည်ပိုင်းက ဒီထက်ပိုကောင်းသင့်တယ်လို့ မြင်ပါတယ်။ ကီးဘုတ်ကရိုက်ရတာ အနည်းငယ်မာတယ်လို့ ခံစားရပါတယ်။ နောက်တစ်ခုက အသံထွက်ပိုင်းကလည်း ဒီထက်ပိုကောင်းသင့်တယ်လို့မြင့်ပါတယ်။

သုံးသပ်ချက်

Yoga C360 က ဆွဲဆောင်မှုအပြည့်ရှိတဲ့ ဒီဇိုင်း၊ ဘက်ထရီနဲ့ အချိန်ကြာကြာ အသုံးပြုနိုင်တဲ့အပြင် 4G LTE ချိတ်ဆက်အသုံးပြုနိုင်မယ့် Qualcomm CPU ကို အသုံးပြုထားတာက Wi-Fi စနစ် ဖွင့်စရာမလိုဘဲ အင်တာနက်တိုက် ရိုက်ချိတ်ဆက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Wi-Fi ကနေ LTE ကိုလည်း Windows Action Centre ကနေ အလွယ်တကူ Cellular ဆိုတဲ့ ခလုတ်ကိုနှိပ်ပြီး ပြောင်းလဲအသုံးပြုနိုင်တာက ဒီ Laptop ကို တခြား Laptop တွေထက် ဝယ်ဖို့သင့်တဲ့ အချက်တွေထဲကတစ်ခုပါ။ ဒါပေမဲ့ Qualcomm ရဲ့ နောက်ဆုံးပေါ် Snap-dragon processor က စွမ်းဆောင်ရည်ပိုင်းမှာတော့ Intel processor အသုံးပြုထားတဲ့ ပရီမီယံLaptop တွေနဲ့ ယှဉ်မယ်ဆိုရင်တော့ အနည်းငယ်နှေးတယ်လို့ ဆိုရမှာပါ။ ဒါပေမဲ့ မိမိအနေနဲ့ Laptop ကို စွမ်းဆောင်ရည်ပိုင်း အများကြီးသုံးဖို့မလိုဘူး၊ နောက်တစ်ခုက ခရီးသွားဟန်လွဲ အသုံးပြုဖို့အတွက်ဆိုရင်တော့ ပေါ့ပါးပြီး ဆွဲဆောင်မှုအပြည့်ရှိသလို ဘက်ထရီနဲ့ အချိန်ကြာကြာ အသုံးပြုနိုင်တဲ့အပြင် WiFi မရှိတဲ့နေရာမျိုးမှာ LTE စနစ်နဲ့ အလွယ်တကူ ချိတ်ဆက်အသုံးပြုနိုင်တဲ့ ပရီမီယံဒီဇိုင်း 2-in-1 အမျိုးအစား Yoga C630 Ultrabook က ရွေးချယ်ဖို့သင့်တဲ့ Laptop တစ်လုံးလို့ ဆိုချင်ပါ တယ်။

အသေးစိတ်ဖော်ပြချက်

၁၃.၃ လက်မရှိတဲ့ Display က ရုပ်ထွက်အရည်အသွေးကို 1920×1080 pixel အထိ ထောက်ပံ့ပေးတဲ့ Touchscreen အမျိုးအစားဖြစ်ပါတယ်။ Qual-comm Snapdragon 850 Processor ကို အသုံးပြုထားပြီး Graphic ပိုင်းအတွက် Adreno 630 GPU ထောက်ပံ့ပါဝင်ပါတယ်။ RAM 8GB နဲ့ဖြစ်ပြီး အချက်အလက် သိုလှောင်သိမ်းဆည်းနိုင်ဖို့အတွက် 128 GB UFS 2.1ကို အသုံးပြုထားပါတယ်။

Webcam က 720p အမျိုးအစားဖြစ်ပြီး ၄.ဝ x ၂.၇ လက်မ အရွယ်အစား Touchpad ရဲ့ sensitivity ကလည်း တုံ့ပြန်မှုကောင်းမွန်ပါတယ်။ Wi-Fi 802.11ac ၊ Bluetotoh 4.2 စနစ်တွေ ထောက်ပံ့ပါဝင်တဲ့အပြင် USB Type C ပေါက်၊ USB ပေါက်နဲ့ SIM ကတ်ပေါက်တွေ ပါ၀င်ပါတယ်။ မြင်ကွင်းတောက်ပမှု 150 nits နဲ့ WiFi ချိတ်ဆက်ပြီး အွန်လိုင်းအဆက်မပြတ် အသုံးပြုမှုကို ဘက်ထရီနဲ့ ၁၂ နာရီနဲ့ ၁၄ မိနစ်ဝန်းကျင်ခန့် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အလေးချိန်ကတော့ ၁.၁၇ ကီလိုဂရမ် (၂.၆ ပေါင်) ရှိမှာဖြစ်ပါတယ်။

Ref: www.laptopmag.com