Lenovo ThinkPad X1

တန်ဖိုး – ကန်ဒေါ်လာ ၁၀၈၆.၇၅

အားသာချက်

ကြည်လင်ပြတ်သားတဲ့ display screen က ဒီ tablet ရဲ့အားသာချက်တစ်ခုဖြစ်ပြီး keyboard တပ်ဆင်သုံးစွဲတဲ့အခါမှာ laptop တစ်လုံး
လိုလည်း သုံးစွဲနိုင်ပါတယ်။

အားနည်းချက်

စွမ်းဆောင်ရည်ပိုင်းနဲ့ ပေးရတဲ့တန်ဖိုးကတော့ နည်းနည်းများနေပါတယ်။ ဒါ့အပြင် keyboard တပ်ဆင်သုံးစွဲတဲ့အခါမှာ သက်သောင့်သက်သာ သိပ်မရှိပါဘူး။ Web cam ရဲ့အရည်အသွေးကလည်း သိပ်ကောင်းတာကို တွေ့မြင်ရမှာမဟုတ်ပါဘူး။

သုံးသပ်ချက်

ဒီ tablet မှာ သုံးစွဲထားတာက Windows operating system ဖြစ်တဲ့အတွက် လုပ်ငန်းသုံးအနေနဲ့ အသုံးပြုချင်တယ်ဆိုရင်တော့ သင့်တော်မှာပါ။ ဒါ့အပြင် အလုပ်ကိစ္စနဲ့ ခရီးမကြာခဏ သွားလာတတ်တဲ့ သူတွေအတွက်လည်း အသုံးတည့်မယ့် tablet အမျိုးအစား တစ်ခုလည်းဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်

Intel Core i5 processore ကို အသုံးပြုထားပြီး Processor ရဲ့မြန်နှုန်းကတော့ 3.2 GHz ခန့်ရှိမှာဖြစ်ပါတယ်။ RAM 8GB ပါဝင်ပြီး အချက်အလက်တွေ သိမ်းဆည်းဖို့အတွက် 128GB ပမာဏရှိတဲ့ Storage ပါဝင်မှာဖြစ်ပါတယ်။ Tablet မှာအသုံးပြုထားတဲ့ System ကတော့ Windows 10 Pro ကိုအသုံးပြုထားတာပါ။ Screen အရွယ်အစား ၁၂ လက်မရှိပြီး Resolution ကတော့ 2160 x 1440 resolution ရှိမှာဖြစ်ပါတယ်။ ကင်မရာပိုင်းမှာ အရှေ့ဘက်ကင်မရာက 2 Megapixels ဖြစ်ပြီး အနောက်ဘက်ကင်မရာက 8 Megapixels ပါ။ USB Type C နဲ့ USB 3.0 တွေလည်း ပါဝင်မှာဖြစ်ပါတယ်။

ဒီဇိုင်း

Tablet ရဲ့ ဘယ်ဘက်အခြမ်းမှာ volume button တွေ တပ်ဆင်ထားတာကို တွေ့မြင်ရမှာဖြစ်ပြီး အနောက်ဘက်မှာ stand ထည့်သွင်းပေးထားတဲ့အတွက် ထောင်ပြီးအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Stand ကို tablet နဲ့တစ်ပြေးညီ သုံးစွဲနိုင်စေဖို့အတွက် ကလစ်နဲ့ အဖွင့်အပိတ်လုပ်ပြီး သိမ်းဆည်းထားနိုင်မှာ ဖြစ်ပါတယ်။

Ref: CNET