Lenovo ThinkPad P52

တန်ဖိုး – ကန်ဒေါ်လာ ၃၆၃၉

အားသာချက်

4K Display က သဘောကျစရာကောင်းလှသလို စွမ်းဆောင်ရည်ပိုင်း မြန်ဆန်ကောင်းမှုနဲ့ ကမ္ဘာ့အဆင့် ကီးဘုတ်တွေက တော်တော်လေးမိုက်ပါတယ်။ ပရီမီယံ ကိုယ်ထည်ဒီဇိုင်းက အကြမ်းခံနိုင်မှုရှိတာတွေက ဒီ Laptop ရဲ့ အားသာချက်ပဲဖြစ်ပါတယ်။

အားနည်းချက်

4K Display အသုံးပြုထားတဲ့အတွက် ဘက်ထရီနဲ့တော့ အချိန်ကြာကြာ အသုံးပြုမှုနိုင်မှာမဟုတ်သလို ကြီးမားလေးလံပြီး ဈေးကြီးတာတွေက ဒီ Laptop ရဲ့ အားနည်းချက်ပါ။

သုံးသပ်ချက်

Lenovo ThinkPad P52 က စီးပွားရေးလုပ်ငန်းသုံးအတွက် ရည်ရွယ်ဖန်တီးထားတဲ့ စွမ်းဆောင်ရည်ပိုင်း မြန်ဆန်ကောင်းမွန်တဲ့ ၁၅.၆ လက်မ အရွယ်အစား Laptop တစ်လုံးပါ။ 3D ဆိုင်ရာ လုပ်ငန်းဆောင်တာတွေ အတွက် အကောင်းဆုံးလုပ်ဆောင်နိုင်မှာ ဖြစ်သလို 4K display ကလည်း မြင့်မားလှတဲ့ ရုပ်ထွက် အရည်အသွေးနဲ့ အသုံးပြုနိုင်မှာဖြစ်ပါ တယ်။ သူ့ရဲ့ မြင့်မားတဲ့ စွမ်းဆောင်ရည်နဲ့ 4K display တွေအရ Laptop ကို ဘက်ထရီနဲ့တော့ ကြာကြာအသုံးပြုနိုင်မှာ မဟုတ်သလို သွားလေရာယူဆောင် အသုံးပြုမယ်ဆိုရင်တော့ အားသွင်းကြိုးပါ တစ်ပါတည်း ယူဆောင်သွားမှ အဆင်ပြေမှာပါ။ ဒါပေမဲ့ ကြီးမားတဲ့အရွယ်အစားနဲ့ အလေးချိန်က သွားလေရာ သယ်ဆောင်အသုံးပြုဖို့အတွက် စဉ်းစားစရာဖြစ်ပေမယ့် အကြမ်းခံတဲ့ Laptop ကိုယ်ထည်က ခရီးဆောင်အနေနဲ့ သွားလေရာအသုံးပြုနိုင်အောင် ဖန်တီးပေးထားပြန်ပါတယ်။ ဈေးကြီးတယ်လို့ ထင်ရပေမယ့် မိမိအနေနဲ့ အကြမ်းခံပြီး စွမ်းဆောင်ရည်မြင့်မားကောင်းမွန်တဲ့ High-performing Laptop ကို မှ အသုံးပြုချင်တယ်ဆိုရင့် ThinkPad P52 က ရွေးချယ်သင့်လှတဲ့ မော်ဒယ်တစ်ခုလို့ဆိုချင်ပါတယ်။

အသေးစိတ်ဖော်ပြချက်

၁၅.၆ လက်မရှိတဲ့ 4K Display က touch-screen အမျိုးအစားဖြစ်ပြီး ရုပ်ထွက်အရည်အသွေးကို 3840×2160 pixel အထိ ထောက်ပံ့ပေးနိုင်ပါတယ်။ Intel Core i7-8850H vPro Processor ကို အသုံးပြုထားပြီး ဂရပ်ဖစ်အနေနဲ့ Nvidia Quadro P3200 (6GB) GPU ထောက်ပံ့ပါဝင်ပါတယ်။ RAM 16 GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 1TB HDD နဲ့ 512GB SSD ကို အသုံးပြုထားပါတယ်။ Webcam က 720p အမျိုးအစား ကင်မရာဖြစ်ပါတယ်။ ၃.၉x၂.၃ လက်မ အရွယ်အစား Touchpad ရဲ့ sensitivity ကလည်း တုံ့ပြန်မှု ကောင်းမွန်ပါတယ်။ WiFi 802.11 b/g/n/ac, Bluetotoh 5.0 စနစ်တွေပါဝင်ပြီး လက်ဗွေလုံခြုံရေးစနစ်၊ USB 3.1 Alwarys-On ပေါက်၊ Thunderbolt 3 ပေါက်၊ HDMI 2.0 ပေါက်နဲ့ 4-in-1 Card Reader ပေါက်တွေ ပါဝင်ပါတယ်။ မြင်ကွင်းတောက်ပမှု 150 nits နဲ့ WiFi ချိတ်ဆက်ပြီး အွန်လိုင်း အဆက်မပြတ်အသုံးပြုမှုကို ဘက်ထရီနဲ့ ၄ နာရီနဲ့ ၂၆ မိနစ်ဝန်းကျင်ခန့် အသုံးပြုနိုင်မှာဖြစ်ပါ တယ်။ အလေးချိန်ကတော့ ၂.၈ ကီလိုဂရမ် (၆.၃ ပေါင်) ရှိမှာ ဖြစ်ပါတယ်။

– ရဲထွဋ်ဝင်း
Ref: www.laptopmag.com