Lenovo ThinkPad L480

[ Zawgyi ]

အားသာခ်က္

ThinkPad L480 က ေကာင္းမြန္တဲ့ ဘက္ထရီသက္တမ္းရွိသလို ကီးဘုတ္ဒီဇုိင္းပိုင္းကလည္း အသုံးျပဳရတာ အဆင္ေျပလွတာက ဒီ Laptop ရဲ႕အားသာခ်က္ေတြပဲ ျဖစ္ပါတယ္။ MIL-SPEC စမ္းသပ္မႈခံရည္ရွိတဲ့ Laptop ျဖစ္တဲ့အတြက္ ေတာ္႐ုံရာသီဥတု အပူ၊ အေအး၊ စိုထိုင္းမႈဒဏ္စတာေတြကို ေကာင္းစြာခံႏုိင္မွာ ျဖစ္ပါတယ္။ လက္ေဗြလုံၿခဳံေရးစနစ္လည္း ေထာက္ပံ့ပါဝင္တာက သေဘာက်စရာပါ။

အားနည္းခ်က္

Display ပိုိင္းကေတာ့ ပုံမွန္ရွိသင့္တာထက္ ျမင္ကြင္းေတာက္ပမႈပိုင္းေကာ၊ ကာလာပိုင္းေကာ နည္းတယ္လို႔ဆိုရမွာပါ။ အသံထြက္ပိုင္းကလည္း စိတ္ေက်နပ္စရာ မေကာင္းလွပါဘူး။

သုံးသပ္ခ်က္

Lenovo ThinkPad L480 က လုပ္ငန္းသုံးအေနနဲ႔ အသုံးျပဳဖို႔အတြက္ လုပ္ေဆာင္ခ်က္ေတြ စုံလင္လွတဲ့ Laptop တစ္လုံးလို႔ဆိုရမွာပါ။ ထူးထူးျခားျခားအေနနဲ႔ ေထာက္ျပစရာမရွိေပမယ့္ တန္ဖိုးသိပ္မကြာတဲ့ ၿပိဳင္ဘက္ေမာ္ဒယ္ေတြနဲ႔ ေကာင္းေကာင္းယွဥ္ႏုိင္တဲ့ Laptop တစ္လုံးျဖစ္ပါတယ္။ ပလတ္စတစ္ကိုယ္ထည္ ဒီဇုိင္းကဆြဲေဆာင္မႈ မရွိေပမယ့္ ေကာင္းမြန္လွတဲ့ ကီးဘုတ္စနစ္က လုပ္ငန္း လုပ္ေဆာင္ဖို႔အတြက္ အသုံးျပဳရတာ အဆင္ေျပမွာျဖစ္ပါတယ္။ 1920x 1080p Display ကေတာက္ပမႈ အားနည္းေပမယ့္ တည္ၿငိမ္ေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္၊ သင့္တင့္တဲ့ဘက္ထရီခံႏုိင္ရည္၊ လုံၿခဳံေရးစနစ္၊ အၾကမ္းခံႏုိင္မႈနဲ႔ စုံလင္လွတဲ့ Port ေတြက ခရီးအၿမဲသြားလာေနရတဲ့လုပ္ငန္းရွင္ေတြအတြက္ ေရြးခ်ယ္စရာတစ္ခုအေနနဲ႔ ရွိေနမွာျဖစ္ပါတယ္။

အေသးစိတ္ေဖာ္ျပခ်က္

၁၄ လက္မရွိတဲ့ Display က ႐ုပ္ထြက္အရည္အေသြးကို 1920×1080 pixel ထိေထာက္ပံ့ေပးႏုိင္တဲ့ IPS LCD panel အမ်ဳိးအစား ျဖစ္ပါတယ္။ အျမန္ႏႈန္း 1.6GHz ရွိတဲ့ Intel Core i5-8250U processor ကို အသုံးျပဳထားၿပီး RAM 8GB နဲ႔ အခ်က္အလက္ သိုေလွာင္ႏုိင္မႈကေတာ့ 256 GB PCIe SSD ရွိမွာျဖစ္ပါတယ္။

ဂရပ္ဖစ္ပိုင္းအေနနဲ႔ Intel HD Graphics 620 GPU ေထာက္ပံ့ပါဝင္ပါဝင္ၿပီး တုံ႔ျပန္မႈေကာင္းမြန္လွတဲ့အျပင္ Multitouch gesture စနစ္ေထာက္ပံ့ပါဝင္တဲ့ Touchpad က ၃.၉ x ၂.၇ လက္မအရြယ္အစားရွိပါတယ္။ WiFi 802.11ac၊ Bluetooth 4.1၊ microSD ေပါက္၊ USB Type C၊ USB 3.1 ေပါက္၊ microSD ေပါက္နဲ႔ HDMI ေပါက္ေတြပါဝင္ပါတယ္။ WiFi ခ်ိတ္ဆက္ၿပီး Screen Brightness 150 nits နဲ႔ အြန္လုိင္းအဆက္မျပတ္ အသုံးျပဳမႈကို ဘက္ထရီနဲ႔ ၇ နာရီနဲ႔ ၅၆ မိနစ္ခန္႔ အသုံးျပဳႏုိင္မွာ ျဖစ္ပါတယ္။ အေလးခ်ိန္ကေတာ့ ၁.၇၆
ကီလိုဂရမ္ (၃.၉ ေပါင္) ရွိမွာျဖစ္ပါတယ္။

တန္ဖိုး – ကန္ေဒၚလာ ၇ဝ၆.၉၉
Ref: www.laptopmag.com

-ရဲထြဋ္ဝင္း

[ Unicode ]

အားသာချက်

ThinkPad L480 က ကောင်းမွန်တဲ့ ဘက်ထရီသက်တမ်းရှိသလို ကီးဘုတ်ဒီဇိုင်းပိုင်းကလည်း အသုံးပြုရတာ အဆင်ပြေလှတာက ဒီ Laptop ရဲ့အားသာချက်တွေပဲ ဖြစ်ပါတယ်။ MIL-SPEC စမ်းသပ်မှုခံရည်ရှိတဲ့ Laptop ဖြစ်တဲ့အတွက် တော်ရုံရာသီဥတု အပူ၊ အအေး၊ စိုထိုင်းမှုဒဏ်စတာတွေကို ကောင်းစွာခံနိုင်မှာ ဖြစ်ပါတယ်။ လက်ဗွေလုံခြုံရေးစနစ်လည်း ထောက်ပံ့ပါဝင်တာက သဘောကျစရာပါ။

အားနည်းချက်

Display ပိိုင်းကတော့ ပုံမှန်ရှိသင့်တာထက် မြင်ကွင်းတောက်ပမှုပိုင်းကော၊ ကာလာပိုင်းကော နည်းတယ်လို့ဆိုရမှာပါ။ အသံထွက်ပိုင်းကလည်း စိတ်ကျေနပ်စရာ မကောင်းလှပါဘူး။

သုံးသပ်ချက်

Lenovo ThinkPad L480 က လုပ်ငန်းသုံးအနေနဲ့ အသုံးပြုဖို့အတွက် လုပ်ဆောင်ချက်တွေ စုံလင်လှတဲ့ Laptop တစ်လုံးလို့ဆိုရမှာပါ။ ထူးထူးခြားခြားအနေနဲ့ ထောက်ပြစရာမရှိပေမယ့် တန်ဖိုးသိပ်မကွာတဲ့ ပြိုင်ဘက်မော်ဒယ်တွေနဲ့ ကောင်းကောင်းယှဉ်နိုင်တဲ့ Laptop တစ်လုံးဖြစ်ပါတယ်။ ပလတ်စတစ်ကိုယ်ထည် ဒီဇိုင်းကဆွဲဆောင်မှု မရှိပေမယ့် ကောင်းမွန်လှတဲ့ ကီးဘုတ်စနစ်က လုပ်ငန်း လုပ်ဆောင်ဖို့အတွက် အသုံးပြုရတာ အဆင်ပြေမှာဖြစ်ပါတယ်။ 1920x 1080p Display ကတောက်ပမှု အားနည်းပေမယ့် တည်ငြိမ်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်၊ သင့်တင့်တဲ့ဘက်ထရီခံနိုင်ရည်၊ လုံခြုံရေးစနစ်၊ အကြမ်းခံနိုင်မှုနဲ့ စုံလင်လှတဲ့ Port တွေက ခရီးအမြဲသွားလာနေရတဲ့လုပ်ငန်းရှင်တွေအတွက် ရွေးချယ်စရာတစ်ခုအနေနဲ့ ရှိနေမှာဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်

၁၄ လက်မရှိတဲ့ Display က ရုပ်ထွက်အရည်အသွေးကို 1920×1080 pixel ထိထောက်ပံ့ပေးနိုင်တဲ့ IPS LCD panel အမျိုးအစား ဖြစ်ပါတယ်။ အမြန်နှုန်း 1.6GHz ရှိတဲ့ Intel Core i5-8250U processor ကို အသုံးပြုထားပြီး RAM 8GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 256 GB PCIe SSD ရှိမှာဖြစ်ပါတယ်။

ဂရပ်ဖစ်ပိုင်းအနေနဲ့ Intel HD Graphics 620 GPU ထောက်ပံ့ပါဝင်ပါဝင်ပြီး တုံ့ပြန်မှုကောင်းမွန်လှတဲ့အပြင် Multitouch gesture စနစ်ထောက်ပံ့ပါဝင်တဲ့ Touchpad က ၃.၉ x ၂.၇ လက်မအရွယ်အစားရှိပါတယ်။ WiFi 802.11ac၊ Bluetooth 4.1၊ microSD ပေါက်၊ USB Type C၊ USB 3.1 ပေါက်၊ microSD ပေါက်နဲ့ HDMI ပေါက်တွေပါဝင်ပါတယ်။ WiFi ချိတ်ဆက်ပြီး Screen Brightness 150 nits နဲ့ အွန်လိုင်းအဆက်မပြတ် အသုံးပြုမှုကို ဘက်ထရီနဲ့ ရ နာရီနဲ့ ၅၆ မိနစ်ခန့် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အလေးချိန်ကတော့ ၁.၇၆
ကီလိုဂရမ် (၃.၉ ပေါင်) ရှိမှာဖြစ်ပါတယ်။

တန်ဖိုး – ကန်ဒေါ်လာ ရဝ၆.၉၉
Ref: www.laptopmag.com

-ရဲထွဋ်ဝင်း