Lenovo Tab 4 (8) Plus

[ Zawgyi ]

အားသာခ်က္

ဘက္ထရီ သက္တမ္းေကာင္းမြန္မႈက ဒီ tablet ရဲ႕ အားသာခ်က္တစ္ခုပါ။ ဒါ့အျပင္ tablet ရဲ႕ စြမ္းေဆာင္ရည္ပိုင္းနဲ႔ display ဟာ ေပးရတဲ့ေဈးနဲ႔ တန္ေအာင္ ေကာင္းမြန္တာက ဒီ tablet ရဲ႕ အားသာခ်က္ေတြပါ။

အားနည္းခ်က္

Oldversion Android ကို အသံုးျပဳထားတာကဒီ tablet ရဲ႕ အားနည္းခ်က္ပါ။

အေသးစိတ္ေဖာ္ျပခ်က္

Lenovo Tab 4 (8) Plus Qualcomm MSM8917 Snapdragon 425 processor ကို အသံုးျပဳထားပါတယ္။ RAM 2GB နဲ႔ အခ်က္အလက္ သိမ္းဆည္းဖို႔အတြက္ 16GB ပမာဏရွိတဲ့ storage ပါဝင္ မွာျဖစ္ပါတယ္။ အခ်က္အလက္ မ်ားမ်ားစားစား ထည့္သြင္းခ်င္သူေတြအတြက္ကို ေတာ့ microSD နဲ႔ 128GB အထိ အေထာက္အပံ့ေပးႏိုင္ေအာင္ စီစဥ္ေပးထားပါတယ္။ Tablet မွာ အသံုးျပဳထားတဲ့ OS ကေတာ့ Android 7.0 (Nougat) ျဖစ္ပါတယ္။ screen အရြယ္အစားက ၈ လက္မျဖစ္ၿပီး screen resolution ကေတာ့ 1280 x 800 ရွိမွာျဖစ္ပါတယ္။ Graphic ပိုင္းအတြက္ Adreno306 chipset ကို အသံုးျပဳထားၿပီး ေနာက္ကင္မရာက 5 Megapixels နဲ႔ စကရင္ဘက္အျခမ္း ကင္မရာက 2Megapixels သာရွိမွာျဖစ္ပါတယ္။

ဘက္ထရီ

Li-Po 5000mAh ဘက္ထရီကို အသံုးျပဳထားၿပီး စာဖတ္႐ံုသက္သက္ browsing အသံုးျပဳမယ္ဆိုရင္ေတာ့ ရက္အနည္းငယ္ခန္႔ အသံုးျပဳႏိုင္မွာ ျဖစ္ပါတယ္။

[ Unicode ]

အားသာချက်

ဘက်ထရီ သက်တမ်းကောင်းမွန်မှုက ဒီ tablet ရဲ့ အားသာချက်တစ်ခုပါ။ ဒါ့အပြင် tablet ရဲ့ စွမ်းဆောင်ရည်ပိုင်းနဲ့ display ဟာ ပေးရတဲ့ဈေးနဲ့ တန်အောင် ကောင်းမွန်တာက ဒီ tablet ရဲ့ အားသာချက်တွေပါ။

အားနည်းချက်

Oldversion Android ကို အသုံးပြုထားတာကဒီ tablet ရဲ့ အားနည်းချက်ပါ။

အသေးစိတ်ဖော်ပြချက်

Lenovo Tab 4 (8) Plus Qualcomm MSM8917 Snapdragon 425 processor ကို အသုံးပြုထားပါတယ်။ RAM 2GB နဲ့ အချက်အလက် သိမ်းဆည်းဖို့အတွက် 16GB ပမာဏရှိတဲ့ storage ပါဝင် မှာဖြစ်ပါတယ်။ အချက်အလက် များများစားစား ထည့်သွင်းချင်သူတွေအတွက်ကို တော့ microSD နဲ့ 128GB အထိ အထောက်အပံ့ပေးနိုင်အောင် စီစဉ်ပေးထားပါတယ်။ Tablet မှာ အသုံးပြုထားတဲ့ OS ကတော့ Android 7.0 (Nougat) ဖြစ်ပါတယ်။ screen အရွယ်အစားက ၈ လက်မဖြစ်ပြီး screen resolution ကတော့ 1280 x 800 ရှိမှာဖြစ်ပါတယ်။ Graphic ပိုင်းအတွက် Adreno306 chipset ကို အသုံးပြုထားပြီး နောက်ကင်မရာက 5 Megapixels နဲ့ စကရင်ဘက်အခြမ်း ကင်မရာက 2Megapixels သာရှိမှာဖြစ်ပါတယ်။

ဘက်ထရီ

Li-Po 5000mAh ဘက်ထရီကို အသုံးပြုထားပြီး စာဖတ်ရုံသက်သက် browsing အသုံးပြုမယ်ဆိုရင်တော့ ရက်အနည်းငယ်ခန့် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။