Lenovo Flex 6 11

[ Zawgyi ]

တန္ဖိုး – ကန္ေဒၚလာ ၃၂၉

အားသာခ်က္

ျပည့္ဝေကာင္းမြန္လွတဲ့ Laptop စြမ္းေဆာင္ရည္နဲ႔ ပါးလႊာတဲ့ဒီဇုိင္းက သေဘာက်စရာပါ။ ကီးဘုတ္စနစ္ကလည္း အထူးေကာင္းမြန္လွသလို ဘက္ထရီန႔ဲ အခ်ိန္ၾကာၾကာ အသုံးျပဳႏုိင္တာေတြက ဒီ Laptop ရဲ႕ အားသာခ်က္ေတြပဲ ျဖစ္ပါတယ္။

အားနည္းခ်က္

သူမွာသုံးထားတဲ့ resolution 1366×768 ထိေထာက္ပံ့ေပးႏုိင္တဲ့ Display က Full HD အမ်ဳိးအစားေတာ့ မဟုတ္ပါဘူး။ ေနာက္ၿပီး Audio အသံထြက္ပိုင္းအတြက္ ေထာက္ပံ့ပါဝင္တဲ့ App စနစ္ေတြက သေဘာက်စရာ ေကာင္းလွေပမယ့္ အသံထြက္ပိုင္း အနည္းငယ္ အားနည္းမႈရွိတယ္လို႔ ခံစားရပါတယ္။

သုံးသပ္ခ်က္

ေစ်းႏႈန္းအရ ေတာ္ေတာ္ေလး တန္တယ္လို႔ေျပာရမယ့္ 2-in-1 Laptop အမ်ဳိးအစားျဖစ္ပါတယ္။ ေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္နဲ႔ အခ်ိန္ၾကာၾကာ အသုံးျပဳႏုိင္တဲ့ ဘက္ထရီသက္တမ္းက သေဘာက်စရာ ေကာင္းလွတဲ့အျပင္ ဒီဇုိင္းပုိင္းကလည္း ဆြဲေဆာင္မႈ ရွိလွပါတယ္။ ေကာင္းမြန္လွတဲ့ ကီးဘုတ္နဲ႔ တုံ႔ျပန္မႈျမန္ဆန္တဲ့ Touchpad နဲ႔ Touch panel ေတြကလည္း သေဘာက်စရာပါ။ ဒါေပမဲ့ သူနဲ႔ မိမိအေနနဲ႔ ေဖ်ာ္ေျဖေရးအတြက္ပါ အသုံးျပဳခ်င္တယ္ ဆိုရင္ေတာ့ ေစ်းႏႈန္းသိပ္မကြာလွတဲ့ ဘက္ဂ်က္အမ်ဳိးအစား 2-in-1 Laptop
တစ္မ်ဳိးျဖစ္တဲ့ Acer Spin 1 ကေတာ့ ပိုမိုေကာင္းမြန္လွတဲ့ Full HD Display နဲ႔ ရႏုိင္မွာျဖစ္တဲ့အျပင္ ေကာင္းမြန္လွတဲ့ အသံထြက္နဲ႔ Pen စနစ္ေတြလည္း ေထာက္ပံ့ပါဝင္မွာ ျဖစ္ပါတယ္။ ဒါေပမဲ့ ေန႔စဥ္မ်ားျပားလွတဲ့ လုပ္ငန္းေဆာင္တာေတြကို အေကာင္းဆုံး စြမ္းေဆာင္ရည္နဲ႔ အခ်ိန္ျပည့္ လုပ္ေဆာင္ဖို႔အတြက္ဆိုရင္ေတာ့ Lenovo Flex 6 11 က အေကာင္းဆုံး ေရြးခ်ယ္စရာတစ္ခုလို႔ ဆိုရမွာျဖစ္ပါတယ္။

အေသးစိတ္ေဖာ္ျပခ်က္

၁၁.၆ လက္မရွိတဲ့ Display က ႐ုပ္ထြက္အရည္အေသြးကို 1366×768 pixel ထိ ေထာက္ပံ့ေပးႏုိင္တဲ့အျပင္ Touch panel အမ်ဳိးအစားျဖစ္ပါတယ္။ အျမန္ႏႈန္း 1.1GHz ရွိတဲ့ Intel Celeron N4000 processor ကို အသုံးျပဳထားၿပီး Cache အေနနဲ႔ 4MB ထိရရွိႏုိင္မွာ ျဖစ္ပါတယ္။ RAM 2GB နဲ႔ အခ်က္အလက္ သိုေလွာင္ႏုိင္မႈကေတာ့ 64 GB eMMC ရွိမွာျဖစ္ပါတယ္။ ဂရပ္ဖစ္ပိုင္းအေနနဲ႔ Intel UHD Graphics 600 ေထာက္ပံ့ပါဝင္ပါတယ္။ Webcam ကေတာ့ 720p အမ်ဳိးအစားျဖစ္ၿပီး ၃.၅x၂.၃ လက္မအရြယ္အစား Touchpad က ေခ်ာ့ေမြ႕ေကာင္းမြန္မႈရွိပါတယ္။ WiFi 802.11ac၊ Bluetooth 4.2၊ 4.1 card reader ေပါက္၊ USB Type-C ေပါက္၊ USB 3.0 ေပါက္၊ HDMI ေပါက္နဲ႔ USB 2.0 ေပါက္ေတြ ပါဝင္ပါတယ္။ Screen Brightness 150 nits နဲ႔ အြန္လုိင္းအဆက္မျပတ္ အသုံးျပဳမႈကို ဘက္ထရီနဲ႔ ၉ နာရီနဲ႔ ၁၁ မိနစ္ခန္႔ အသုံးျပဳႏိုင္မွာ ျဖစ္ပါတယ္။ အေလးခ်ိန္ကေတာ့ ၂.၇ ကီလိုဂရမ္ (၂.၇၂ ေပါင္) ရွိမွာျဖစ္ပါတယ္။

-ရဲထြဋ္ဝင္း
Ref: www.laptopmag.com

========

[ Unicode ]

Lenovo Flex 6 11

========

တန်ဖိုး – ကန်ဒေါ်လာ ၃၂၉

အားသာချက်

ပြည့်ဝကောင်းမွန်လှတဲ့ Laptop စွမ်းဆောင်ရည်နဲ့ ပါးလွှာတဲ့ဒီဇိုင်းက သဘောကျစရာပါ။ ကီးဘုတ်စနစ်ကလည်း အထူးကောင်းမွန်လှသလို ဘက်ထရီနဲ့ အချိန်ကြာကြာ အသုံးပြုနိုင်တာတွေက ဒီ Laptop ရဲ့ အားသာချက်တွေပဲ ဖြစ်ပါတယ်။

အားနည်းချက်

သူမှာသုံးထားတဲ့ resolution 1366×768 ထိထောက်ပံ့ပေးနိုင်တဲ့ Display က Full HD အမျိုးအစားတော့ မဟုတ်ပါဘူး။ နောက်ပြီး Audio အသံထွက်ပိုင်းအတွက် ထောက်ပံ့ပါဝင်တဲ့ App စနစ်တွေက သဘောကျစရာ ကောင်းလှပေမယ့် အသံထွက်ပိုင်း အနည်းငယ် အားနည်းမှုရှိတယ်လို့ ခံစားရပါတယ်။

သုံးသပ်ချက်

စျေးနှုန်းအရ တော်တော်လေး တန်တယ်လို့ပြောရမယ့် 2-in-1 Laptop အမျိုးအစားဖြစ်ပါတယ်။ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်နဲ့ အချိန်ကြာကြာ အသုံးပြုနိုင်တဲ့ ဘက်ထရီသက်တမ်းက သဘောကျစရာ ကောင်းလှတဲ့အပြင် ဒီဇိုင်းပိုင်းကလည်း ဆွဲဆောင်မှု ရှိလှပါတယ်။ ကောင်းမွန်လှတဲ့ ကီးဘုတ်နဲ့ တုံ့ပြန်မှုမြန်ဆန်တဲ့ Touchpad နဲ့ Touch panel တွေကလည်း သဘောကျစရာပါ။ ဒါပေမဲ့ သူနဲ့ မိမိအနေနဲ့ ဖျော်ဖြေရေးအတွက်ပါ အသုံးပြုချင်တယ် ဆိုရင်တော့ စျေးနှုန်းသိပ်မကွာလှတဲ့ ဘက်ဂျက်အမျိုးအစား 2-in-1 Laptop
တစ်မျိုးဖြစ်တဲ့ Acer Spin 1 ကတော့ ပိုမိုကောင်းမွန်လှတဲ့ Full HD Display နဲ့ ရနိုင်မှာဖြစ်တဲ့အပြင် ကောင်းမွန်လှတဲ့ အသံထွက်နဲ့ Pen စနစ်တွေလည်း ထောက်ပံ့ပါဝင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ နေ့စဉ်များပြားလှတဲ့ လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံး စွမ်းဆောင်ရည်နဲ့ အချိန်ပြည့် လုပ်ဆောင်ဖို့အတွက်ဆိုရင်တော့ Lenovo Flex 6 11 က အကောင်းဆုံး ရွေးချယ်စရာတစ်ခုလို့ ဆိုရမှာဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်

၁၁.၆ လက်မရှိတဲ့ Display က ရုပ်ထွက်အရည်အသွေးကို 1366×768 pixel ထိ ထောက်ပံ့ပေးနိုင်တဲ့အပြင် Touch panel အမျိုးအစားဖြစ်ပါတယ်။ အမြန်နှုန်း 1.1GHz ရှိတဲ့ Intel Celeron N4000 processor ကို အသုံးပြုထားပြီး Cache အနေနဲ့ 4MB ထိရရှိနိုင်မှာ ဖြစ်ပါတယ်။ RAM 2GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 64 GB eMMC ရှိမှာဖြစ်ပါတယ်။ ဂရပ်ဖစ်ပိုင်းအနေနဲ့ Intel UHD Graphics 600 ထောက်ပံ့ပါဝင်ပါတယ်။ Webcam ကတော့ 720p အမျိုးအစားဖြစ်ပြီး ၃.၅x၂.၃ လက်မအရွယ်အစား Touchpad က ချော့မွေ့ကောင်းမွန်မှုရှိပါတယ်။ WiFi 802.11ac၊ Bluetooth 4.2၊ 4.1 card reader ပေါက်၊ USB Type-C ပေါက်၊ USB 3.0 ပေါက်၊ HDMI ပေါက်နဲ့ USB 2.0 ပေါက်တွေ ပါဝင်ပါတယ်။ Screen Brightness 150 nits နဲ့ အွန်လိုင်းအဆက်မပြတ် အသုံးပြုမှုကို ဘက်ထရီနဲ့ ၉ နာရီနဲ့ ၁၁ မိနစ်ခန့် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အလေးချိန်ကတော့ ၂.၇ ကီလိုဂရမ် (၂.၇၂ ပေါင်) ရှိမှာဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း
Ref: www.laptopmag.com