Leica V-LUX (Typ 114) Digital Camera
[ Zawgyi ]
အားသာချက်
အားနည်းချက်
သုံးသပ်ချက်
လုပ်ဆောင်ချက်
Ref: B & H
[ Unicode ]
တန်ဖိုး-ကန်ဒေါ်လာ1195$
အားသာချက်
1”(13.2 x 8.8 mm) အရွယ်အစား MOS Sensor ပါ၀င်ပြီး Optical & Mechanical Image Stabilization ထောက်ပ့ံပေးထားတဲ့ Leica က ထုတ်တဲ့ V-LuxTyp 114) မော်ဒယ် ဒီဂျစ်တယ် ကင်မရာဖြစ်ပါတယ်။ 20.1 Megapixel ဖြစ်ပြီး ဓာတ်ပုံကို JPEG Format အပြင် RAW File နဲ့ပါ ရိုက်ကူးနိုင်ပါတယ်။ ဗီဒီယိုပိုင်းမှာ 4K UHD ကို 245fps အထိ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ Lens က Leica DC Vario- Elmar9.1-146mm, 16x (digital 4X) ဖြစ်ပြီး ၃၅ မမမြင်ကွင်းနဲ့တွက်ရင် 24-400mm မြင်ကွင်းနဲ့ရမှာပါ။ JPEG File အတွက် Frame per second 12fps မြန်နှုန်းနဲ့ ရိုက် ကူးနိုင်ပါတယ်။
920k dots အရည်အသွေးရှိ ၃ လက်မအရွယ် Multi-Axis Rotate-and-Tilt LCD ပါဝင်ပြီး ထိတွေ့စေခိုင်းနိုင်ပါတယ်။ ချိတ်ဆက်မှုပိုင်းမှာ ကြိုးနဲ့1/8″ Microphone, 2.5mm Sub-mini (2-Ring), AV Output, USB 2.0 နဲ့ ချိတ်ဆက်နိုင်သလို ကြိုးမဲ့အနေနဲ့ Wi-Fi -802.11b/g/n ကို ထောက်ပံံ့ပေးထားတဲ့အတွက် မိုဘိုင်းဖုန်းပေါ်ကရိုက်နိုင်သလို ရိုက်ပြီးပြီးချင်း လူမှုကွန်ရက်တွေပေါ် ချက်ချင်းတင်နိုင်ပါတယ်။
အားနည်းချက်
4k Video ထောက်ပံ့မှု ပါဝင်ပေမယ့် ဗီဒီယိုရိုက်ကူးနှုန်း FramePer Second အနေနဲ့ 25fps လောက်သာ ရရှိနိုင်တာက သူ့ရဲ အားနည်းချက် ဖြစ်နေပါတယ်။
သုံးသပ်ချက်
Bridge Level အမျိုးအစား ဖြစ်တဲ့အတွက် Shutter, Aperture Priority တွေ ချိန်ညှိ အသုံးချနိုင်ပါတယ်။ External Flash တပ်ဆင်နိုင်တဲ့ Hot Shoe ပါဝင်ပါတယ်။ ပရော်ဖက်ရှယ်နယ် ဆန်ဆန် ကိုင်ဆောင်နိုင်တဲ့အတွက် ဒီတန်ကြေးနဲ့ Leica အမျိုးအစားကိုင်နိုင်တာကိုက မဆိုးဘူးလို့ ပြောနိုင်ပါတယ်။
လုပ်ဆောင်ချက်
File Format တွေအနေနဲ့RAW File နဲ့ပါ ရိုက်ကူးနိုင်ပါတယ်။ ဗီဒီယိုပိုင်းမှာ 4K UHD, 25fps, ISO Auto, 125 ကနေ12500 (Extended Mode: Auto, 80 to 25000) အထိ အသုံးပြုနိုင်ပါတယ်။
Shutter Speed အနေနဲ့ Mechanical မှာအနှေးဆုံး 60” ကနေ 1 / 4000 အထိရပြီး Electronic မှာ 1- 1/16000 ရရှိမှာဖြစ်ပါတယ်။ Bult-in Flash က Pop-Up အမျိုးအစားဖြစ်ပြီး Flash Mode မှာ Auto, Auto/Red-Eye Reduction, Forced on, Forced on/ Red-Eye Reduction, Off, Slow Sync, Slow Sync/ Red-Eye Reduction တို့ပါ၀င်ပါတယ်။ External Flash တပ်ဆင်နိုင်တဲ့ Hot Shoe လည်း ပါဝင်မှာပါ။
Exposure Mode အနေနဲ့ Aperture Priority, Shutter Priority, Program, Sense Mode, Auto, Compensation : -5 EV to +5 EV (in 1/3 EV Step) တို့ကို ရွေးချယ် အသုံးပြုနိုင်ပါတယ်။ Metering ဖတ်ယူမှု အတွက် Center-Weighted, Multi, Spot သုံးမျိုးပါဝင်ပါတယ်။
Internal Memory 87 MB ပါ၀င်ပါတယ်။ Card Slot တစ်ခုပါ၀င်ပြီး SD/SDHC/SDXC card တွေ ထည့်ထည့်သွင်း အသုံးပြုနိုင်ပါတယ်။ Electronic Viewfinder ပါဝင်ပြီး Display အတွက် 920k dots အရည်သွေးထွက်ရှိတဲ့ ၃ လက်မအရွယ် LCD Screen က ထောက်ပံ့ထားပါတယ်။ အရွယ်အစားက 137.2 x 99.1 x 132.1mm ဖြစ်ပြီး အလေးချိန် 830.7g ရှိပါတယ်။
Ref: B & H