LeapFrog EPIC Tablet

တန်ဖိုး – ကန်ဒေါ်လာ ၉၁.၁၂

အားသာချက် – ကလေးတွေ Tablet သုံးစွဲတာကို ထိန်းချုပ်ပေးနိုင်မယ့် parental control နဲ့ ကလေးတွေ နှစ်သက်မယ့် design ပုံစံကို ဖန်တီးထားပါတယ်။ ထူးခြားတဲ့ Home Screen ပုံစံနဲ့ ဘက်ထရီ သက်တမ်း ကြာရှည်ခံမှုတွေက ဒီ tablet ရဲ့ အားသာချက်တွေပဲ ဖြစ်ပါတယ်။

အားနည်းချက် – ကလေးသုံး tablet တွေထဲမှာတော့ ဈေးနှုန်းမြင့်မားပြီး အရွယ်အစားကလည်း အနည်းငယ် ကြီးမားပါတယ်။

အသေးစိတ်ဖော်ပြချက် – Processor မြန်နှုန်းကတော့ 1.3 GHz ရှိမှာဖြစ်ပါတယ်။ RAM 1 GB ပါဝင်မှာဖြစ်ပြီး၊ အချက်အလက်တွေ သိမ်းဆည်းဖို့အတွက် 16 GB ပမာဏရှိတဲ့ Storage ပါဝင်မှာဖြစ်ပါတယ်။ Tablet မှာအသုံးပြုထားတဲ့ System ကတော့ Android 4.4 ကို အသုံးပြုထားပါတယ်။ Resolution ကတော့ 1024 x 600 resolution ရှိမှာဖြစ်ပါတယ်။ Screen အရွယ်အစားမှာ ၇ လက်မခန့်ရှိမှာ ဖြစ်ပါတယ်။ ကင်မရာပိုင်းမှာ အနောက်ဘက်ကင်မရာရော အရှေ့ဘက်ကင်မရာပါ 1.9 Megapixels ရှိမှာဖြစ်မှာဖြစ်ပါတယ်။ Storage များများ သုံးစွဲချင်တယ်ဆိုရင်တော့ MicroSD Card ကို ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး၊ အများဆုံး 32 GB အထိ ထည့်သွင်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အလေးချိန်ပိုင်းမှာ ၁.၂၉ ပေါင် ခန့်သာရှိမှာဖြစ်ပါတယ်။

ဒီဇိုင်း – ကလေးများ အသုံးပြုရန်ရည်ရွယ်ထားတဲ့ tablet ဖြစ်တဲ့အတွက် မတော်တဆ လွတ်ကျမှုဒဏ်မှ ကာကွယ်နိုင်စေရန် စီစဉ်ပေးထားပြီး ကင်မရာကတော့ အပေါ်ဘက် အလယ်နားလောက်မှာ တပ်ဆင်ပေးထားတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ Power button, Volume button နဲ့ USB Port အစရှိတာတွေကိုလည်း tablet ရဲ့ အပေါ်ဘက်မှာ တပ်ဆင်ပေးထားပါတယ်။

သုံးသပ်ချက် – LeapFrog tablet ဟာ ကလေးများအတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ tablet အမျိုးအစား တစ်ခုဖြစ်ပြီး ၇ လက်မ အရွယ်အစားနဲ့ ထုတ်လုပ်ထားကာ home screen ကလည်း ကလေးများ ကြိုက်နှစ်သက်စေမယ့် ဒီဇိုင်းသွင်ပြင်မျိုးနဲ့ ပြုလုပ်ပေးထားပါတယ်။ ၃ နှစ်မှ ၉ နှစ်အရွယ်အထိ အသုံးပြုနိုင်ရန်ရည်ရွယ်ထားတဲ့ tablet အမျိုးအစား တစ်ခု
လည်းဖြစ်ပါတယ်။ မိဘများမှလည်း ကလေးများကို အသုံးပြုစေချင်တဲ့ app တွေကိုသာ သုံးစွဲနိုင်အောင် ထိန်းချုပ်ခွင့်ပေးထားပါတယ်။

Ref:laptopmag