Krita ကို Ubuntu OS တြင္ ထည့္သြင္းျခင္း

[ Zawgyi ]

Krita ဆိုတာကေတာ့ Ubuntu OS မွာ ထည့္သြင္း အသံုးျပဳႏိုင္မယ့္ Paint ေဆာ့ဖ္ဝဲအမ်ိဳးအစားတစ္ခု ျဖစ္ပါတယ္။ ပံုေတြကို
ေရးဆဲြဖို႔အတြက္ tool ေပါင္းမ်ားစြာကို ထည့္သြင္းေပးထားတဲ့ app တစ္ခုလည္းျဖစ္ပါတယ္။

Ubuntu OS မွာ Krita ကို ထည့္သြင္းဖို႔အတြက္ ပထမဆံုး Ubuntu OS System ရဲ႕ Package ေတြကို Update ေတြ Upgrade ေတြ ျပဳလုပ္ထားသင့္ပါတယ္။ Package ေတြကို Update ျပဳလုပ္ဖို႔အတြက္ Ubuntu ရဲ႕ Terminal ကို Ctrl + Alt + T ကိုအသံုးျပဳၿပီး ဖြင့္ရပါမယ္။ ၿပီးၿပီဆိုရင္ေတာ့ Terminal ထဲမွာ sudo apt-get update ဆိုတဲ့ Command နဲ႔ Package ေတြကို အရင္ Update ျပဳလုပ္ရ မွာျဖစ္ပါတယ္။

Update ျပဳလုပ္ၿပီးၿပီ ဆိုရင္ေတာ့ sudo apt-get upgrade နဲ႔ Upgrade ထပ္မံလုပ္ေပးရပါမယ္။ Krita ကို Ubuntu မွာ ထည့္သြင္း အသံုးျပဳဖို႔အတြက္ ေဖာ္ျပပါ command ေတြကို Terminal မွာ ႐ိုက္ထည့္ရပါမယ္။ အသံုးျပဳရမယ့္ command ေတြ ကေတာ့ –

sudo add-apt-repository ppa:kritalime/ppa
sudo apt-get update
sudo apt-get install krita

ဆိုတဲ့ command ေတြကို အသံုးျပဳရမွာ ျဖစ္ပါတယ္။ အဆိုပါ command ေတြကို ထည့္ သြင္းၿပီးၿပီဆိုရင္ သက္ဆိုင္ရာ package ေတြကို download လုပ္ယူၿပီး တစ္ခါတည္း ထည့္သြင္းေပးသြားပါလိမ့္မယ္။ ဒါဆိုရင္ Ubuntu OS မွာ Krita ေဆာ့ဖ္ဝဲကို
ထည့္သြင္းတဲ့ အဆင့္ၿပီးဆံုးၿပီ ျဖစ္ပါတယ္။

-သီဟ

[ Unicode ]

Krita ဆိုတာကတော့ Ubuntu OS မှာ ထည့်သွင်း အသုံးပြုနိုင်မယ့် Paint ဆော့ဖ်ဝဲအမျိုးအစားတစ်ခု ဖြစ်ပါတယ်။ ပုံတွေကို
ရေးဆွဲဖို့အတွက် tool ပေါင်းများစွာကို ထည့်သွင်းပေးထားတဲ့ app တစ်ခုလည်းဖြစ်ပါတယ်။

Ubuntu OS မှာ Krita ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကိုအသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ်ရ မှာဖြစ်ပါတယ်။

Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။ Krita ကို Ubuntu မှာ ထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြပါ command တွေကို Terminal မှာ ရိုက်ထည့်ရပါမယ်။ အသုံးပြုရမယ့် command တွေ ကတော့ –

sudo add-apt-repository ppa:kritalime/ppa
sudo apt-get update
sudo apt-get install krita

ဆိုတဲ့ command တွေကို အသုံးပြုရမှာ ဖြစ်ပါတယ်။ အဆိုပါ command တွေကို ထည့် သွင်းပြီးပြီဆိုရင် သက်ဆိုင်ရာ package တွေကို download လုပ်ယူပြီး တစ်ခါတည်း ထည့်သွင်းပေးသွားပါလိမ့်မယ်။ ဒါဆိုရင် Ubuntu OS မှာ Krita ဆော့ဖ်ဝဲကို
ထည့်သွင်းတဲ့ အဆင့်ပြီးဆုံးပြီ ဖြစ်ပါတယ်။