Kodi ကို Ubuntu OS တွင် ထည့်သွင်းခြင်း

[ Zawgyi ]





sudo apt-get update



[ Unicode ]

Kodi ဆိုတာကတော့ Ubuntu OS မှာ ထည့်သွင်းအသုံးပြုနိုင်မယ့် Media player တစ်ခုပဲဖြစ်ပါတယ်။ Movie , TV Show တွေကို ချိတ်ဆက်ကြည့်ရှုနိုင်မှာဖြစ်သလို radio လိုင်းတွေကိုလည်း ရှာဖွေချိတ်ဆက် နားဆင်နိုင်အောင် စီစဉ်ပေးထားတဲ့ ဆော့ဖ်ဝဲတစ်ခု ဖြစ်ပါတယ်။

Ubuntu OS မှာ Kodi ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။

Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။ Kodiကို Ubuntu မှာ ထည့်
သွင်း အသုံးပြုဖို့အတွက် ဖော်ပြပါ command တွေကို Terminal မှာ ရိုက်ထည့်ရပါမယ်။ အသုံးပြုရ မယ့် command တွေကတော့ –

sudo add-apt-repository ppa:team-xbmc/ppa

sudo apt-get update

sudo apt-get install kodi

ဆိုတဲ့ command တွေကို အသုံးပြုရမှာ ဖြစ်ပါတယ်။ အဆိုပါ command တွေကို ထည့်သွင်း ပြီးပြီဆိုရင် သက်ဆိုင်ရာ package
တွေကို download လုပ်ယူပြီး တစ်ခါတည်း ထည့်သွင်းပေးသွား ပါလိမ့်မယ်။ ဒါဆိုရင် Ubuntu OS မှာ Kodi ဆော့ဖ်ဝဲကို ထည့်သွင်းတဲ့ အဆင့်ပြီးဆုံးပြီ ဖြစ်ပါတယ်။