Kingdom Hearts III

[ Zawgyi ]

အခုရက္ပိုင္းအတြင္းမွာ အသစ္ထြက္ရွိလာတဲ့ တိုက္ခုိက္ေရး ဂိမ္းသစ္တစ္ခုျဖစ္ၿပီး PS4 နဲ႔ Xbox One ေတြအတြက္ အရင္ထြက္လာပါတယ္။ ေနာက္ပိုင္း Switch အတြက္လည္း လာဖို႔ရွိေနပါေသးတယ္။ အရင္က Kingdom Heart ကစားဖူးသူေတြ အတြက္ေတာ့ သိပ္မစိမ္းမယ့္ ဂိမ္းျဖစ္ၿပီး ၁၂ ဆက္ေျမာက္ Update Version အျဖစ္ထြက္ရွိ လာျခင္းလည္း ျဖစ္ပါတယ္။

Disney ကေန ပံုေဖာ္တဲ့ နာမည္ႀကီး ဇာတ္ေကာင္ေတြ အားလံုးနီးပါး စုစည္းဖန္တီးထားတဲ့ ဂိမ္းလုိ႔ဆိုရင္ေတာင္ မမွားပါဘူး။ အဓိကဇာတ္ေကာင္ Sora အေနနဲ႔ အခု Version မွာ ကာတြန္းဇာတ္ေကာင္ေတြ ျဖစ္တဲ့ Donald Duck, Goofy, King Mickey, Riku တို႔အားလံုးနဲ႔ ျပန္လည္တြဲဖက္ၿပီး အဖြဲ႕လိုက္ ဇာတ္လမ္းသြားပံုစံ ရန္သူကို ရင္ဆိုင္ရမွာ ျဖစ္ပါတယ္။
ကစားသူက Sora ရဲ႕ ေနရာဝင္ေရာက္ကစားရမွာ ျဖစ္ၿပီး Single အေနနဲ႔ပဲ ကစားႏိုင္မွာပါ။ အထက္မွာ ေျပာခဲ့တဲ့ ကာတြန္း ဇာတ္ေကာင္ ၄ ေကာင္နဲ႔ ေပါင္းၿပီး အမ်ားဆံုး ၅ ေယာက္ အဖြဲ႔အျဖစ္ ကစားႏုိင္ပါတယ္။ ပံုမွန္ကေတာ့ Donald Duck နဲ႔ Goofy ႏွစ္ေယာက္ပါမယ့္ ၃ ေယာက္အဖြဲ႕ပါ။ ဇာတ္ေကာင္ Sora မွာ စြမ္းအင္အသစ္အေနနဲ႔ ေမွာ္စြမ္းအင္ သံုးႏုိင္လာပါတယ္။ ပံုမွန္ ဓားကိုသံုးၿပီး တိုက္ခိုက္မႈ ေတြမွာ ေမွာ္စြမ္းအင္ ထည့္သြင္းတိုက္ခိုက္ႏုိင္လာလုိ႔ ထိေရာက္မႈေရာ စြမ္းရည္ပါ သိသိသာသာ တိုးတက္ေကာင္းမြန္လာကာ ကစားရတာ ပိုမိုေပ်ာ္ရႊင္မႈကို ေပးလာတာ ေတြ႕ရပါတယ္။ ၿပီး ေတာ့ Water အမည္နဲ႔ Spell အသစ္ သံုးႏိုင္လာပါတယ္။

Keyblade လို႔ အမည္ေပး ထားတဲ့ Sora ရဲ႕ ဓါးဟာ အခု Version မွာ ပထမဆံုး အေနနဲ႔ ပံုစံတစ္ခုတည္း မဟုတ္ဘဲ တိုက္ခုိက္ရတဲ့ ရန္သူအေပၚကို မူတည္ၿပီးေတာ့ ပံုစံေတြ ေျပာင္းလဲႏုိင္တာ၊ အရြယ္အစားေျပာင္းလဲ တိုက္္ခိုက္ႏုိင္တာ၊ စြမ္းရည္ေတြ အားျဖည့္တိုက္ခိုက္ႏုိင္တာေတြ ရွိလာပါတယ္။ ဓားပံုစံကေန တူပံုစံေျပာင္းလဲ တိုက္ခုိက္ႏုိင္မႈေတြပါရိွ လာပါတယ္။ ေရွ႕ထြက္ဂိမ္းေတြက ရန္သူေတြအျပင္ ေနာက္ထပ္ရန္သူသစ္ ၃ ဦးလည္း ပါလာပါတယ္။ Heartless, Nobodies နဲ႔ Unversed တို႔ ျဖစ္ပါတယ္။ ဒါကေတာ့ ဘယ္လို အႏုိင္ယူရမလဲ၊ စိန္ေခၚမႈ အသစ္ ေတြေပါ့။

Sora နဲ႔ သူ႔အဖြဲ႕ လိုရာေနရာ ေတြကိုသြားလာႏုိင္ဖို႔ Gummi စီးေတာ္ယာဥ္ ပါမယ္။ အခု Version မွာ ယာဥ္ရဲ႕ ထူးျခားခ်က္က ဂိမ္းမစခင္ကတည္းက ယာဥ္ရဲ႕ဒီဇုိင္းကို ႏွစ္သက္ရာ ေရြးခ်ယ္ႏုိင္လာတယ္။ ကာတြန္းဇာတ္ေကာင္ေတြနဲ႔ လိုက္ဖက္မယ့္ ခ်စ္စရာေကာင္းတဲ့ ဒီဇိုင္းနဲ႔ယာဥ္ေတြ ေရြးခ်ယ္ႏုိင္ေအာင္ ထည့္သြင္းဖန္တီးထားတယ္။ ၿပီးေတာ့ ဒီယာဥ္ေတြဟာ ပ်ံသန္းေနရင္း တိုက္ခိုက္မႈအတြက္လည္း သံုးႏုိင္လာတယ္၊ ယာဥ္ကို ပစ္ခတ္လာမႈေတြအတြက္လည္း ဒိုင္းပုံစံ ကာရန္ႏုိင္မႈေတြ လုပ္ေဆာင္လာႏုိင္တာ ေတြ႔ရပါတယ္။ ရန္သူကို သြားလာရင္ဆိုင္ရမယ့္ ကမ႓ာသစ္ေတြ အားျဖည့္ထားတာ ေတြ႕ရၿပီး ေရွ႕ထြက္ဂိမ္းေတြထက္ ပိုမို က်ယ္ဝန္းတဲ့ ဝန္းက်င္တစ္ခုမွာ တိုက္ခိုက္အႏုိင္ယူရမယ္၊ ၿပီးေတာ့ အခု Version မွာ ေရေအာက္ ကမ႓ာထည့္ထားၿပီး ေရေအာက္တိုက္ ခုိက္မႈေတြပါ လုပ္ေဆာင္ရဖို႔ ရွိလာပါတယ္။ အသစ္ထည့္ထားတဲ့ Spell သစ္ဆုိရင္လည္း ေရေအာက္တိုက္ခိုက္မႈေတြမွာ အသံုးျပဳရမွာပါ။

ဒါဆုိရင္ေတာ့ ေရေအာက္မွာေရာ ကမ႓ာသစ္ေတြမွာပါ အေမွာင္္ထုရဲ႕ မိစာၦေတြကို ကာတြန္းဇာတ္ေကာင္ေလးေတြနဲ႔ေပါင္းၿပီး အႏိုင္ယူဖုိ႔ စိတ္ဝင္စားစရာျဖစ္ေနပါၿပီ။

-သက္ႏိုင္ဦး (UCSL)

[ Unicode ]

အခုရက်ပိုင်းအတွင်းမှာ အသစ်ထွက်ရှိလာတဲ့ တိုက်ခိုက်ရေး ဂိမ်းသစ်တစ်ခုဖြစ်ပြီး PS4 နဲ့ Xbox One တွေအတွက် အရင်ထွက်လာပါတယ်။ နောက် ပိုင်း Switch အတွက်လည်း လာဖို့ရှိနေပါသေးတယ်။ အရင်က Kingdom Heart ကစားဖူးသူတွေ အတွက်တော့ သိပ်မစိမ်းမယ့် ဂိမ်းဖြစ်ပြီး ၁၂ ဆက်မြောက် Update Version အဖြစ်ထွက်ရှိ လာခြင်းလည်း ဖြစ်ပါတယ်။

Disney ကနေ ပုံဖော်တဲ့ နာမည်ကြီး ဇာတ်ကောင်တွေ အားလုံးနီးပါး စုစည်းဖန်တီးထားတဲ့ ဂိမ်းလို့ဆိုရင်တောင် မမှားပါဘူး။ အဓိကဇာတ်ကောင် Sora အနေနဲ့ အခု Version မှာ ကာတွန်းဇာတ်ကောင်တွေ ဖြစ်တဲ့ Donald Duck, Goofy, King Mickey, Riku တို့အားလုံးနဲ့ ပြန်လည်တွဲဖက်ပြီး အဖွဲ့လိုက် ဇာတ်လမ်းသွားပုံစံ ရန်သူကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
ကစားသူက Sora ရဲ့ နေရာဝင်ရောက်ကစားရမှာ ဖြစ်ပြီး Single အနေနဲ့ပဲ ကစားနိုင်မှာပါ။ အထက်မှာ ပြောခဲ့တဲ့ ကာတွန်း ဇာတ်ကောင် ၄ ကောင်နဲ့ ပေါင်းပြီး အများဆုံး ၅ ယောက် အဖွဲ့အဖြစ် ကစားနိုင်ပါတယ်။ ပုံမှန်ကတော့ Donald Duck နဲ့ Goofy နှစ်ယောက်ပါမယ့် ၃ ယောက်အဖွဲ့ပါ။ ဇာတ်ကောင် Sora မှာ စွမ်းအင်အသစ်အနေနဲ့ မှော်စွမ်းအင် သုံးနိုင်လာပါတယ်။ ပုံမှန် ဓားကိုသုံးပြီး တိုက်ခိုက်မှု တွေမှာ မှော်စွမ်းအင် ထည့်သွင်းတိုက်ခိုက်နိုင်လာလို့ ထိရောက်မှုရော စွမ်းရည်ပါ သိသိသာသာ တိုးတက်ကောင်းမွန်လာကာ ကစားရတာ ပိုမိုပျော်ရွှင်မှုကို ပေးလာတာ တွေ့ရပါတယ်။ ပြီး တော့ Water အမည်နဲ့ Spell အသစ် သုံးနိုင်လာပါတယ်။

Keyblade လို့ အမည်ပေး ထားတဲ့ Sora ရဲ့ ဓါးဟာ အခု Version မှာ ပထမဆုံး အနေနဲ့ ပုံစံတစ်ခုတည်း မဟုတ်ဘဲ တိုက်ခိုက်ရတဲ့ ရန်သူအပေါ်ကို မူတည်ပြီးတော့ ပုံစံတွေ ပြောင်းလဲနိုင်တာ၊ အရွယ်အစားပြောင်းလဲ တိုက််ခိုက်နိုင်တာ၊ စွမ်းရည်တွေ အားဖြည့်တိုက်ခိုက်နိုင်တာတွေ ရှိလာပါတယ်။ ဓားပုံစံကနေ တူပုံစံပြောင်းလဲ တိုက်ခိုက်နိုင်မှုတွေပါရှိ လာပါတယ်။ ရှေ့ထွက်ဂိမ်းတွေက ရန်သူတွေအပြင် နောက်ထပ်ရန်သူသစ် ၃ ဦးလည်း ပါလာပါတယ်။ Heartless, Nobodies နဲ့ Unversed တို့ ဖြစ်ပါတယ်။ ဒါကတော့ ဘယ်လို အနိုင်ယူရမလဲ၊ စိန်ခေါ်မှု အသစ် တွေပေါ့။

Sora နဲ့ သူ့အဖွဲ့ လိုရာနေရာ တွေကိုသွားလာနိုင်ဖို့ Gummi စီးတော်ယာဉ် ပါမယ်။ အခု Version မှာ ယာဉ်ရဲ့ ထူးခြားချက်က ဂိမ်းမစခင်ကတည်းက ယာဉ်ရဲ့ဒီဇိုင်းကို နှစ်သက်ရာ ရွေးချယ်နိုင်လာတယ်။ ကာတွန်းဇာတ်ကောင်တွေနဲ့ လိုက်ဖက်မယ့် ချစ်စရာကောင်းတဲ့ ဒီဇိုင်းနဲ့ယာဉ်တွေ ရွေးချယ်နိုင်အောင် ထည့်သွင်းဖန်တီးထားတယ်။ ပြီးတော့ ဒီယာဉ်တွေဟာ ပျံသန်းနေရင်း တိုက်ခိုက်မှုအတွက်လည်း သုံးနိုင်လာတယ်၊ ယာဉ်ကို ပစ်ခတ်လာမှုတွေအတွက်လည်း ဒိုင်းပုံစံ ကာရန်နိုင်မှုတွေ လုပ်ဆောင်လာနိုင်တာ တွေ့ရပါတယ်။ ရန်သူကို သွားလာရင်ဆိုင်ရမယ့် ကမ႓ာသစ်တွေ အားဖြည့်ထားတာ တွေ့ရပြီး ရှေ့ထွက်ဂိမ်းတွေထက် ပိုမို ကျယ်ဝန်းတဲ့ ဝန်းကျင်တစ်ခုမှာ တိုက်ခိုက်အနိုင်ယူရမယ်၊ ပြီးတော့ အခု Version မှာ ရေအောက် ကမ႓ာထည့်ထားပြီး ရေအောက်တိုက် ခိုက်မှုတွေပါ လုပ်ဆောင်ရဖို့ ရှိလာပါတယ်။ အသစ်ထည့်ထားတဲ့ Spell သစ်ဆိုရင်လည်း ရေအောက်တိုက်ခိုက်မှုတွေမှာ အသုံးပြုရမှာပါ။

ဒါဆိုရင်တော့ ရေအောက်မှာရော ကမ႓ာသစ်တွေမှာပါ အမှောင််ထုရဲ့ မိစ္ဆာတွေကို ကာတွန်းဇာတ်ကောင်လေးတွေနဲ့ပေါင်းပြီး အနိုင်ယူဖို့ စိတ်ဝင်စားစရာဖြစ်နေပါပြီ။