Jurassic World Evolution

[ Zawgyi ]

Jurassic Park ဇာတ္လမ္း တြဲ ၾကည့္ဖူးသူေတြအတြက္ကေတာ့ အခုဂိမ္းက သိပ္မစိမ္းဘူးေပ့ါ။ ဒါေပမဲ့ ကေလးကေန လူႀကီးထိေအာင္လည္း ဒီကားေတြက ၾကည့္ဖူးေနတာဆိုေတာ့ ရင္းႏွီးေနမွာပါ။ ဇာတ္လမ္းတြဲကိုပဲ ဂိမ္းအျဖစ္ ဖန္တီးထားတယ္လုိ႔ ဆိုရင္လည္း ရႏုိင္မွာပါ။ Pro သမားေတြအတြက္ စိတ္ႀကိဳက္မျဖစ္ႏိုင္ေပမယ့္ အေပ်ာ္တမ္း ကစားခ်င္သူေတြ အတြက္ကေတာ့ အဆင္ေျပမွာပါ။

ဂိမ္းက ကြန္ပ်ဴတာတစ္လံုးရွိေန႐ံုနဲ႔ ကစားႏုိင္မယ့္အျပင္ Console နဲ႔ ကစားမယ္ ဆိုရင္လည္း PS4 နဲ႔ေရာ Xbox One နဲ႔ပါရမွာပါ။ အခုလဆန္းကမွ ထြက္ရွိထားတဲ့ အသစ္စက္စက္ ဂိမ္းျဖစ္ၿပီး အားနည္းခ်က္ျဖစ္ေနတာ တစ္ခုျမင္မိတာအေနနဲ႔က Single အေနနဲ႔ပဲ ကစားႏုိင္မွာျဖစ္ပါတယ္။

ဇာတ္လမ္းတြဲထဲမွာေတာ့ ပ်က္စီးေနတဲ့ ဒိုင္ႏိုေဆာေတြရဲ႕ ဥယ်ာဥ္ထဲမွာ လြတ္ေျမာက္ေရး ႀကိဳးစားရမယ့္ လူသားေတြ ျဖစ္ေပမယ့္ အခုဂိမ္းကေတာ့ နည္းနည္းေလး ပံုစံေျပာင္းထားပါတယ္။ စီးပြားေရးလုပ္ငန္းဆန္ဆန္ ဂိမ္းအျဖစ္ ဖန္တီးထားၿပီး ကစားသူက Jurassic World တစ္ခုကို ကိုယ္ပိုင္ဖန္တီးရမယ္။ မိမိၿခံမွာပဲ ဒိုင္ႏိုေဆာေတြကို ေအာင္ျမင္ေအာင္၊ ဆြဲေဆာင္မႈရွိေအာင္၊ ႀကီးထြားေအာင္၊ ေမြးျမဴရမယ္၊ လိုအပ္တဲ့ ေလ့လာေရးေတြကိုလည္း လုပ္ေဆာင္ေမြးျမဴရမွာပါ။

Expedition Center လို ခန္းမေတြကိုလည္း မျဖစ္မေနထည့္ သြင္းတည္ေဆာက္ရမယ္၊ သူကမွဒိုင္ႏိုေဆာေတြရဲ႕ DNA ကို ရၿပီး သက္ရွိအျဖစ္ ျပန္ရေအာင္ ေမြးျမဴရမွာျဖစ္လုိ႔ပါ။ ရလာတဲ့ DNA ကို မိမိရဲ႕ စမ္းသပ္ခ်က္ လုပ္ေဆာင္မႈ အေပၚမွာမူတည္ၿပီး အရြယ္အစား၊ အသက္ၾကာရွည္ ေနႏုိင္မႈစတဲ့ ကြဲျပားတဲ့ဒိုင္ႏိုေဆာ ေတြရလာမွာပါ။ Hammond Research Center လည္းေဆာက္ ရမယ္။ သူကေတာ့ ရလာတဲ့ ဒိုင္ႏိုေဆာေတြကို ထပ္ၿပီးသား ေဖာက္ဖို႔ခန္းမပါ။ ကစားသူက ရွိေနၿပီးသား DNA ေတြကို ေပါင္းစပ္ၿပီး မိ်ဳးသစ္ေတြရလာဖို႔လည္း စမ္းသပ္ႏိုင္ဦးမယ္။ မိမိရဲ႕ ဥယ်ာဥ္ကိုလည္း စိတ္ႀကိဳက္ျပင္ႏိုင္မယ္။ သစ္ပင္ေတြ စိုက္ရမယ္၊ ေရေတြတူးယူရမယ္၊ အားလံုးလက္ေတြ႕ ဘဝမွာလို Jurassic World တစ္ခု ဖန္တီးရမွာပါ။

ဂိမ္းထဲမွာ ဒိုင္ႏိုေဆာမ်ိဳး စိတ္ ၄၀ ေလာက္ ထည့္သြင္း ဖန္တီးထားၿပီး တစ္ဆင့္ခ်င္း Lock ပြင့္လာသလိုသင့္ရဲ႕ၿခံႀကီးမား လာမႈနဲ႔အတူ မ်ိဳးသစ္ေတြလည္း ေမြးလာႏိုင္မွာ ျဖစ္ပါတယ္။ DNA ဘ၀ကေန သက္ရွိထိေအာင္ေမြး ရမယ္။ ေနာက္ေတာ့အစာေကြ်းရမယ္၊ မိမိၿခံကို လာေရာက္ၾကည့္ ႐ႈသူမ်ားေအာင္လည္း ဖန္တီးရမယ္။ ရလာတဲ့ဝင္ေငြနဲ႔ လိုအပ္တာေတြ ဝယ္ယူၿပီး ၿခံကိုႀကီးမားေအာင္ တိုးခ်ဲ႕ရမွာျဖစ္ပါတယ္။ ဂိမ္းထဲမွာပါတဲ့ ဒိုင္ႏိုေဆာေတြကို AI စနစ္နဲ႔ ထိန္းထားၿပီး အစာစားေနတာေတြ၊ အိပ္ေနတာေတြကအစ အခ်င္းခ်င္း တိုက္ခိုက္ေနတာေတြပါ ပါေအာင္သဘာဝက်က် ဖန္တီးထားတာေတြ႕ရပါတယ္။ လာေရာက္လည္ပတ္သူ ေတြစီးနင္းဖို႔ ယာဥ္ေတြလည္း ထည့္သြင္းဖန္တီးရမယ္။ စီးပြားေရးတစ္ခုကို ေထာင့္ေစ့ေအာင္ လုပ္ႏိုင္ဖုိ႔ သင္ၾကားေရး ဂိမ္းတစ္ခုလို႔ေတာင္ ဆိုႏုိင္မွာပါ။ စိတ္လည္းအပန္းေျပ၊ လုပ္ငန္းအေတြ႕ အႀကံဳလည္းရမယ့္ ဂိမ္းေကာင္း တစ္ခုျဖစ္ၿပီး တိုက္ခိုက္ေရးဂိမ္းေတြ ထြက္ရွိမႈမ်ားေနခ်ိန္ စိတ္ရွည္ရွည္နဲ႔ အခ်ိန္ေပးကစားရမယ့္ စီးပြားေရးဂိမ္းေကာင္းေလး တစ္ခုပဲျဖစ္ပါတယ္။

-သက္ႏိုင္ဦး (UCSL)

[ Unicode ]

Jurassic Park ဇာတ်လမ်း တွဲ ကြည့်ဖူးသူတွေအတွက်ကတော့ အခုဂိမ်းက သိပ်မစိမ်းဘူးပေ့ါ။ ဒါပေမဲ့ ကလေးကနေ လူကြီးထိအောင်လည်း ဒီကားတွေက ကြည့်ဖူးနေတာဆိုတော့ ရင်းနှီးနေမှာပါ။ ဇာတ်လမ်းတွဲကိုပဲ ဂိမ်းအဖြစ် ဖန်တီးထားတယ်လို့ ဆိုရင်လည်း ရနိုင်မှာပါ။ Pro သမားတွေအတွက် စိတ်ကြိုက်မဖြစ်နိုင်ပေမယ့် အပျော်တမ်း ကစားချင်သူတွေ အတွက်ကတော့ အဆင်ပြေမှာပါ။

ဂိမ်းက ကွန်ပျူတာတစ်လုံးရှိနေရုံနဲ့ ကစားနိုင်မယ့်အပြင် Console နဲ့ ကစားမယ် ဆိုရင်လည်း PS4 နဲ့ရော Xbox One နဲ့ပါရမှာပါ။ အခုလဆန်းကမှ ထွက်ရှိထားတဲ့ အသစ်စက်စက် ဂိမ်းဖြစ်ပြီး အားနည်းချက်ဖြစ်နေတာ တစ်ခုမြင်မိတာအနေနဲ့က Single အနေနဲ့ပဲ ကစားနိုင်မှာဖြစ်ပါတယ်။

ဇာတ်လမ်းတွဲထဲမှာတော့ ပျက်စီးနေတဲ့ ဒိုင်နိုဆောတွေရဲ့ ဥယျာဉ်ထဲမှာ လွတ်မြောက်ရေး ကြိုးစားရမယ့် လူသားတွေ ဖြစ်ပေမယ့် အခုဂိမ်းကတော့ နည်းနည်းလေး ပုံစံပြောင်းထားပါတယ်။ စီးပွားရေးလုပ်ငန်းဆန်ဆန် ဂိမ်းအဖြစ် ဖန်တီးထားပြီး ကစားသူက Jurassic World တစ်ခုကို ကိုယ်ပိုင်ဖန်တီးရမယ်။ မိမိခြံမှာပဲ ဒိုင်နိုဆောတွေကို အောင်မြင်အောင်၊ ဆွဲဆောင်မှုရှိအောင်၊ ကြီးထွားအောင်၊ မွေးမြူရမယ်၊ လိုအပ်တဲ့ လေ့လာရေးတွေကိုလည်း လုပ်ဆောင်မွေးမြူရမှာပါ။

Expedition Center လို ခန်းမတွေကိုလည်း မဖြစ်မနေထည့် သွင်းတည်ဆောက်ရမယ်၊ သူကမှဒိုင်နိုဆောတွေရဲ့ DNA ကို ရပြီး သက်ရှိအဖြစ် ပြန်ရအောင် မွေးမြူရမှာဖြစ်လို့ပါ။ ရလာတဲ့ DNA ကို မိမိရဲ့ စမ်းသပ်ချက် လုပ်ဆောင်မှု အပေါ်မှာမူတည်ပြီး အရွယ်အစား၊ အသက်ကြာရှည် နေနိုင်မှုစတဲ့ ကွဲပြားတဲ့ဒိုင်နိုဆော တွေရလာမှာပါ။ Hammond Research Center လည်းဆောက် ရမယ်။ သူကတော့ ရလာတဲ့ ဒိုင်နိုဆောတွေကို ထပ်ပြီးသား ဖောက်ဖို့ခန်းမပါ။ ကစားသူက ရှိနေပြီးသား DNA တွေကို ပေါင်းစပ်ပြီး မျိုးသစ်တွေရလာဖို့လည်း စမ်းသပ်နိုင်ဦးမယ်။ မိမိရဲ့ ဥယျာဉ်ကိုလည်း စိတ်ကြိုက်ပြင်နိုင်မယ်။ သစ်ပင်တွေ စိုက်ရမယ်၊ ရေတွေတူးယူရမယ်၊ အားလုံးလက်တွေ့ ဘဝမှာလို Jurassic World တစ်ခု ဖန်တီးရမှာပါ။

ဂိမ်းထဲမှာ ဒိုင်နိုဆောမျိုး စိတ် ၄၀ လောက် ထည့်သွင်း ဖန်တီးထားပြီး တစ်ဆင့်ချင်း Lock ပွင့်လာသလိုသင့်ရဲ့ခြံကြီးမား လာမှုနဲ့အတူ မျိုးသစ်တွေလည်း မွေးလာနိုင်မှာ ဖြစ်ပါတယ်။ DNA ဘဝကနေ သက်ရှိထိအောင်မွေး ရမယ်။ နောက်တော့အစာကျွေးရမယ်၊ မိမိခြံကို လာရောက်ကြည့် ရှုသူများအောင်လည်း ဖန်တီးရမယ်။ ရလာတဲ့ဝင်ငွေနဲ့ လိုအပ်တာတွေ ဝယ်ယူပြီး ခြံကိုကြီးမားအောင် တိုးချဲ့ရမှာဖြစ်ပါတယ်။ ဂိမ်းထဲမှာပါတဲ့ ဒိုင်နိုဆောတွေကို AI စနစ်နဲ့ ထိန်းထားပြီး အစာစားနေတာတွေ၊ အိပ်နေတာတွေကအစ အချင်းချင်း တိုက်ခိုက်နေတာတွေပါ ပါအောင်သဘာဝကျကျ ဖန်တီးထားတာတွေ့ရပါတယ်။ လာရောက်လည်ပတ်သူ တွေစီးနင်းဖို့ ယာဉ်တွေလည်း ထည့်သွင်းဖန်တီးရမယ်။ စီးပွားရေးတစ်ခုကို ထောင့်စေ့အောင် လုပ်နိုင်ဖို့ သင်ကြားရေး ဂိမ်းတစ်ခုလို့တောင် ဆိုနိုင်မှာပါ။ စိတ်လည်းအပန်းပြေ၊ လုပ်ငန်းအတွေ့ အကြုံလည်းရမယ့် ဂိမ်းကောင်း တစ်ခုဖြစ်ပြီး တိုက်ခိုက်ရေးဂိမ်းတွေ ထွက်ရှိမှုများနေချိန် စိတ်ရှည်ရှည်နဲ့ အချိန်ပေးကစားရမယ့် စီးပွားရေးဂိမ်းကောင်းလေး တစ်ခုပဲဖြစ်ပါတယ်။

-သက်နိုင်ဦး (UCSL)