iPhone XS, XS Max နဲ႔ XR အတြက္ Smart Battery Case ေတြကို Apple ျဖန္႔ခ်ိ

[ Zawgyi ]

Apple ဟာ iPhone XS, XS Max နဲ႔ XR အပါအဝင္ ၂၀၁၈ ခုႏွစ္ထုတ္ iPhone ေတြအတြက္ Smart Battery Case အသစ္ေတြကို ျဖန္႔ခ်ိခဲ့ပါတယ္။

အဲဒီ Smart Battery Case အသစ္ေတြကို အျဖဴနဲ႔ အနက္ဆုိၿပီး ထုတ္လုပ္ထားပါတယ္။ ေဈးႏႈန္းကေတာ့ ေဒၚလာ ၁၂၀ က်သင့္မွာျဖစ္ၿပီး iPhone အတြက္ ဘက္ထရီသက္တမ္း အပုိရရွိေအာင္ ဒီဇိုင္းထုတ္ေပးထားပါတယ္။ Smart Battery Case ေတြက iPhone 7 အတြက္ ထုတ္လုပ္ခဲ့ဖူးတဲ့ ထုတ္ကုန္ ဒီဇိုင္းနဲ႔ ဆင္ပါတယ္။

Smart Battery Case ေတြဟာ ထုတ္ကုန္ေတြေပၚမူတည္ၿပီး ဘက္ထရီသက္တမ္း အမ်ိဳးမ်ိဳး ကြာျခားမႈ ရွိပါတယ္။ iPhone XS Battery Case ကုိ iPhone XS နဲ႔ခ်ိတ္ဆက္လိုက္ရင္ စကားေျပာဆိုမႈ ၃၃ နာရီ၊ အင္တာနက္ အသုံးျပဳမႈ ၂၁ နာရီနဲ႔ ဗီဒီယိုၾကည့္႐ႈမႈ ၂၅ နာရီအထိ ရရွိႏိုင္ပါတယ္။

IPhone XS Max ကုိ XS Max Smart Battery Case နဲ႔ခ်ိတ္ဆက္လိုက္ရင္ စကားေျပာဆိုမႈအခ်ိန္ ၃၇ နာရီ၊ အင္တာနက္အသုံးျပဳမႈ နာရီ ၂၀ နဲ႔ ဗီဒီယိုၾကည့္႐ႈမႈ ၂၅ နာရီ အထိ ရရွိႏိုင္ပါတယ္။

XR Battery Case တပ္ဆင္ထားတဲ့ iPhone XR မွာေတာ့ စကားေျပာဆိုမႈအခ်ိန္ ၃၉ နာရီ၊ အင္တာနက္အသုံးျပဳမႈ ၂၂ နာရီနဲ႔ ဗီဒီယိုၾကည့္႐ႈမႈ ၂၇ နာရီအထိ ရရွိလာႏိုင္ပါတယ္။

Apple ဟာ iPhone 7 မိတ္ဆက္ၿပီးေနာက္ပိုင္း Smart Battery Case ကို မထုတ္လုပ္ေတာ့တာျဖစ္ပါတယ္။ iPhone 8, iPhone X, iPhone XS, iPhone XS Max နဲ႔ iPhone XR တို႔မွာ ႀကိဳးမဲ့အားသြင္းစနစ္ေထာက္ပံ့မႈ ပါဝင္လာတာေၾကာင့္ ျပန္လည္အဆင့္ျမႇင့္ ထုတ္လုပ္ ျဖန္႔ခ်ိေရာင္းခ်ခဲ့တာ ျဖစ္ပါတယ္။

Apple ကထုတ္လုပ္တဲ့ Smart Battery Case ေတြကို Lightning ဒါမွမဟုတ္ Qi ႀကိဳးမဲ့အားသြင္းစနစ္ကေန အားသြင္းႏိုင္ပါတယ္။ ဒါမွမဟုတ္ USB-PD နဲ႔တြဲဖက္အသုံးျပဳႏိုင္တဲ့ charger ေတြနဲ႔လည္း အားသြင္းႏိုင္တယ္လို႔ Apple ကေျပာခဲ့ပါတယ္။

စိုးထက္
Ref: MacRumors

[ Unicode ]

Apple ဟာ iPhone XS, XS Max နဲ့ XR အပါအဝင် ၂၀၁၈ ခုနှစ်ထုတ် iPhone တွေအတွက် Smart Battery Case အသစ်တွေကို ဖြန့်ချိခဲ့ပါတယ်။

အဲဒီ Smart Battery Case အသစ်တွေကို အဖြူနဲ့ အနက်ဆိုပြီး ထုတ်လုပ်ထားပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၂၀ ကျသင့်မှာဖြစ်ပြီး iPhone အတွက် ဘက်ထရီသက်တမ်း အပိုရရှိအောင် ဒီဇိုင်းထုတ်ပေးထားပါတယ်။ Smart Battery Case တွေက iPhone 7 အတွက် ထုတ်လုပ်ခဲ့ဖူးတဲ့ ထုတ်ကုန် ဒီဇိုင်းနဲ့ ဆင်ပါတယ်။

Smart Battery Case တွေဟာ ထုတ်ကုန်တွေပေါ်မူတည်ပြီး ဘက်ထရီသက်တမ်း အမျိုးမျိုး ကွာခြားမှု ရှိပါတယ်။ iPhone XS Battery Case ကို iPhone XS နဲ့ချိတ်ဆက်လိုက်ရင် စကားပြောဆိုမှု ၃၃ နာရီ၊ အင်တာနက် အသုံးပြုမှု ၂၁ နာရီနဲ့ ဗီဒီယိုကြည့်ရှုမှု ၂၅ နာရီအထိ ရရှိနိုင်ပါတယ်။

IPhone XS Max ကို XS Max Smart Battery Case နဲ့ချိတ်ဆက်လိုက်ရင် စကားပြောဆိုမှုအချိန် ၃၇ နာရီ၊ အင်တာနက်အသုံးပြုမှု နာရီ ၂၀ နဲ့ ဗီဒီယိုကြည့်ရှုမှု ၂၅ နာရီ အထိ ရရှိနိုင်ပါတယ်။
XR Battery Case တပ်ဆင်ထားတဲ့ iPhone XR မှာတော့ စကားပြောဆိုမှုအချိန် ၃၉ နာရီ၊ အင်တာနက်အသုံးပြုမှု ၂၂ နာရီနဲ့ ဗီဒီယိုကြည့်ရှုမှု ၂၇ နာရီအထိ ရရှိလာနိုင်ပါတယ်။

Apple ဟာ iPhone 7 မိတ်ဆက်ပြီးနောက်ပိုင်း Smart Battery Case ကို မထုတ်လုပ်တော့တာဖြစ်ပါတယ်။ iPhone 8, iPhone X, iPhone XS, iPhone XS Max နဲ့ iPhone XR တို့မှာ ကြိုးမဲ့အားသွင်းစနစ်ထောက်ပံ့မှု ပါဝင်လာတာကြောင့် ပြန်လည်အဆင့်မြှင့် ထုတ်လုပ် ဖြန့်ချိရောင်းချခဲ့တာ ဖြစ်ပါတယ်။

Apple ကထုတ်လုပ်တဲ့ Smart Battery Case တွေကို Lightning ဒါမှမဟုတ် Qi ကြိုးမဲ့အားသွင်းစနစ်ကနေ အားသွင်းနိုင်ပါတယ်။ ဒါမှမဟုတ် USB-PD နဲ့တွဲဖက်အသုံးပြုနိုင်တဲ့ charger တွေနဲ့လည်း အားသွင်းနိုင်တယ်လို့ Apple ကပြောခဲ့ပါတယ်။

Ref: MacRumors