iPhone XS နဲ႔ iPhone XR အတြက္ ထုတ္လုပ္မႈ အမွာစာေတြကုိ Apple ေလွ်ာ႔ခ်ေန

[ Zawgyi ]

Apple ရဲ႕ေနာက္ဆုံးေပၚ iPhone ေမာ္ဒယ္ေတြဟာ ေမွ်ာ္လင့္ထားသေလာက္ ေရာင္းအားမေကာင္းဘူးလို႔ ကုန္ပစၥည္းေထာက္ပံ့ သူေတြက ေျပာဆုိေနၾကပါတယ္။ အခုအခါမွာ Apple ဟာ iPhone XS နဲ႔ iPhone XR ႏွစ္ခုစလုံးအတြက္ အမွာစာေတြကိုလည္း ေလွ်ာ႔ခ်လုိက္တယ္လို႔ Wall Street Journal ကေဖာ္ျပေနပါတယ္။

Apple ဟာ စမတ္ဖုန္းေဈးကြက္ ေရာင္းအားက်ဆင္းမႈနဲ႔ တ႐ုတ္ေဈးကြက္ က်ဆင္းမႈအတြင္း ထုတ္လုပ္ထားတဲ့ ေမာ္ဒယ္ ၃ မ်ိဳးစလုံး အတြက္ ေရာင္းအားကုိ တိတိက်က် ခန္႔မွန္းဖို႔ ခက္ခဲေနပါတယ္။ အခုအေျပာင္းအလဲေၾကာင့္ ျဖစ္ေပၚလာမယ့္ ထုတ္လုပ္မႈ အခ်ိန္စာရင္းေတြက ကုန္ပစၥည္းေထာက္ပံ့သူေတြကုိ စိတ္ပ်က္ေစတယ္လို႔ Wall Street Journal ကေဖာ္ျပခဲ့ပါတယ္။

Apple ဟာ iPhone ေမာ္ဒယ္ေတြအျပင္ ဝင္ေငြနဲ႔ အျမတ္အစြန္းတိုးတက္ေနတဲ့ ဝန္ေဆာင္မႈလုပ္ငန္းေတြကို ျပန္လည္ လုပ္ေဆာင္ဖုိ႔ ႀကိဳးစားေနပါတယ္။ ဒါေၾကာင့္ ခန္႔မွန္းခ်က္အမ်ားစုက ဒီႏွစ္ သုံးလပတ္မွာ iPhone ပွ်မ္းမွ်ေဈးႏႈန္းေတြက ျမင့္တက္လာမွာ ျဖစ္ပါတယ္။ Apple အေနနဲ႔ ခန္႔မွန္းထားတဲ့ ေငြေၾကးရရွိဖို႔ iPhone အလုံးေရအနည္းငယ္ကုိ ေရာင္းခ်ရမယ့္ သေဘာျဖစ္ပါတယ္။

ကုန္ပစၥည္းေထာက္ပံ့သူေတြအတြက္ အခုအေျပာင္းအလဲဟာ အခက္အခဲမ်ားစြာေတြ႕ေစတယ္လို႔ Wall Street Journal ရဲ႕ သတင္းရင္းျမစ္တစ္ခုက ေျပာခဲ့ပါတယ္။

iPhone XR အမွာစာေတြကုိ သုံးပုံတစ္ပုံအထိ ေလွ်ာ႔ခ်ေနတယ္လို႔ သတင္းမွာ ေဖာ္ျပထားၿပီး ၿပီးခဲ့တဲ့တစ္ပတ္က အမွာစာေလွ်ာ႔ခ်မႈနဲ႔ ပတ္သက္ၿပီး သြယ္ဝိုက္ေျပာဆိုခဲ့ပါတယ္။ iPhone XS နဲ႔ iPhone XS Max အမွာစာေတြ အေတာ္ေလ်ာ့နည္းသြားႏိုင္ပါတယ္။

ဒီလအေစာပုိင္းမွာ Apple စေတာ့ရွယ္ယာ ၅ ရာခုိင္ႏႈန္း က်ဆင္းသြားၿပီး iPhone ေရာင္းအားဟာ ေမွ်ာ္မွန္းတာထက္ က်ဆင္းႏိုင္ဖြယ္ ရွိတယ္လို႔ Apple ပစၥည္း ေထာက္ပံ့သူေတြက ရင္းႏွီးျမႇဳပ္ႏွံသူေတြကုိ ေျပာထားပါတယ္။

စုိးထက္
Ref: 9to5Mac

[ Unicode ]

Apple ရဲ့နောက်ဆုံးပေါ် iPhone မော်ဒယ်တွေဟာ မျှော်လင့်ထားသလောက် ရောင်းအားမကောင်းဘူးလို့ ကုန်ပစ္စည်းထောက်ပံ့ သူတွေက ပြောဆိုနေကြပါတယ်။ အခုအခါမှာ Apple ဟာ iPhone XS နဲ့ iPhone XR နှစ်ခုစလုံးအတွက် အမှာစာတွေကိုလည်း လျှော့ချလိုက်တယ်လို့ Wall Street Journal ကဖော်ပြနေပါတယ်။

Apple ဟာ စမတ်ဖုန်းဈေးကွက် ရောင်းအားကျဆင်းမှုနဲ့ တရုတ်ဈေးကွက် ကျဆင်းမှုအတွင်း ထုတ်လုပ်ထားတဲ့ မော်ဒယ် ၃ မျိုးစလုံး အတွက် ရောင်းအားကို တိတိကျကျ ခန့်မှန်းဖို့ ခက်ခဲနေပါတယ်။ အခုအပြောင်းအလဲကြောင့် ဖြစ်ပေါ်လာမယ့် ထုတ်လုပ်မှု အချိန်စာရင်းတွေက ကုန်ပစ္စည်းထောက်ပံ့သူတွေကို စိတ်ပျက်စေတယ်လို့ Wall Street Journal ကဖော်ပြခဲ့ပါတယ်။

Apple ဟာ iPhone မော်ဒယ်တွေအပြင် ဝင်ငွေနဲ့ အမြတ်အစွန်းတိုးတက်နေတဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကို ပြန်လည် လုပ်ဆောင်ဖို့ ကြိုးစားနေပါတယ်။ ဒါကြောင့် ခန့်မှန်းချက်အများစုက ဒီနှစ် သုံးလပတ်မှာ iPhone ပျှမ်းမျှဈေးနှုန်းတွေက မြင့်တက်လာမှာ ဖြစ်ပါတယ်။ Apple အနေနဲ့ ခန့်မှန်းထားတဲ့ ငွေကြေးရရှိဖို့ iPhone အလုံးရေအနည်းငယ်ကို ရောင်းချရမယ့် သဘောဖြစ်ပါတယ်။

ကုန်ပစ္စည်းထောက်ပံ့သူတွေအတွက် အခုအပြောင်းအလဲဟာ အခက်အခဲများစွာတွေ့စေတယ်လို့ Wall Street Journal ရဲ့ သတင်းရင်းမြစ်တစ်ခုက ပြောခဲ့ပါတယ်။

iPhone XR အမှာစာတွေကို သုံးပုံတစ်ပုံအထိ လျှော့ချနေတယ်လို့ သတင်းမှာ ဖော်ပြထားပြီး ပြီးခဲ့တဲ့တစ်ပတ်က အမှာစာလျှော့ချမှုနဲ့ ပတ်သက်ပြီး သွယ်ဝိုက်ပြောဆိုခဲ့ပါတယ်။ iPhone XS နဲ့ iPhone XS Max အမှာစာတွေ အတော်လျော့နည်းသွားနိုင်ပါတယ်။

ဒီလအစောပိုင်းမှာ Apple စတော့ရှယ်ယာ ၅ ရာခိုင်နှုန်း ကျဆင်းသွားပြီး iPhone ရောင်းအားဟာ မျှော်မှန်းတာထက် ကျဆင်းနိုင်ဖွယ် ရှိတယ်လို့ Apple ပစ္စည်း ထောက်ပံ့သူတွေက ရင်းနှီးမြှုပ်နှံသူတွေကို ပြောထားပါတယ်။

စိုးထက်
Ref: 9to5Mac