August 20, 2018

iPhone X အတြက္ မရွိမျဖစ္ ထည့္ထားသင့္တဲ့ Camera App (၇)မ်ိဳး

[ Zawgyi ]

ကိုယ့္ရဲ႕ iPhone X ဖုန္းဟာ အျမင့္ပိုင္း ဖုန္းတစ္လံုးျဖစ္တဲ့အတြက္ Function ေတြမွာ ေတာ္ေတာ္ေလးကိုု ျပည့္စံုုေကာင္းမြန္ပါတယ္။ ဒါေပမဲ့လည္း အခ်ိဳ႕ေနရာေတြမွာ ျပည့္စံုတဲ့ လုပ္ေဆာင္ခ်က္ေတြ မေပးႏိုင္တာေၾကာင့္ Third party application ေတြ ထည့္သြင္းၿပီး
အကူအညီထပ္မံ ရယူၾကရပါတယ္။ အခုေဖာ္ျပမယ့္ အေၾကာင္းအရာကေတာ့ ကင္မရာ႐ိုက္ကူးတဲ့အခါမွာ ကိုုယ့္ရဲ႕ iPhone X မွာ ကိုုယ္လိုုခ်င္တဲ့ camera စနစ္ထပ္မပါဘူးဆိုုရင္ ဘယ္လိုမ်ိဳး App ေတြ ထည့္သြင္းၿပီး ႐ိုက္ကူးသင့္တယ္ဆိုတာကို သိရေအာင္ ေဖာ္ျပေပး လိုက္ပါတယ္။ အခုေဖာ္ျပေပးလိုက္တဲ့ App ေတြဟာ iPhone X နဲ႔ ကင္မရာ႐ိုက္တဲ့သူေတြ အသံုးတည့္ႏိုင္ေလာက္မယ့္ Camera app (၇) မ်ိဳးကိုေရြးခ်ယ္ၿပီး ေဖာ္ျပေပးလိုက္ပါတယ္။

၁။ Instagram

Instagram ကေတာ့ ေထြေထြထူးထူး မိတ္ဆက္ေပးစရာမလိုတဲ့ App တစ္ခုပဲျဖစ္ပါတယ္။ Social media နဲ႔ Camea app ကို
ေပါင္းစပ္ေပးထားတဲ့ App တစ္ခုပဲျဖစ္ပါတယ္။ ဓာတ္ပံု႐ိုက္မယ္၊ ၿပီးရင္ Filter ေတြထည့္ၿပီး edit လုပ္မယ္။ filter ေတြကိုလည္း အမ်ားအျပား ထည့္သြင္းႏုိင္ပါတယ္။

ဒါ့အျပင္ စေတကာေတြလည္း ဓာတ္ပံုေပၚမွာ ထည့္႐ိုက္ႏိုင္တဲ့ App တစ္ခုလည္း ျဖစ္ပါတယ္။ ႐ိုက္ကူးထားသမွ် ဓာတ္ပံုေတြကို instagram ေပၚမွာပဲ သူငယ္ခ်င္းေတြကို ေဝမွ်ႏိုင္သလို Facebook ကိုလည္း တစ္ၿပိဳင္တည္း တင္ႏိုင္ပါတယ္။ အျခား manual app ေတြကို လုပ္ေဆာင္ခ်က္မ်ားမ်ားမပါေပမယ့္ iOS နဲ႔ Androd မွာပါ သံုးႏိုင္တဲ့ App ပဲျဖစ္ပါတယ္။

၂။ Proshot

Rule of third အတြက္ Grid line ေတြပါဝင္မယ္။ ဓာတ္ပံုရဲ႕ အခ်ိဳးအစားေတြ ျပဳျပင္ႏုိင္မယ္။ RAW ဖိုင္ေတြ ထုတ္ႏိုင္မယ္။ White balance ခ်ိန္ညိႇႏိုင္မယ္။ Exposure ကိုလိုသလို ခ်ိန္ညိႇႏိုင္မယ္။ Shutter speed setting ေတြပါဝင္ေနမယ္ဆိုရင္ေတာ့ အဲဒီ App ကလည္း နာမည္ႀကီး Proapp ပဲျဖစ္ပါတယ္။

App ထဲမွာ ပါဝင္တဲ့ စနစ္ေတြ လုပ္ေဆာင္ခ်က္ေတြဟာ ဓာတ္ပံု႐ိုက္ဖို႔ စိတ္ကူးထဲမွာ ပံုေဖာ္ထားတဲ့အတိုင္း ဖန္တီးႏိုင္ဖို႔ Function မ်ားအျပားထည့္ေပးထားတာကို ေတြ႕ရပါတယ္။ ဓာတ္ပံု Theory ေတြအတိုင္း ဖန္တီး႐ိုက္ကူးႏိုင္ေအာင္ အကူအညီေကာင္းေကာင္း ေပးႏုိင္ပါတယ္။

Screen ေပၚမွာတင္ တစ္ခ်ိန္တည္း ခ်ိန္ညိႇမႈေတြျပဳလုပ္ႏိုင္ေအာင္ live histogram ကို အေထာက္အပံ့ေပးထားၿပီး ဓာတ္ပံု႐ိုက္ကူးမယ့္ အခ်ိန္မွာျဖစ္ေနတဲ့ ေမွာင္ေနျခင္း၊ လႈပ္ရွားေနတဲ့ ပံုရိပ္စတာေတြကို ႐ိုက္ကူးႏိုင္ဖို႔ Funtion တစ္ခုလည္း ထည့္ေပးထားပါတယ္။ ႐ိုက္ကူးထားတဲ့ ဓာတ္ပံုေတြကို EXIF Data အေနနဲ႔ သိမ္းဆည္းႏိုင္ၿပီး မိုဘိုင္းဖုန္းေတြထဲမွာ ထည့္သြင္းထားသင့္တဲ့ App တစ္ခုပဲျဖစ္ပါတယ္။ ဘာလို႔လည္းဆိုေတာ့ IOS, Andriod, Windows OS ကဲ့သို႔ေသာ Platform အစံုမွာ ထည့္လို႔ရတဲ့ တစ္ခုတည္းေသာ App ျဖစ္လို႔ပါပဲ။

၃။ Camera+

Camera+ ထြက္တာ ႏွစ္အေတာ္အတန္ၾကာခဲ့ၿပီဆိုေပမယ့္ iOS ကင္မရာ App ေတြထဲမွာေတာ့ အေကာင္းဆံုးျဖစ္ေနေသးတာ အခုအခ်ိန္အထိပါပဲ။ Professional ဓာတ္ပံုေတြကို ႐ိုက္ကူးႏိုင္ ေလာက္တဲ့ အဆင့္ထိျဖစ္ေအာင္ စနစ္ေတြ ထည့္ေပးထားတဲ့ App တစ္ခုလည္း ျဖစ္ပါတယ္။ ပံုစံဒီဇိုင္းကလည္း Apple က ထုတ္တဲ့ ထုတ္ကုန္ေတြလို ႐ိုးရွင္းၿပီး သံုးရလြယ္တဲ့ interface မ်ိဳးျဖစ္ေအာင္ ဖန္တီးေပးထားပါတယ္။

App မွာပါဝင္တဲ့ မ်ားျပားလွတဲ့ Function ေတြထဲက အသံုးမ်ား မယ့္ Fucntion ေတြကေတာ့ Filter ေတြ ထည့္႐ိုက္တာ HDR စနစ္ ထပ္ေပါင္းထည့္ျခင္း၊ Focus ခ်ိန္ညိႇျခင္း၊ exposure control နဲ႔ ႐ိုက္ေနတဲ့အခ်ိန္မွာ ခ်ိန္ညိႇႏိုင္တဲ့စနစ္၊ အလင္းေရာင္ပိုေပးႏိုင္ျခင္း နဲ႔ ႐ိုက္ၿပီးတဲ့အခ်ိန္မွာ ခ်က္ခ်င္းပဲျပန္ၾကည့္ႏိုင္မယ့္ Viewer စနစ္ ေတြပါဝင္တာကို ေတြ႕ရပါတယ္။ အခုလို manual စနစ္ေတြသံုးၿပီး ႐ိုက္ကူးလိုက္တဲ့အခ်ိန္မွာ ထြက္လာတဲ့ ဓာတ္ပံုေတြဟာ ႐ိုး႐ိုးတန္းတန္း ႐ိုက္လိုက္တဲ့ ပံုထြက္ အမ်ားႀကီးကြာျခားသြားေအာင္ Camera+ က ဖန္တီးေပးႏိုင္ပါတယ္။

၄။ Clip App

Camera 360 Degree အတြက္ iPhone X အတြက္ Clip app ကိုု မိတ္ဆက္ထားၿပီးသားျဖစ္ပါတယ္။ သံုးဖူးသူေတြအတြက္ သိၿပီးသား နာမည္ႀကီးတဲ့ App တစ္ခုပဲျဖစ္ပါတယ္။ ႐ိုက္ကူးတဲ့အခ်ိန္မွာ Filter ေတြ အမ်ားအျပားထပ္ေပါင္းထည့္ၿပီး ႐ိုက္ကူးႏိုင္သလို လူမႈကြန္ရက္ကိုလည္း တစ္ၿပိဳင္တည္း တင္ႏိုင္ေအာင္ ဖန္တီးေပးထားပါတယ္။

funny sticker ေပါင္းမ်ားစြာပါဝင္ၿပီး Crap လုပ္႐ိုက္ကူးကာ လူမႈကြန္ရက္ေပၚကိုလည္း တင္ႏိုင္ေအာင္ ဖန္တီးေပးထားပါတယ္။ ဓာတ္ပံုမ႐ိုက္ကူးခင္မွာဘဲ ႐ိုက္ကူးႏိုင္မယ့္ ပံုစံေတြကို တစ္ၿပိဳင္တည္း ၾကည့္ႏိုင္မယ့္ Preview function ေတြ ပါဝင္ပါတယ္။

၅။ Focos

Focus App ရဲ႕ အဓိကလုပ္ေဆာင္ခ်က္က ပံုရိပ္ကိုျပတ္သားေအာင္ အေလးေပးလုပ္ေဆာင္ျခင္းပဲျဖစ္ပါတယ္။ Viewfinder ေပၚမွာ ေပၚလာတဲ့ပံုရိပ္ကို အျပတ္သားဆံုးဖမ္းယူရရွိႏိုင္ေအာင္ လုပ္ေဆာင္ေပးမယ့္ App တစ္ခုပဲျဖစ္ပါတယ္။ ေနာက္ထပ္ ပါဝင္တဲ့ အရည္အေသြးတခ်ိဳ႕ ကေတာ့ အေရာင္အေသြးမ်ိဳးစံုနဲ႔ ႐ိုက္ကူးႏိုင္ျခင္းနဲ႔ Bokeh effect လိုမ်ိဳး background ကို ဝါးသြားေအာင္ ဖန္တီးေပးႏုိင္မယ့္ စနစ္ေတြ ပါဝင္ပါတယ္။ ႐ိုက္ကူးၿပီးတဲ့ ဓာတ္ပံုေတြကို Edit လုပ္ဖို႔ ျပန္ထုတ္ေပး တဲ့အခါမွာ High resolution စနစ္ေတြနဲ႔ ျပန္ထုတ္ေပးႏုိင္ပါတယ္။

ဒီ App ထဲမွာပါဝင္တဲ့ အျခားအသံုးဝင္တဲ့ Function ေတြကေတာ့ ဓာတ္ပံု႐ိုက္တဲ့အခါ Flash ထပ္ျဖည့္ႏိုင္တာ။ Shutter Speed ကို
ခ်ိန္ညိႇေပးႏိုင္တာ။ White balance, Exposure ကို ခ်ိန္ညိႇႏိုင္တာေတြနဲ႔ ဓာတ္ပံု႐ိုက္ကူးတဲ့ တစ္ခ်ိန္တည္းမွာပဲ အလင္းေရာင္ အေနအထားကို လည္း ခ်ိန္ညိႇႏိုင္မွာ ျဖစ္ပါတယ္။

၆။ VSCO

Filter ေတြ အမ်ားအျပားနဲ႔ edit လုပ္တဲ့အခါမွာ လူႀကိဳက္မ်ားတဲ့ app တစ္ခုပဲျဖစ္ပါတယ္။ ကင္မရာ ႐ိုက္ကူးတဲ့အခါမွာ filter ကို အသံုးျပဳႏိုင္ၿပီး Instagram လိုမ်ိဳး ဓာတ္ပံု sharing platform တစ္ခုကို ပါ ထည့္ေပးထားတာကို ေတြ႕ရပါတယ္။

ေျမာက္ျမားလွစြာေသာ Filter ေတြကို ေတြ႕ႏိုင္ၿပီး အသံုးျပဳရတာ လည္း user friendly ျဖစ္ပါတယ္။ ဓာတ္ပံုေတြ edit လုပ္တဲ့အခါမွာ ရလာတဲ့ ဓာတ္ပံုကမတူညီတဲ့ အရသာတစ္ခုကို ခံစားရမွာျဖစ္ၿပီး မိမိရဲ႕ မူလ႐ိုက္ကူးထားတဲ့ ဓာတ္ပံုနဲ႔ ေျပာင္းလဲသြားတဲ့ မိမိရဲ႕ဓာတ္ပံုကို ျမင္ ေတြ႕ရမွာ ျဖစ္ပါတယ္။

၇။ Manual App

Manual App ဟာ iPhone ကင္မရာသံုးစြဲသူေတြအတြက္ ပိုေကာင္းတဲ့ လုပ္ေဆာင္ခ်က္ေတြ ထပ္ေပါင္းထည့္ေပးႏိုင္မယ့္ App
တစ္ခုပဲျဖစ္ပါတယ္။ သူက DSLR ေတြမွာ ပါဝင္တဲ့ Function ေတြကိုမိုဘိုင္းဖုန္းေပၚမွာ သံုးႏိုင္ေအာင္ ဖန္တီးေပးထားပါတယ္။ Shutter Speed, ISO, White balance, Focus နဲ႔ Exposure ေတြကို လိုသလိုခ်ိန္ညိႇ႐ိုက္ကူးႏုိင္ေအာင္ လုပ္ေဆာင္ေပးပါလိမ့္မယ္။ ဓာတ္ပံု႐ိုက္ကူးတဲ့အခ်ိန္မွာ တစ္ၿပိဳင္တည္း Viewfinder မွာ ကိုယ္ခ်ိန္ညိႇတဲ့ အေၾကာင္းအရာေတြရဲ႕ Effect ေတြ ေျပာင္းလဲသြားတာကို ျမင္ေတြ႕ေနမွာျဖစ္ပါတယ္။ ဒါ့အျပင္ App ကို သံုးစြဲရတာလည္း အသံုးျပဳသူတစ္ေယာက္ အတြက္ လြယ္ကူေအာင္ ဖန္တီးေပးထားပါတယ္။

Black ဒါမွမဟုတ္ White ဆိုတဲ့ Themes ႏွစ္မ်ိဳးကိုေရြးခ်ယ္သံုးစြဲႏိုင္သလို EXIF viewer လည္း ပါဝင္ပါတယ္။ ဓာတ္ပံုပညာမွာ အဓိကက်တဲ့ Rule of third ကို ခ်ိန္႐ိုက္ႏိုင္ဖို႔ Grid line ေတြလည္း ထည့္သြင္းႏိုင္ပါေသးတယ္။ ကိုယ့္ရဲ႕ စိတ္ကူးထဲမွာ ေပၚေပါက္လာတဲ့ အရာေတြကို သီအိုရီအရ ႐ိုက္ကူးႏိုင္ဖို႔အေကာင္းဆံုး အေထာက္အပံ့ ေတြ ေကာင္းေကာင္းေပးႏိုင္မယ့္ App တစ္ခုပဲျဖစ္ပါတယ္။ App ကရွင္းရွင္းလင္းလင္းနဲ႔ သံုးစြဲရလြယ္ကူတာကိုလည္း ေတြ႕ရါတယ္။ iOS အတြက္ပဲ သံုးစြဲႏိုင္ၿပီး အခေၾကးေငြေပးရတဲ့ App တစ္ခုလည္း ျဖစ္ပါတယ္။

-စည္သူ

==============

[ Unicode ]

iPhone X အတွက် မရှိမဖြစ် ထည့်ထားသင့်တဲ့ Camera App (၇)မျိုး

==============

ကိုယ့်ရဲ့ iPhone X ဖုန်းဟာ အမြင့်ပိုင်း ဖုန်းတစ်လုံးဖြစ်တဲ့အတွက် Function တွေမှာ တော်တော်လေးကိုု ပြည့်စုုံကောင်းမွန်ပါတယ်။ ဒါပေမဲ့လည်း အချို့နေရာတွေမှာ ပြည့်စုံတဲ့ လုပ်ဆောင်ချက်တွေ မပေးနိုင်တာကြောင့် Third party application တွေ ထည့်သွင်းပြီး
အကူအညီထပ်မံ ရယူကြရပါတယ်။ အခုဖော်ပြမယ့် အကြောင်းအရာကတော့ ကင်မရာရိုက်ကူးတဲ့အခါမှာ ကိုုယ့်ရဲ့ iPhone X မှာ ကိုုယ်လိုုချင်တဲ့ camera စနစ်ထပ်မပါဘူးဆိုုရင် ဘယ်လိုမျိုး App တွေ ထည့်သွင်းပြီး ရိုက်ကူးသင့်တယ်ဆိုတာကို သိရအောင် ဖော်ပြပေး လိုက်ပါတယ်။ အခုဖော်ပြပေးလိုက်တဲ့ App တွေဟာ iPhone X နဲ့ ကင်မရာရိုက်တဲ့သူတွေ အသုံးတည့်နိုင်လောက်မယ့် Camera app (၇) မျိုးကိုရွေးချယ်ပြီး ဖော်ပြပေးလိုက်ပါတယ်။

၁။ Instagram

Instagram ကတော့ ထွေထွေထူးထူး မိတ်ဆက်ပေးစရာမလိုတဲ့ App တစ်ခုပဲဖြစ်ပါတယ်။ Social media နဲ့ Camea app ကို
ပေါင်းစပ်ပေးထားတဲ့ App တစ်ခုပဲဖြစ်ပါတယ်။ ဓာတ်ပုံရိုက်မယ်၊ ပြီးရင် Filter တွေထည့်ပြီး edit လုပ်မယ်။ filter တွေကိုလည်း အများအပြား ထည့်သွင်းနိုင်ပါတယ်။

ဒါ့အပြင် စတေကာတွေလည်း ဓာတ်ပုံပေါ်မှာ ထည့်ရိုက်နိုင်တဲ့ App တစ်ခုလည်း ဖြစ်ပါတယ်။ ရိုက်ကူးထားသမျှ ဓာတ်ပုံတွေကို instagram ပေါ်မှာပဲ သူငယ်ချင်းတွေကို ဝေမျှနိုင်သလို Facebook ကိုလည်း တစ်ပြိုင်တည်း တင်နိုင်ပါတယ်။ အခြား manual app တွေကို လုပ်ဆောင်ချက်များများမပါပေမယ့် iOS နဲ့ Androd မှာပါ သုံးနိုင်တဲ့ App ပဲဖြစ်ပါတယ်။

၂။ Proshot

Rule of third အတွက် Grid line တွေပါဝင်မယ်။ ဓာတ်ပုံရဲ့ အချိုးအစားတွေ ပြုပြင်နိုင်မယ်။ RAW ဖိုင်တွေ ထုတ်နိုင်မယ်။ White balance ချိန်ညှိနိုင်မယ်။ Exposure ကိုလိုသလို ချိန်ညှိနိုင်မယ်။ Shutter speed setting တွေပါဝင်နေမယ်ဆိုရင်တော့ အဲဒီ App ကလည်း နာမည်ကြီး Proapp ပဲဖြစ်ပါတယ်။

App ထဲမှာ ပါဝင်တဲ့ စနစ်တွေ လုပ်ဆောင်ချက်တွေဟာ ဓာတ်ပုံရိုက်ဖို့ စိတ်ကူးထဲမှာ ပုံဖော်ထားတဲ့အတိုင်း ဖန်တီးနိုင်ဖို့ Function များအပြားထည့်ပေးထားတာကို တွေ့ရပါတယ်။ ဓာတ်ပုံ Theory တွေအတိုင်း ဖန်တီးရိုက်ကူးနိုင်အောင် အကူအညီကောင်းကောင်း ပေးနိုင်ပါတယ်။

Screen ပေါ်မှာတင် တစ်ချိန်တည်း ချိန်ညှိမှုတွေပြုလုပ်နိုင်အောင် live histogram ကို အထောက်အပံ့ပေးထားပြီး ဓာတ်ပုံရိုက်ကူးမယ့် အချိန်မှာဖြစ်နေတဲ့ မှောင်နေခြင်း၊ လှုပ်ရှားနေတဲ့ ပုံရိပ်စတာတွေကို ရိုက်ကူးနိုင်ဖို့ Funtion တစ်ခုလည်း ထည့်ပေးထားပါတယ်။ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို EXIF Data အနေနဲ့ သိမ်းဆည်းနိုင်ပြီး မိုဘိုင်းဖုန်းတွေထဲမှာ ထည့်သွင်းထားသင့်တဲ့ App တစ်ခုပဲဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့ IOS, Andriod, Windows OS ကဲ့သို့သော Platform အစုံမှာ ထည့်လို့ရတဲ့ တစ်ခုတည်းသော App ဖြစ်လို့ပါပဲ။

၃။ Camera+

Camera+ ထွက်တာ နှစ်အတော်အတန်ကြာခဲ့ပြီဆိုပေမယ့် iOS ကင်မရာ App တွေထဲမှာတော့ အကောင်းဆုံးဖြစ်နေသေးတာ အခုအချိန်အထိပါပဲ။ Professional ဓာတ်ပုံတွေကို ရိုက်ကူးနိုင် လောက်တဲ့ အဆင့်ထိဖြစ်အောင် စနစ်တွေ ထည့်ပေးထားတဲ့ App တစ်ခုလည်း ဖြစ်ပါတယ်။ ပုံစံဒီဇိုင်းကလည်း Apple က ထုတ်တဲ့ ထုတ်ကုန်တွေလို ရိုးရှင်းပြီး သုံးရလွယ်တဲ့ interface မျိုးဖြစ်အောင် ဖန်တီးပေးထားပါတယ်။

App မှာပါဝင်တဲ့ များပြားလှတဲ့ Function တွေထဲက အသုံးများ မယ့် Fucntion တွေကတော့ Filter တွေ ထည့်ရိုက်တာ HDR စနစ် ထပ်ပေါင်းထည့်ခြင်း၊ Focus ချိန်ညှိခြင်း၊ exposure control နဲ့ ရိုက်နေတဲ့အချိန်မှာ ချိန်ညှိနိုင်တဲ့စနစ်၊ အလင်းရောင်ပိုပေးနိုင်ခြင်း နဲ့ ရိုက်ပြီးတဲ့အချိန်မှာ ချက်ချင်းပဲပြန်ကြည့်နိုင်မယ့် Viewer စနစ် တွေပါဝင်တာကို တွေ့ရပါတယ်။ အခုလို manual စနစ်တွေသုံးပြီး ရိုက်ကူးလိုက်တဲ့အချိန်မှာ ထွက်လာတဲ့ ဓာတ်ပုံတွေဟာ ရိုးရိုးတန်းတန်း ရိုက်လိုက်တဲ့ ပုံထွက် အများကြီးကွာခြားသွားအောင် Camera+ က ဖန်တီးပေးနိုင်ပါတယ်။

၄။ Clip App

Camera 360 Degree အတွက် iPhone X အတွက် Clip app ကိုု မိတ်ဆက်ထားပြီးသားဖြစ်ပါတယ်။ သုံးဖူးသူတွေအတွက် သိပြီးသား နာမည်ကြီးတဲ့ App တစ်ခုပဲဖြစ်ပါတယ်။ ရိုက်ကူးတဲ့အချိန်မှာ Filter တွေ အများအပြားထပ်ပေါင်းထည့်ပြီး ရိုက်ကူးနိုင်သလို လူမှုကွန်ရက်ကိုလည်း တစ်ပြိုင်တည်း တင်နိုင်အောင် ဖန်တီးပေးထားပါတယ်။

funny sticker ပေါင်းများစွာပါဝင်ပြီး Crap လုပ်ရိုက်ကူးကာ လူမှုကွန်ရက်ပေါ်ကိုလည်း တင်နိုင်အောင် ဖန်တီးပေးထားပါတယ်။ ဓာတ်ပုံမရိုက်ကူးခင်မှာဘဲ ရိုက်ကူးနိုင်မယ့် ပုံစံတွေကို တစ်ပြိုင်တည်း ကြည့်နိုင်မယ့် Preview function တွေ ပါဝင်ပါတယ်။

၅။ Focos

Focus App ရဲ့ အဓိကလုပ်ဆောင်ချက်က ပုံရိပ်ကိုပြတ်သားအောင် အလေးပေးလုပ်ဆောင်ခြင်းပဲဖြစ်ပါတယ်။ Viewfinder ပေါ်မှာ ပေါ်လာတဲ့ပုံရိပ်ကို အပြတ်သားဆုံးဖမ်းယူရရှိနိုင်အောင် လုပ်ဆောင်ပေးမယ့် App တစ်ခုပဲဖြစ်ပါတယ်။ နောက်ထပ် ပါဝင်တဲ့ အရည်အသွေးတချို့ ကတော့ အရောင်အသွေးမျိုးစုံနဲ့ ရိုက်ကူးနိုင်ခြင်းနဲ့ Bokeh effect လိုမျိုး background ကို ဝါးသွားအောင် ဖန်တီးပေးနိုင်မယ့် စနစ်တွေ ပါဝင်ပါတယ်။ ရိုက်ကူးပြီးတဲ့ ဓာတ်ပုံတွေကို Edit လုပ်ဖို့ ပြန်ထုတ်ပေး တဲ့အခါမှာ High resolution စနစ်တွေနဲ့ ပြန်ထုတ်ပေးနိုင်ပါတယ်။

ဒီ App ထဲမှာပါဝင်တဲ့ အခြားအသုံးဝင်တဲ့ Function တွေကတော့ ဓာတ်ပုံရိုက်တဲ့အခါ Flash ထပ်ဖြည့်နိုင်တာ။ Shutter Speed ကို
ချိန်ညှိပေးနိုင်တာ။ White balance, Exposure ကို ချိန်ညှိနိုင်တာတွေနဲ့ ဓာတ်ပုံရိုက်ကူးတဲ့ တစ်ချိန်တည်းမှာပဲ အလင်းရောင် အနေအထားကို လည်း ချိန်ညှိနိုင်မှာ ဖြစ်ပါတယ်။

၆။ VSCO

Filter တွေ အများအပြားနဲ့ edit လုပ်တဲ့အခါမှာ လူကြိုက်များတဲ့ app တစ်ခုပဲဖြစ်ပါတယ်။ ကင်မရာ ရိုက်ကူးတဲ့အခါမှာ filter ကို အသုံးပြုနိုင်ပြီး Instagram လိုမျိုး ဓာတ်ပုံ sharing platform တစ်ခုကို ပါ ထည့်ပေးထားတာကို တွေ့ရပါတယ်။

မြောက်မြားလှစွာသော Filter တွေကို တွေ့နိုင်ပြီး အသုံးပြုရတာ လည်း user friendly ဖြစ်ပါတယ်။ ဓာတ်ပုံတွေ edit လုပ်တဲ့အခါမှာ ရလာတဲ့ ဓာတ်ပုံကမတူညီတဲ့ အရသာတစ်ခုကို ခံစားရမှာဖြစ်ပြီး မိမိရဲ့ မူလရိုက်ကူးထားတဲ့ ဓာတ်ပုံနဲ့ ပြောင်းလဲသွားတဲ့ မိမိရဲ့ဓာတ်ပုံကို မြင် တွေ့ရမှာ ဖြစ်ပါတယ်။

၇။ Manual App

Manual App ဟာ iPhone ကင်မရာသုံးစွဲသူတွေအတွက် ပိုကောင်းတဲ့ လုပ်ဆောင်ချက်တွေ ထပ်ပေါင်းထည့်ပေးနိုင်မယ့် App
တစ်ခုပဲဖြစ်ပါတယ်။ သူက DSLR တွေမှာ ပါဝင်တဲ့ Function တွေကိုမိုဘိုင်းဖုန်းပေါ်မှာ သုံးနိုင်အောင် ဖန်တီးပေးထားပါတယ်။ Shutter Speed, ISO, White balance, Focus နဲ့ Exposure တွေကို လိုသလိုချိန်ညှိရိုက်ကူးနိုင်အောင် လုပ်ဆောင်ပေးပါလိမ့်မယ်။ ဓာတ်ပုံရိုက်ကူးတဲ့အချိန်မှာ တစ်ပြိုင်တည်း Viewfinder မှာ ကိုယ်ချိန်ညှိတဲ့ အကြောင်းအရာတွေရဲ့ Effect တွေ ပြောင်းလဲသွားတာကို မြင်တွေ့နေမှာဖြစ်ပါတယ်။ ဒါ့အပြင် App ကို သုံးစွဲရတာလည်း အသုံးပြုသူတစ်ယောက် အတွက် လွယ်ကူအောင် ဖန်တီးပေးထားပါတယ်။

Black ဒါမှမဟုတ် White ဆိုတဲ့ Themes နှစ်မျိုးကိုရွေးချယ်သုံးစွဲနိုင်သလို EXIF viewer လည်း ပါဝင်ပါတယ်။ ဓာတ်ပုံပညာမှာ အဓိကကျတဲ့ Rule of third ကို ချိန်ရိုက်နိုင်ဖို့ Grid line တွေလည်း ထည့်သွင်းနိုင်ပါသေးတယ်။ ကိုယ့်ရဲ့ စိတ်ကူးထဲမှာ ပေါ်ပေါက်လာတဲ့ အရာတွေကို သီအိုရီအရ ရိုက်ကူးနိုင်ဖို့အကောင်းဆုံး အထောက်အပံ့ တွေ ကောင်းကောင်းပေးနိုင်မယ့် App တစ်ခုပဲဖြစ်ပါတယ်။ App ကရှင်းရှင်းလင်းလင်းနဲ့ သုံးစွဲရလွယ်ကူတာကိုလည်း တွေ့ရါတယ်။ iOS အတွက်ပဲ သုံးစွဲနိုင်ပြီး အခကြေးငွေပေးရတဲ့ App တစ်ခုလည်း ဖြစ်ပါတယ်။

-စည်သူ