iPhone ေမာ္ဒယ္မ်ားစြာ ႏိုင္ငံတြင္းတင္ပုိ႔မႈကို တ႐ုတ္ပိတ္ပင္

[ Zawgyi ]

တ႐ုတ္တရား႐ုံးဟာ Qualcomm မူပုိင္ခြင့္ေတြ ခ်ိဳးေဖာက္ခံရမႈေၾကာင့္ Apple ရဲ႕ iPhone ေမာ္ဒယ္ေတြ ေရာင္းခ်မႈကို ပိတ္ပင္လိုက္တယ္လို႔ Qualcomm ကေျပာခဲ့ပါတယ္။

တ႐ုတ္တရား႐ုံးက ထုတ္ျပန္လုိက္တဲ့ ပဏာမ တရားဝင္အမိန္႔စာ တ႐ုတ္ႏိုင္ငံအတြင္း iPhone တင္သြင္းမႈနဲ႔ ေရာင္းခ်မႈကို ပိတ္ပင္လိုက္တာ ျဖစ္ေပမယ့္ ထုတ္ကုန္ေတြကုိ တင္ပုိ႔တာ ဒါမွမဟုတ္ ထုတ္လုပ္တာကုိ တားဆီးထားတာ မဟုတ္ပါဘူး။ ဒါေပမဲ့ အခုအမိန္႔စာေၾကာင့္ တ႐ုတ္ျပည္တြင္းေဈးကြက္အတြင္း အကန္႔အသတ္ျဖစ္သြားပါတယ္။ အခုကိစၥဟာ Apple ရဲ႕လုပ္ငန္းအေပၚ အေရးပါတဲ့ အေႏွာင့္အယွက္ ျဖစ္လာႏိုင္ၿပီး Qualcomm နဲ႔ညိႇႏိႈင္းေဆြးေႏြးမႈေတြ လုပ္လာႏိုင္ပါတယ္။ Apple ဟာ အခုတရားဝင္အမိန္႔စာကို ျပန္လည္စဥ္းစားေပးဖို႔ ေတာင္းဆိုထားတယ္လို႔ ဒီဇင္ဘာ ၁၀ ရက္၊ တနလၤာေန႔က ေျပာခဲ့ၿပီး ပထမအဆင့္အျဖစ္ ပဏာမ တရားဝင္အမိန္႔စာအေပၚ အယူခံဝင္သြားမယ္လို႔ သိရပါတယ္။
အခုအမိန္႔စာက iPhone 6s, 6s Plus, 7, 7 Plus, iPhone 8, 8 Plus နဲ႔ iPhone X တို႔ကုိ ႏိုင္ငံတြင္း တင္သြင္း၊ ေရာင္းခ်မႈကို ပိတ္ပင္လိုက္ပါတယ္။

iPhone ေတြကုိ တင္သြင္းခြင့္ ပိတ္ပင္လုိက္တဲ့ အမိန္႔စာဟာ Qualcomm ရဲ႕မူပုိင္ခြင့္ ႏွစ္ခုနဲ႔ ဆက္စပ္ေနပါတယ္။ အဲဒီ Qualcomm မူပုိင္ခြင့္ႏွစ္ခုကေတာ့ စမတ္ဖုန္းေပၚက applicaton ေတြေဖာ္ျပမႈနဲ႔ သုံးစြဲသူေတြက ဓာတ္ပုံေတြကုိ ခ်ိန္ညိႇၿပီး reformat ဘယ္လို စီမံမလဲဆိုတာပဲ ျဖစ္ပါတယ္။

စိုးထက္
Ref: Axios

[ Unicode ]

တရုတ်တရားရုံးဟာ Qualcomm မူပိုင်ခွင့်တွေ ချိုးဖောက်ခံရမှုကြောင့် Apple ရဲ့ iPhone မော်ဒယ်တွေ ရောင်းချမှုကို ပိတ်ပင်လိုက်တယ်လို့ Qualcomm ကပြောခဲ့ပါတယ်။

တရုတ်တရားရုံးက ထုတ်ပြန်လိုက်တဲ့ ပဏာမ တရားဝင်အမိန့်စာ တရုတ်နိုင်ငံအတွင်း iPhone တင်သွင်းမှုနဲ့ ရောင်းချမှုကို ပိတ်ပင်လိုက်တာ ဖြစ်ပေမယ့် ထုတ်ကုန်တွေကို တင်ပို့တာ ဒါမှမဟုတ် ထုတ်လုပ်တာကို တားဆီးထားတာ မဟုတ်ပါဘူး။ ဒါပေမဲ့ အခုအမိန့်စာကြောင့် တရုတ်ပြည်တွင်းဈေးကွက်အတွင်း အကန့်အသတ်ဖြစ်သွားပါတယ်။ အခုကိစ္စဟာ Apple ရဲ့လုပ်ငန်းအပေါ် အရေးပါတဲ့ အနှောင့်အယှက် ဖြစ်လာနိုင်ပြီး Qualcomm နဲ့ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်လာနိုင်ပါတယ်။ Apple ဟာ အခုတရားဝင်အမိန့်စာကို ပြန်လည်စဉ်းစားပေးဖို့ တောင်းဆိုထားတယ်လို့ ဒီဇင်ဘာ ၁၀ ရက်၊ တနင်္လာနေ့က ပြောခဲ့ပြီး ပထမအဆင့်အဖြစ် ပဏာမ တရားဝင်အမိန့်စာအပေါ် အယူခံဝင်သွားမယ်လို့ သိရပါတယ်။
အခုအမိန့်စာက iPhone 6s, 6s Plus, 7, 7 Plus, iPhone 8, 8 Plus နဲ့ iPhone X တို့ကို နိုင်ငံတွင်း တင်သွင်း၊ ရောင်းချမှုကို ပိတ်ပင်လိုက်ပါတယ်။

iPhone တွေကို တင်သွင်းခွင့် ပိတ်ပင်လိုက်တဲ့ အမိန့်စာဟာ Qualcomm ရဲ့မူပိုင်ခွင့် နှစ်ခုနဲ့ ဆက်စပ်နေပါတယ်။ အဲဒီ Qualcomm မူပိုင်ခွင့်နှစ်ခုကတော့ စမတ်ဖုန်းပေါ်က applicaton တွေဖော်ပြမှုနဲ့ သုံးစွဲသူတွေက ဓာတ်ပုံတွေကို ချိန်ညှိပြီး reformat ဘယ်လို စီမံမလဲဆိုတာပဲ ဖြစ်ပါတယ်။

Ref: Axios