iPhone ေတြအတြက္ ပထမဆုံး Lightning လုံၿခဳံေရးေသာ့ကုိ Yubico မိတ္ဆက္

[ Zawgyi ]

Yubico ဟာ Lightning port ေတြမွာ အသုံးျပဳေနၾကတဲ့ နာမည္ေက်ာ္ Security Key ဗားရွင္းတစ္မ်ိဳးကို မိတ္ဆက္လိုက္ပါတယ္။ Yubicon ဟာ iPhone ေတြအတြက္ ထုတ္လုပ္ထားတဲ့ physical token authentication တစ္မ်ိဳးျဖစ္ပါတယ္။

အရင္တုန္းက ထုတ္လုပ္ခဲ့တဲ့ token ကေတာ့ Bluetooth ကေနပဲ security key တစ္ခုကို iPhone နဲ႔ ခ်ိတ္ဆက္ႏိုင္ပါတယ္။ ဒါေပမဲ့ Bluetooth ဟာ မွားယြင္းခ်ိတ္ဆက္ႏိုင္တဲ့ လုံၿခဳံေရးအားနည္းခ်က္ရွိပါတယ္။

“ကၽြန္ေတာ္တို႔ လုပ္ငန္းဟာ iPhone ေတြနဲ႔ခ်ိတ္ဆက္ဖို႔ အေကာင္းဆုံးနည္းလမ္းအျဖစ္ Bluetooth ကို မထည့္သြင္းေတာ့ပါဘူး” လို႔ Yubico ထုတ္ကုန္ပုိင္းဆိုင္ရာ အႀကီးတန္းဒုဥကၠ႒ ဂ်ာ႐ို႕ေခ်ာင္ကေျပာခဲ့ပါတယ္။ “ကၽြန္ေတာ္တို႔အေနနဲ႔ မလုံေလာက္ဘူးလုိ႔ ခံစားမိပါတယ္။ တကယ္လို႔ သုံးစြဲသူေတြက လုံၿခဳံေရးထုတ္ကုန္တစ္ခုကို အသုံးျပဳၿပီး အခက္အခဲကို ေက်ာ္လႊားဖို႔ဆိုရင္ အသုံးျပဳတဲ့နည္းလမး္ကို ေျဖရွင္းသင့္ပါတယ္။

Security Key ေတြဟာ password အစားထိုးမႈ ဒါမွမဟုတ္ second factor အျဖစ္ ဝန္ေဆာင္မႈေတြထဲ log in ဝင္တဲ့အခါ အသုံးျပဳႏိုင္တဲ့ ထုတ္ကုန္တစ္မ်ိဳးျဖစ္ပါတယ္။ အဲဒီ လုံၿခဳံေရးေသာ့ေတြမွာ အသုံးျပဳထားတဲ့ လုပ္ငန္းစဥ္က code ေတြဟာ ၾကားျဖတ္ဖမ္းယူႏိုင္ဖို႔ ခက္ခဲၿပီး password ဒါမွမဟုတ္ တစ္ခါသုံး ကုဒ္ေတြထက္ ပုိမိုလုံၿခဳံမႈရွိပါတယ္။ Yubico ဟာ USB နဲ႔ NFC ကေန ခ်ိတ္ဆက္ႏိုင္တဲ့ security key ေတြကုိ ထုတ္လုပ္ထားပါတယ္။ ဒါ့အျပင္ Yubico ဟာ CES 2019 မွာ iPhone ေတြအတြက္ security key အျပင္ USB Key ရဲ႕ NFC ပါအသုံးျပဳႏိုင္တဲ့ security key ကုိလည္း ထုတ္ေဖာ္ျပသခဲ့ပါတယ္။

စိုးထက္
Ref: TheVerge

[ Unicode ]

Yubico ဟာ Lightning port တွေမှာ အသုံးပြုနေကြတဲ့ နာမည်ကျော် Security Key ဗားရှင်းတစ်မျိုးကို မိတ်ဆက်လိုက်ပါတယ်။ Yubicon ဟာ iPhone တွေအတွက် ထုတ်လုပ်ထားတဲ့ physical token authentication တစ်မျိုးဖြစ်ပါတယ်။

အရင်တုန်းက ထုတ်လုပ်ခဲ့တဲ့ token ကတော့ Bluetooth ကနေပဲ security key တစ်ခုကို iPhone နဲ့ ချိတ်ဆက်နိုင်ပါတယ်။ ဒါပေမဲ့ Bluetooth ဟာ မှားယွင်းချိတ်ဆက်နိုင်တဲ့ လုံခြုံရေးအားနည်းချက်ရှိပါတယ်။

“ကျွန်တော်တို့ လုပ်ငန်းဟာ iPhone တွေနဲ့ချိတ်ဆက်ဖို့ အကောင်းဆုံးနည်းလမ်းအဖြစ် Bluetooth ကို မထည့်သွင်းတော့ပါဘူး” လို့ Yubico ထုတ်ကုန်ပိုင်းဆိုင်ရာ အကြီးတန်းဒုဥက္ကဋ္ဌ ဂျာရို့ချောင်ကပြောခဲ့ပါတယ်။ “ကျွန်တော်တို့အနေနဲ့ မလုံလောက်ဘူးလို့ ခံစားမိပါတယ်။ တကယ်လို့ သုံးစွဲသူတွေက လုံခြုံရေးထုတ်ကုန်တစ်ခုကို အသုံးပြုပြီး အခက်အခဲကို ကျော်လွှားဖို့ဆိုရင် အသုံးပြုတဲ့နည်းလမး်ကို ဖြေရှင်းသင့်ပါတယ်။

Security Key တွေဟာ password အစားထိုးမှု ဒါမှမဟုတ် second factor အဖြစ် ဝန်ဆောင်မှုတွေထဲ log in ဝင်တဲ့အခါ အသုံးပြုနိုင်တဲ့ ထုတ်ကုန်တစ်မျိုးဖြစ်ပါတယ်။ အဲဒီ လုံခြုံရေးသော့တွေမှာ အသုံးပြုထားတဲ့ လုပ်ငန်းစဉ်က code တွေဟာ ကြားဖြတ်ဖမ်းယူနိုင်ဖို့ ခက်ခဲပြီး password ဒါမှမဟုတ် တစ်ခါသုံး ကုဒ်တွေထက် ပိုမိုလုံခြုံမှုရှိပါတယ်။ Yubico ဟာ USB နဲ့ NFC ကနေ ချိတ်ဆက်နိုင်တဲ့ security key တွေကို ထုတ်လုပ်ထားပါတယ်။ ဒါ့အပြင် Yubico ဟာ CES 2019 မှာ iPhone တွေအတွက် security key အပြင် USB Key ရဲ့ NFC ပါအသုံးပြုနိုင်တဲ့ security key ကိုလည်း ထုတ်ဖော်ပြသခဲ့ပါတယ်။

Ref: TheVerge