iPhone သုံးသူတုိင္းသိထား သင့္တဲ့ iOS 12 ရဲ႕ လုပ္ေဆာင္ခ်က္ သစ္ ၅ ခု

[ Zawgyi ]

Apple ကေန iOS 12 update မွာ သုံးစြဲသူေတြအတြက္ iOS ထုတ္ကုန္ေတြကို ပိုမိုလြယ္ကူစြာ အသုံးျပဳႏုိင္ေစမယ့္ လုပ္ေဆာင္ခ်က္သစ္ေတြကို ထည့္သြင္းေပးလိုက္ပါတယ္။ အဲဒီလုပ္ေဆာင္ခ်က္ေတြထဲက App တစ္ခုကို အသုံးျပဳခ်ိန္ သတ္မွတ္ထားကာ အသုံးျပဳတာ၊ ဖုန္းဘက္ထရီနဲ႔ ပတ္သက္ၿပီး ဘက္ထရီအားနဲ႔ခ်ိန္မွာ ဘယ္ App ေတြက ဘက္ထရီအားကို မ်ားမ်ား သုံးေနလဲဆိုတာကို ၾကည့္ႏုိင္မယ့္ လုပ္ေဆာင္ခ်က္၊ အခ်ိန္ပိုင္း ခဏတာအေနနဲ႔ Do Not Disturb လုပ္ေဆာင္ခ်က္ကို သုံးႏုိင္တဲ့ လုပ္ေဆာင္ခ်က္၊ Control Center မွာ QR code shortcut ကို ထည့္သြင္း ႏုိင္တဲ့ လုပ္ေဆာင္ခ်က္စတဲ့ လုပ္ေဆာင္ခ်က္ေတြကေတာ့ ဖုန္းသုံးသူေတြအတြက္ မိမိ ရဲ႕ ဖုန္းအသုံးျပဳကို ပိုမိုလြယ္ကူ ျမန္ဆန္ေစမွာျဖစ္ပါတယ္။
အရင္ဆုံး App ကို Time Limt အခ်ိန္တစ္ခု သတ္မွတ္အသုံးျပဳဖို႔ အတြက္ ဖုန္းရဲ႕ Settings ထဲကိုသြားပါ။ Settings စနစ္ထဲကို ေရာက္ရင္ေတာ့ Screen Time ကိုႏွိ ပ္လိုက္ပါ။

Screen Time ထဲကိုေရာက္ရင္ေတာ့ App limits ဆိုတဲ့ထဲကို ဝင္လိုက္ပါ။ ၿပီးရင္ေတာ့ Add Limit ဆိုတာကို ထပ္ႏွိပ္ပါ။ App Limits စနစ္ထဲကို ေရာက္ရင္ေတာ့ ေအာက္မွာျပထားတဲ့ အတုိင္း Time, Customize Days, Edit Apps စတာေတြမွာ မိမိအေနနဲ႔ အခ်ိန္သတ္မွတ္ထားခ်င္တဲ့ App ကို ေရြးခ်ယ္သတ္မွတ္ေပးႏုိင္ပါတယ္။

Customize Days ထဲမွာေတာ့ အဂၤါ၊ ဗုဒၶဟူး၊ ၾကသပေတးစတဲ့ ေန႔အလိုက္ နာရီေတြကို သတ္မွတ္ႏိုင္မွာ ျဖစ္ပါတယ္။

ေနာက္ထပ္ ဘက္ထရီ အားနည္းေနခ်ိန္မွာ ဘက္ထရီအသုံးျပဳမႈမ်ားတဲ့ App ကို ၾကည့္ဖို႔အတြက္ ဖုန္း Settings ထဲက Battery စနစ္ ထဲကိုဝင္လိုက္ပါ။

ၿပီးရင္ေတာ့ ပုံမွာျပထားတဲ့အတုိင္း Last 24 Hours ဆိုတဲ့ေနရာကို ေရြးၿပီး လြန္ခဲ့တဲ့ ၂၄ နာရီ အတြင္းမွာ ဘက္ထရီသုံးစြဲခဲ့တဲ့ App ေတြကို ၾကည့္ႏုိင္ပါတယ္။

ေနာက္တစ္ခုက Last 8 Days ကို ႏွိပ္ၾကည့္မယ္ဆိုရင္ေတာ့ လြန္ခဲ့တဲ့ ၈ ရက္က သုံးခဲ့တဲ့ App ေတြရဲ႕ ဘက္ထရီသုံးစြဲခဲ့မႈဂရပ္ကို ၾကည့္႐ႈႏုိင္မွာ ျဖစ္ပါတယ္။

Do Not Disturb လုပ္ေဆာင္ခ်က္ကို အခ်ိန္ပိုင္း ခဏတာအတြက္ အသုံးျပဳဖို႔အတြက္ ဖုန္းျမင္ကြင္းရဲ႕ အေပၚေထာင့္ ညာဘက္နားကေန တစ္ခ်က္ပြတ္ဆြဲၿပီး Control Center ကို ဖြင့္လိုက္ပါ။ ၿပီးရင္ေတာ့ Do Not Disturb ဆိုတဲ့ လိုဂိုကို ႏွိပ္လိုက္ပါ။

အဲလိုႏွိပ္လိုက္ရင္ေတာ့ ေအာက္ကပုံအတုိင္း ေပၚလာမွာျဖစ္ၿပီး မိမိအေနနဲ႔ ၁ နာရီစာ၊ ဒါမွမဟုတ္ ဒီညေနထိ၊ ဒါမွမဟုတ္ မိမိရဲ႕တည္ေနရာအခန္း၊ ႐ုံးကေန မထြက္ခြာခင္အထိဆိုၿပီး ေရြးခ်ယ္ သတ္မွတ္ထားႏုိင္မွာ ျဖစ္ပါတယ္။

QR Code Shortcut ကို Control Center ထဲကို ထည့္သြင္းမယ္ဆိုရင္ေတာ့ Settings ထဲကို Control Center ထဲကိုသြားလုိက္ပါ။ ၿပီးရင္ေတာ့ More Controls ကို ထပ္ႏွိပ္ၿပီး Scan QR Code ဆိုတာကို တစ္ခ်က္ႏွိပ္လုိက္ပါ။

အဲလိုႏွိပ္လိုက္ၿပီး ဖုန္းျမင္ကြင္းကို တစ္ခ်က္ပြတ္ဆြဲၿပီး Control Center ကို ဖြင့္ၾကည့္လိုက္မယ္ဆိုရင္ေတာ့ QR Code shortcut ကို ေတြ႔ရမွာျဖစ္ပါတယ္။

အခုေဖာ္ျပေပးခဲ့တဲ့ လုပ္ေဆာင္ေတြက iOS 12 မွာ အသစ္ပါဝင္လာတဲ့ လုပ္ေဆာင္ခ်က္ေတြျဖစ္ၿပီး မိမိရဲ႕ဖုန္း အသုံးျပဳမႈကို ပိုမိုလြယ္ကူေစမယ့္ လုပ္ေဆာင္ခ်က္ေတြလည္း ျဖစ္ပါတယ္။

-ရဲထြဋ္ဝင္း

[ Unicode]

Apple ကနေ iOS 12 update မှာ သုံးစွဲသူတွေအတွက် iOS ထုတ် ကုန်တွေကို ပိုမိုလွယ်ကူစွာ အသုံးပြုနိုင်စေမယ့် လုပ်ဆောင်ချက်သစ်တွေကို ထည့်သွင်းပေးလိုက်ပါတယ်။ အဲဒီလုပ်ဆောင်ချက်တွေထဲက App တစ်ခုကို အသုံးပြုချိန် သတ်မှတ်ထားကာ အသုံးပြုတာ၊ ဖုန်းဘက်ထရီနဲ့ ပတ်သက်ပြီး ဘက်ထရီအားနဲ့ချိန်မှာ ဘယ် App တွေက ဘက်ထရီအားကို များများ သုံးနေလဲဆိုတာကို ကြည့်နိုင်မယ့် လုပ်ဆောင်ချက်၊ အချိန်ပိုင်း ခဏတာအနေနဲ့ Do Not Disturb လုပ်ဆောင်ချက်ကို သုံးနိုင်တဲ့ လုပ်ဆောင်ချက်၊ Control Center မှာ QR code shortcut ကို ထည့်သွင်း နိုင်တဲ့ လုပ်ဆောင်ချက်စတဲ့ လုပ်ဆောင်ချက်တွေကတော့ ဖုန်းသုံးသူတွေအတွက် မိမိ ရဲ့ ဖုန်းအသုံးပြုကို ပိုမိုလွယ်ကူ မြန်ဆန်စေမှာဖြစ်ပါတယ်။
အရင်ဆုံး App ကို Time Limt အချိန်တစ်ခု သတ်မှတ်အသုံးပြုဖို့ အတွက် ဖုန်းရဲ့ Settings ထဲကိုသွားပါ။ Settings စနစ်ထဲကို ရောက်ရင်တော့ Screen Time ကိုနှိ ပ်လိုက်ပါ။

Screen Time ထဲကိုရောက်ရင်တော့ App limits ဆိုတဲ့ထဲကို ဝင်လိုက်ပါ။ ပြီးရင်တော့ Add Limit ဆိုတာကို ထပ်နှိပ်ပါ။ App Limits စနစ်ထဲကို ရောက်ရင်တော့ အောက်မှာပြထားတဲ့ အတိုင်း Time, Customize Days, Edit Apps စတာတွေမှာ မိမိအနေနဲ့ အချိန်သတ်မှတ်ထားချင်တဲ့ App ကို ရွေးချယ်သတ်မှတ်ပေးနိုင်ပါတယ်။

Customize Days ထဲမှာတော့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြသပတေးစတဲ့ နေ့အလိုက် နာရီတွေကို သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

နောက်ထပ် ဘက်ထရီ အားနည်းနေချိန်မှာ ဘက်ထရီအသုံးပြုမှုများတဲ့ App ကို ကြည့်ဖို့အတွက် ဖုန်း Settings ထဲက Battery စနစ် ထဲကိုဝင်လိုက်ပါ။

ပြီးရင်တော့ ပုံမှာပြထားတဲ့အတိုင်း Last 24 Hours ဆိုတဲ့နေရာကို ရွေးပြီး လွန်ခဲ့တဲ့ ၂၄ နာရီ အတွင်းမှာ ဘက်ထရီသုံးစွဲခဲ့တဲ့ App တွေကို ကြည့်နိုင်ပါတယ်။

နောက်တစ်ခုက Last 8 Days ကို နှိပ်ကြည့်မယ်ဆိုရင်တော့ လွန်ခဲ့တဲ့ ၈ ရက်က သုံးခဲ့တဲ့ App တွေရဲ့ ဘက်ထရီသုံးစွဲခဲ့မှုဂရပ်ကို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

Do Not Disturb လုပ်ဆောင်ချက်ကို အချိန်ပိုင်း ခဏတာအတွက် အသုံးပြုဖို့အတွက် ဖုန်းမြင်ကွင်းရဲ့ အပေါ်ထောင့် ညာဘက်နားကနေ တစ်ချက်ပွတ်ဆွဲပြီး Control Center ကို ဖွင့်လိုက်ပါ။ ပြီးရင်တော့ Do Not Disturb ဆိုတဲ့ လိုဂိုကို နှိပ်လိုက်ပါ။

အဲလိုနှိပ်လိုက်ရင်တော့ အောက်ကပုံအတိုင်း ပေါ်လာမှာဖြစ်ပြီး မိမိအနေနဲ့ ၁ နာရီစာ၊ ဒါမှမဟုတ် ဒီညနေထိ၊ ဒါမှမဟုတ် မိမိရဲ့တည်နေရာအခန်း၊ ရုံးကနေ မထွက်ခွာခင်အထိဆိုပြီး ရွေးချယ် သတ်မှတ်ထားနိုင်မှာ ဖြစ်ပါတယ်။

QR Code Shortcut ကို Control Center ထဲကို ထည့်သွင်းမယ်ဆိုရင်တော့ Settings ထဲကို Control Center ထဲကိုသွားလိုက်ပါ။ ပြီးရင်တော့ More Controls ကို ထပ်နှိပ်ပြီး Scan QR Code ဆိုတာကို တစ်ချက်နှိပ်လိုက်ပါ။

အဲလိုနှိပ်လိုက်ပြီး ဖုန်းမြင်ကွင်းကို တစ်ချက်ပွတ်ဆွဲပြီး Control Center ကို ဖွင့်ကြည့်လိုက်မယ်ဆိုရင်တော့ QR Code shortcut ကို တွေ့ရမှာဖြစ်ပါတယ်။

အခုဖော်ပြပေးခဲ့တဲ့ လုပ်ဆောင်တွေက iOS 12 မှာ အသစ်ပါဝင်လာတဲ့ လုပ်ဆောင်ချက်တွေဖြစ်ပြီး မိမိရဲ့ဖုန်း အသုံးပြုမှုကို ပိုမိုလွယ်ကူစေမယ့် လုပ်ဆောင်ချက်တွေလည်း ဖြစ်ပါတယ်။