August 20, 2018

iPhone မွာ Facebook ရဲ႕ Cache data နဲ႔ Document ေတြကို ဘယ္လိုရွင္းမလဲ

iPhone သံုးစြဲသူေတြအေနနဲ႔ မိမိရဲ႕ဖုန္းထဲမွာ ရွိေနတဲ့ Facebook App ထဲမွာမလိုအပ္ပဲ မွတ္ ဉာဏ္သံုးစြဲမႈ မ်ားေနတာမ်ိဳးေတြ ႀကံဳေတြ႕တက္ပါတယ္။ Facebook App ကိုဝင္ၾကည့္လိုက္တဲ့အ ခ်ိန္မွာ App ရဲ႕ ဖိုင္အရြယ္အစားနဲ႔ မွတ္ဉာဏ္သံုး စြဲမႈဟာ သင့္တင့္တဲ့ အေျခအေနမွာပဲ ရွိေနေပမယ့္လည္း App ထဲမွာ အသံုးျပဳထားတဲ့ မွတ္ဉာဏ္ ပမာဏဟာ တစ္ခါတစ္ရံမွာ အလြန္ကၽြံမ်ားျပား ေနတက္တာမ်ိဳး ရွိပါတယ္။ ဥပမာအေနနဲ႔ေျပာရ ရင္ေတာ့ App ရဲ႕ ဖိုင္အရြယ္အစားဟာ 109MB ပဲရွိေနတဲ့အခ်ိန္မွာ App ထဲကေန Data ေတြအတြက္ မွတ္ဉာဏ္သံုးစြဲမႈ ပမာဏက 1GB ေက်ာ္ ေနတာမ်ိဳးကိုဆိုလိုပါတယ္။

အခ်ိဳ႕ ဖုန္းေတြမွာ ဖုန္းထဲမွာ App ေတြအမ်ားအျပား အသံုးျပဳထားတာမ်ိဳး မရွိပဲနဲ႔ ေနာက္ထပ္ App ကိုထပ္ထည့္လို႔ မရပဲ မွတ္ဉာဏ္ ျပည့္ေနပါတယ္၊ မလံုေလာက္ပါဆိုတဲ့ စာမ်ိဳးေတြ ေပၚေနတက္ပါတယ္။ ဒီလိုအခ်ိန္မ်ိဳးမွာေတာ့ Facebook အပါအဝင္အျခား App ေတြရဲ႕ မွတ္ဉာဏ္ အသံုးျပဳေနမႈပမာဏေတြကို ဝင္ေရာက္စစ္ေဆးသင့္ပါတယ္။

အခုေဖာ္ျပေပးမွာကေတာ့ iPhone ေတြမွာ Facebook ရဲ႕ မွတ္ဉာဏ္သံုးစြဲမႈပမာဏမ်ားလာ ရင္ Cache ေတြကို ဘယ္လိုရွင္းမလဲဆိုတဲ့ အေၾကာင္းကိုေဖာ္ျပေပးမွာပါ။ Facebook ရဲ႕ Cache data ေတြကိုရွင္းလင္းဖို႔အတြက္ ပထမ ဆံုးအေနနဲ႔ ဖုန္းရဲ႕ Settings ထဲကို ဝင္လုိက္ပါ။ ၿပီးရင္ Settings ထဲက General ထဲကိုသြားပါ။

General ထဲက Storage & iCloud Usage ဆိုတဲ့ ထဲကိုဝင္လုိက္ပါ။

Storage & iCloud Usage ထဲက Manage Storage ဆိုတဲ့ထဲကို ထပ္ဝင္လိုက္ပါ။

Manage Storage ထဲကို ဝင္လုိက္ရင္ ဖုန္းထဲမွာ သံုးထားတဲ့ App ေတြေပၚလာပါလိမ့္မယ္။ App ေတြထဲကမွ Facebook App ကို ရွာၿပီးႏွိပ္လုိက္ပါ။

Facebook App ကို ေရြးခ်ယ္ေပးလိုက္ရင္ Facebook ရဲ႕ Documents & Data ေတြကိုရွင္း လင္းဖို႔အတြက္ Delete App ဆိုတာကို ေတြ႕ရပါ လိမ့္မယ္။ Delete App ကိုႏွိပ္လုိက္ပါ။

ဒါဆိုရင္ေတာ့ Facebook App ကိုဖ်က္လုိက္မွာ ျဖစ္ပါတယ္။ ဒီနည္းလမ္းဟာ ျပဳလုပ္ရတာ လြယ္ေပမယ့္ App ကို တိုက္႐ိုက္ဖ်က္လိုက္တာ ျဖစ္တဲ့အတြက္ Facebook App ကို ျပန္သံုးဖို႔အတြက္ ဖုန္းထဲကို အသစ္ျပန္ထည့္ ရပါလိမ့္မယ္။

-ကိုသက္

[ Unicode ]

iPhone သုံးစွဲသူတွေအနေနဲ့ မိမိရဲ့ဖုန်းထဲမှာ ရှိနေတဲ့ Facebook App ထဲမှာမလိုအပ်ပဲ မှတ် ဉာဏ်သုံးစွဲမှု များနေတာမျိုးတွေ ကြုံတွေ့တက်ပါတယ်။ Facebook App ကိုဝင်ကြည့်လိုက်တဲ့အ ချိန်မှာ App ရဲ့ ဖိုင်အရွယ်အစားနဲ့ မှတ်ဉာဏ်သုံး စွဲမှုဟာ သင့်တင့်တဲ့ အခြေအနေမှာပဲ ရှိနေပေမယ့်လည်း App ထဲမှာ အသုံးပြုထားတဲ့ မှတ်ဉာဏ် ပမာဏဟာ တစ်ခါတစ်ရံမှာ အလွန်ကျွံများပြား နေတက်တာမျိုး ရှိပါတယ်။ ဥပမာအနေနဲ့ပြောရ ရင်တော့ App ရဲ့ ဖိုင်အရွယ်အစားဟာ 109MB ပဲရှိနေတဲ့အချိန်မှာ App ထဲကနေ Data တွေအတွက် မှတ်ဉာဏ်သုံးစွဲမှု ပမာဏက 1GB ကျော် နေတာမျိုးကိုဆိုလိုပါတယ်။

အချို့ ဖုန်းတွေမှာ ဖုန်းထဲမှာ App တွေအများအပြား အသုံးပြုထားတာမျိုး မရှိပဲနဲ့ နောက်ထပ် App ကိုထပ်ထည့်လို့ မရပဲ မှတ်ဉာဏ် ပြည့်နေပါတယ်၊ မလုံလောက်ပါဆိုတဲ့ စာမျိုးတွေ ပေါ်နေတက်ပါတယ်။ ဒီလိုအချိန်မျိုးမှာတော့ Facebook အပါအဝင်အခြား App တွေရဲ့ မှတ်ဉာဏ် အသုံးပြုနေမှုပမာဏတွေကို ဝင်ရောက်စစ်ဆေးသင့်ပါတယ်။

အခုဖော်ပြပေးမှာကတော့ iPhone တွေမှာ Facebook ရဲ့ မှတ်ဉာဏ်သုံးစွဲမှုပမာဏများလာ ရင် Cache တွေကို ဘယ်လိုရှင်းမလဲဆိုတဲ့ အကြောင်းကိုဖော်ပြပေးမှာပါ။ Facebook ရဲ့ Cache data တွေကိုရှင်းလင်းဖို့အတွက် ပထမ ဆုံးအနေနဲ့ ဖုန်းရဲ့ Settings ထဲကို ဝင်လိုက်ပါ။ ပြီးရင် Settings ထဲက General ထဲကိုသွားပါ။

General ထဲက Storage & iCloud Usage ဆိုတဲ့ ထဲကိုဝင်လိုက်ပါ။

Storage & iCloud Usage ထဲက Manage Storage ဆိုတဲ့ထဲကို ထပ်ဝင်လိုက်ပါ။

Manage Storage ထဲကို ဝင်လိုက်ရင် ဖုန်းထဲမှာ သုံးထားတဲ့ App တွေပေါ်လာပါလိမ့်မယ်။ App တွေထဲကမှ Facebook App ကို ရှာပြီးနှိပ်လိုက်ပါ။

Facebook App ကို ရွေးချယ်ပေးလိုက်ရင် Facebook ရဲ့ Documents & Data တွေကိုရှင်း လင်းဖို့အတွက် Delete App ဆိုတာကို တွေ့ရပါ လိမ့်မယ်။ Delete App ကိုနှိပ်လိုက်ပါ။

ဒါဆိုရင်တော့ Facebook App ကိုဖျက်လိုက်မှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ ပြုလုပ်ရတာ လွယ်ပေမယ့် App ကို တိုက်ရိုက်ဖျက်လိုက်တာ ဖြစ်တဲ့အတွက် Facebook App ကို ပြန်သုံးဖို့အတွက် ဖုန်းထဲကို အသစ်ပြန်ထည့် ရပါလိမ့်မယ်။

-ကိုသက်