iPhone မွာ အခ်ိန္သတ္မွတ္ခ်က္နဲ႔ မီဒီယာစနစ္ကို ဘယ္လို ပိတ္မလဲ

[ Zawgyi ]

iPhone မွာပါ၀င္တဲ့ Built-in မီဒီယာ Player စနစ္အျပင္ Third-party apps ျဖစ္တဲ့ Netflix, Hulu, YouTube, Amazon Prime ဗီဒီယုိ စတာေတြကို အခ်ိန္သတ္မွတ္ခ်က္ Timer စနစ္နဲ႔ ပိတ္ေအာင္လုပ္လို႔ ရပါတယ္။ မိမိအေနနဲ႔ ညအိပ္ခါနီးသီခ်င္းနားေထာင္ရင္း အိပ္ေပ်ာ္သြားတဲ့အခါမ်ဳိးမွာ အလိုအေလ်ာက္ပိတ္ေအာင္ အခုေဖာ္ျပတဲ့နည္းလမ္းကို အသုံးျပဳႏုိင္မွာျဖစ္ပါတယ္။

အရင္ဦးဆုံး ဖုန္းထဲက Clock app ကို ဖြင့္လုိက္ပါ။

Timer စနစ္ထဲကို ေရာက္သြားပါလိမ့္မယ္။ ၿပီးရင္ေတာ့ ျမင္ကြင္း ရဲ႕ ညာဘက္ေအာက္ေထာင့္နားက Timer ဆိုတဲ့စာသားပါတဲ့ icon ေလးကို ႏွိပ္ပါ။

ၿပီးရင္ေတာ့ Timer ရဲ႕ ၾကာခ်ိန္ကို ေရြးခ်ယ္သတ္မွတ္ေပးပါ။ မိမိအေနနဲ႔ တစ္နာရီၾကာဖြင့္မယ္ ဆိုရင္ တစ္နာရီထားၿပီး ၾကာခ်ိန္သတ္မွတ္လိုက္ပါ။

ၾကာခ်ိန္သတ္မွတ္ၿပီးရင္ေတာ့ When Timer Ends ဆိုတဲ့ စာသားကိုရွာၿပီးႏွိပ္ပါ။ ဘယ္အခ်ိန္မွာ ရပ္တန္႔မယ္ဆိုတာကို ေရြးခ်ယ္ေပးရမွာျဖစ္ပါတယ္။

When Timer Ends ဆိုတဲ့ စာသားကို ႏွိပ္လိုက္ရင္ေတာ့ သူနဲ႔ဆုိင္တဲ့ စနစ္ထဲကို ေရာက္သြားမွာျဖစ္ၿပီး အဲဒီထဲကမွ Stop Playing ဆိုတဲ့ စာသားကိုရွာၿပီး ႏွိပ္ပါ။

Stop Playing ကို ႏွိပ္ၿပီးရင္ေတာ့ ျမင္ကြင္းရဲ႕ ညာဘက္ အေပၚေထာင့္နားက Set ဆိုတဲ့စာသားကို ႏွိပ္ေပးလိုက္ပါ။

ဒါဆိုရင္ေတာ့ မိမိသတ္မွတ္ထားတဲ့ Timer အခ်ိန္သတ္မွတ္ခ်က္ ၿပီးဆုံးသြားရင္ေတာ့ ဖုန္းက သီခ်င္းဖြင့္တာ ပိတ္သြားမွာျဖစ္ၿပီး ဖုန္းလည္း အလိုအေလ်ာက္ Lock က်သြားမွာျဖစ္ပါတယ္။
သီခ်င္းသံ ပိတ္သြားဖို႔အတြက္ အခ်ိန္သတ္မွတ္ခ်က္ Timer စနစ္ကို သုံးထားျခင္းအားျဖင့္ သီခ်င္းသံကို ဖုန္းကေန silent လုပ္ေပး လိုက္တာျဖစ္ပါတယ္။ အဲဒါ ေၾကာင့္ မိမိအေနနဲ႔ Timer ကို ႏိႈးစက္အေနနဲ႔ပါ ထပ္ၿပီး အသုံးျပဳမယ္ဆိုရင္ေတာ့ အဆင္ေျပမွာ မဟုတ္ပါဘူး။ ဒါေပမဲ့ Switch back to a tone စနစ္ကိုထပ္ၿပီး set လုပ္ထားမယ္ ဆိုရင္ေတာ့ Timer စနစ္နဲ႔ ပိတ္ေအာင္ သုံးႏုိင္မွာျဖစ္တဲ့အျပင္ ႏိႈးစက္အေနနဲ႔ပါ အဆင္ေျပေအာင္ အသုံးျပဳႏုိင္မွာ ျဖစ္ပါတယ္။

Switch back to a tone စနစ္ကို ထပ္ၿပီး set လုပ္ဖို႔ တစ္နည္း အသုံးျပဳဖို႔ဆိုရင္ေတာ့ ပုံ – ၄ မွာ ျပထားတဲ့ When Timer Ends ဆိုတဲ့ စနစ္အထိ ေရာက္ေအာင္ ျပန္၀င္လိုက္ပါ။ When Timer Ends စနစ္ထဲကို ေရာက္သြားရင္ေတာ့ tone ဆိုတဲ့စာသားကို ရွာၿပီး ႏွိပ္ေပးပါ။

Tone ဆိုတဲ့ အပိုင္းေအာက္က SFX: Transport ဆိုတဲ့စာသားကို ရွာၿပီးႏွိပ္ေပးပါ။

ၿပီးရင္ေတာ့ ျမင္ကြင္းရဲ႕ ညာဘက္အေပၚေထာင့္နားက Set ဆို တဲ့စာသားကို ႏွိပ္လိုက္ပါ။

ဒါဆိုရင္ေတာ့ မီဒီယာစနစ္ကို ပိတ္လိုက္တာေၾကာင့္ ႏိႈးစက္စနစ္ Timer မွာ တိုးမသြားဘဲ နဂိုအတုိင္း ႏိႈးစက္အသံအေနနဲ႔ အသုံးျပဳႏုိင္မွာျဖစ္ပါတယ္။

-ရဲထြဋ္ဝင္း

[ Unicode ]

iPhone မှာပါ၀င်တဲ့ Built-in မီဒီယာ Player စနစ်အပြင် Third-party apps ဖြစ်တဲ့ Netflix, Hulu, YouTube, Amazon Prime ဗီဒီယို စတာတွေကို အချိန်သတ်မှတ်ချက် Timer စနစ်နဲ့ ပိတ်အောင်လုပ်လို့ ရပါတယ်။ မိမိအနေနဲ့ ညအိပ်ခါနီးသီချင်းနားထောင်ရင်း အိပ်ပျော်သွားတဲ့အခါမျိုးမှာ အလိုအလျောက်ပိတ်အောင် အခုဖော်ပြတဲ့နည်းလမ်းကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။

အရင်ဦးဆုံး ဖုန်းထဲက Clock app ကို ဖွင့်လိုက်ပါ။

Timer စနစ်ထဲကို ရောက်သွားပါလိမ့်မယ်။ ပြီးရင်တော့ မြင်ကွင်း ရဲ့ ညာဘက်အောက်ထောင့်နားက Timer ဆိုတဲ့စာသားပါတဲ့ icon လေးကို နှိပ်ပါ။

ပြီးရင်တော့ Timer ရဲ့ ကြာချိန်ကို ရွေးချယ်သတ်မှတ်ပေးပါ။ မိမိအနေနဲ့ တစ်နာရီကြာဖွင့်မယ် ဆိုရင် တစ်နာရီထားပြီး ကြာချိန်သတ်မှတ်လိုက်ပါ။

ကြာချိန်သတ်မှတ်ပြီးရင်တော့ When Timer Ends ဆိုတဲ့ စာသားကိုရှာပြီးနှိပ်ပါ။ ဘယ်အချိန်မှာ ရပ်တန့်မယ်ဆိုတာကို ရွေးချယ်ပေးရမှာဖြစ်ပါတယ်။

When Timer Ends ဆိုတဲ့ စာသားကို နှိပ်လိုက်ရင်တော့ သူနဲ့ဆိုင်တဲ့ စနစ်ထဲကို ရောက်သွားမှာဖြစ်ပြီး အဲဒီထဲကမှ Stop Playing ဆိုတဲ့ စာသားကိုရှာပြီး နှိပ်ပါ။

Stop Playing ကို နှိပ်ပြီးရင်တော့ မြင်ကွင်းရဲ့ ညာဘက် အပေါ်ထောင့်နားက Set ဆိုတဲ့စာသားကို နှိပ်ပေးလိုက်ပါ။

ဒါဆိုရင်တော့ မိမိသတ်မှတ်ထားတဲ့ Timer အချိန်သတ်မှတ်ချက် ပြီးဆုံးသွားရင်တော့ ဖုန်းက သီချင်းဖွင့်တာ ပိတ်သွားမှာဖြစ်ပြီး ဖုန်းလည်း အလိုအလျောက် Lock ကျသွားမှာဖြစ်ပါတယ်။
သီချင်းသံ ပိတ်သွားဖို့အတွက် အချိန်သတ်မှတ်ချက် Timer စနစ်ကို သုံးထားခြင်းအားဖြင့် သီချင်းသံကို ဖုန်းကနေ silent လုပ်ပေး လိုက်တာဖြစ်ပါတယ်။ အဲဒါ ကြောင့် မိမိအနေနဲ့ Timer ကို နှိုးစက်အနေနဲ့ပါ ထပ်ပြီး အသုံးပြုမယ်ဆိုရင်တော့ အဆင်ပြေမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ Switch back to a tone စနစ်ကိုထပ်ပြီး set လုပ်ထားမယ် ဆိုရင်တော့ Timer စနစ်နဲ့ ပိတ်အောင် သုံးနိုင်မှာဖြစ်တဲ့အပြင် နှိုးစက်အနေနဲ့ပါ အဆင်ပြေအောင် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Switch back to a tone စနစ်ကို ထပ်ပြီး set လုပ်ဖို့ တစ်နည်း အသုံးပြုဖို့ဆိုရင်တော့ ပုံ – ၄ မှာ ပြထားတဲ့ When Timer Ends ဆိုတဲ့ စနစ်အထိ ရောက်အောင် ပြန်ဝင်လိုက်ပါ။ When Timer Ends စနစ်ထဲကို ရောက်သွားရင်တော့ tone ဆိုတဲ့စာသားကို ရှာပြီး နှိပ်ပေးပါ။

Tone ဆိုတဲ့ အပိုင်းအောက်က SFX: Transport ဆိုတဲ့စာသားကို ရှာပြီးနှိပ်ပေးပါ။

ပြီးရင်တော့ မြင်ကွင်းရဲ့ ညာဘက်အပေါ်ထောင့်နားက Set ဆို တဲ့စာသားကို နှိပ်လိုက်ပါ။

ဒါဆိုရင်တော့ မီဒီယာစနစ်ကို ပိတ်လိုက်တာကြောင့် နှိုးစက်စနစ် Timer မှာ တိုးမသွားဘဲ နဂိုအတိုင်း နှိုးစက်အသံအနေနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။