iPhone မွာ မက္ေဆ့ခ်္ပို႔တုိင္းထြက္တဲ့ မက္ေဆ့ခ်္အသံကို ဘယ္လိုပိတ္ထားမလဲ

[ Zawgyi ]

iPhone ရဲ႕ Messages app ကေနတစ္ဆင့္ မက္ေဆ့ခ်္ပို႔တုိင္း ထြက္တဲ့ မက္ေဆ့ခ်္အသံကို ကိုယ့္အတြက္ စိတ္အေႏွာင့္အယွက္ျဖစ္သလို ခံစားရရင္ေတာ့ ခုေဖာ္ျပေပးမယ့္ နည္းလမ္းအတုိင္း ပိတ္ထားႏုိင္မွာ ျဖစ္ပါတယ္။ ဖုန္းကို Jailbreak လုပ္စရာမလိုဘဲ ဒီအသံကို ပိတ္ထားႏုိင္မွာ ျဖစ္ပါတယ္။

အရင္ဆုံးဖုန္းရဲ႕ မက္ေဆ့ခ်္နဲ႔ ပတ္သက္သမွ်အသံတုိင္းကို ပိတ္ထားပါမယ္။ ဖုန္းရဲ႕ Settings ထဲကို ဝင္လုိက္ပါ။ ၿပီးရင္ေတာ့ Sounds &Haptics ဆိုတာကို တစ္ခ်က္ႏွိပ္ပါ။

Sounds & Haptics စနစ္ထဲကိုေရာက္ရင္ေတာ့ Text Tone ဆိုတာကို ထပ္ႏွိပ္ပါ။

Text Tone စနစ္ထဲကိုေရာက္ရင္ေတာ့ ALERT TONES ဆိုတဲ့ စာသားေအာက္မွာ None ဆိုၿပီး ေရြးေပးလိုက္ပါ။

အဲလိုဆိုရင္ေတာ့ contacts အားလုံးနဲ႔ပတ္သက္တဲ့ အသံေတြကို ပိတ္ေပးလိုက္မွာျဖစ္ေပမယ့္ တုန္ခါမႈနဲ႔ အသိေပးတာကေတာ့ ပုံမွန္အတုိင္း အသိေပးမွာျဖစ္ပါတယ္။ မိမိအေနနဲ႔ contact တစ္ခုစီအတြက္ သီးသန္႔အေနနဲ႔ အသံစနစ္ကို ျပန္ေပးထားခ်င္ရင္ေတာ့ ေအာက္က နည္းလမ္းအတုိင္း ျပန္ၿပီး ျပဳလုပ္ထားႏုိင္မွာျဖစ္ပါတယ္။ ေအာက္ကပုံအတုိင္း ဖုန္းေခၚတဲ့ icon ကို တစ္ခ်က္ႏွိပ္လုိက္ပါ။

ၿပီးရင္ေတာ့ Contacts ဆုိတာ ကိုႏွိပ္ပါ။

Contacts စနစ္ထဲကိုေရာက္သြားပါမယ္။ ျမင္ကြင္းရဲ႕ ညာဘက္ အေပၚေထာင့္နားက Edit ကို ႏွိပ္ပါ။

ၿပီးရင္ေတာ့ Text Tone ကို ႏွိပ္ပါ။ Text Tone စနစ္ထဲကိုေရာက္သြားရင္ေတာ့ ALERT TONES ဆိုတဲ့ စာသားေအာက္မွာ None အစား Bamboo ဆုိတာကို ေရြးေပးပါ။

အဲလိုေရြးၿပီးရင္ေတာ့ ျမင္ကြင္း ညာဘက္အေပၚေထာင့္နားက Done ကို ႏွိပ္လိုက္ပါ။

ဒါဆိုရင္ေတာ့ မိမိအေနနဲ႔ Contact တစ္ခုစီအတြက္ သီးသန္႔အေနနဲ႔ အသံနဲ႔အသိေပးမႈကို ျပန္လည္ ျပဳလုပ္ထားႏုိင္ၿပီ ျဖစ္ပါတယ္။

-ရထြဋ္ဝင္း

[ Unicode ]

iPhone ရဲ့ Messages app ကနေတစ်ဆင့် မက်ဆေ့ချ်ပို့တိုင်း ထွက်တဲ့ မက်ဆေ့ချ်အသံကို ကိုယ့်အတွက် စိတ်အနှောင့်အယှက်ဖြစ်သလို ခံစားရရင်တော့ ခုဖော်ပြပေးမယ့် နည်းလမ်းအတိုင်း ပိတ်ထားနိုင်မှာ ဖြစ်ပါတယ်။ ဖုန်းကို Jailbreak လုပ်စရာမလိုဘဲ ဒီအသံကို ပိတ်ထားနိုင်မှာ ဖြစ်ပါတယ်။

အရင်ဆုံးဖုန်းရဲ့ မက်ဆေ့ချ်နဲ့ ပတ်သက်သမျှအသံတိုင်းကို ပိတ်ထားပါမယ်။ ဖုန်းရဲ့ Settings ထဲကို ဝင်လိုက်ပါ။ ပြီးရင်တော့ Sounds &Haptics ဆိုတာကို တစ်ချက်နှိပ်ပါ။

Sounds & Haptics စနစ်ထဲကိုရောက်ရင်တော့ Text Tone ဆိုတာကို ထပ်နှိပ်ပါ။

Text Tone စနစ်ထဲကိုရောက်ရင်တော့ ALERT TONES ဆိုတဲ့ စာသားအောက်မှာ None ဆိုပြီး ရွေးပေးလိုက်ပါ။

အဲလိုဆိုရင်တော့ contacts အားလုံးနဲ့ပတ်သက်တဲ့ အသံတွေကို ပိတ်ပေးလိုက်မှာဖြစ်ပေမယ့် တုန်ခါမှုနဲ့ အသိပေးတာကတော့ ပုံမှန်အတိုင်း အသိပေးမှာဖြစ်ပါတယ်။ မိမိအနေနဲ့ contact တစ်ခုစီအတွက် သီးသန့်အနေနဲ့ အသံစနစ်ကို ပြန်ပေးထားချင်ရင်တော့ အောက်က နည်းလမ်းအတိုင်း ပြန်ပြီး ပြုလုပ်ထားနိုင်မှာဖြစ်ပါတယ်။ အောက်ကပုံအတိုင်း ဖုန်းခေါ်တဲ့ icon ကို တစ်ချက်နှိပ်လိုက်ပါ။

ပြီးရင်တော့ Contacts ဆိုတာ ကိုနှိပ်ပါ။

Contacts စနစ်ထဲကိုရောက်သွားပါမယ်။ မြင်ကွင်းရဲ့ ညာဘက် အပေါ်ထောင့်နားက Edit ကို နှိပ်ပါ။

ပြီးရင်တော့ Text Tone ကို နှိပ်ပါ။ Text Tone စနစ်ထဲကိုရောက်သွားရင်တော့ ALERT TONES ဆိုတဲ့ စာသားအောက်မှာ None အစား Bamboo ဆိုတာကို ရွေးပေးပါ။

အဲလိုရွေးပြီးရင်တော့ မြင်ကွင်း ညာဘက်အပေါ်ထောင့်နားက Done ကို နှိပ်လိုက်ပါ။

ဒါဆိုရင်တော့ မိမိအနေနဲ့ Contact တစ်ခုစီအတွက် သီးသန့်အနေနဲ့ အသံနဲ့အသိပေးမှုကို ပြန်လည် ပြုလုပ်ထားနိုင်ပြီ ဖြစ်ပါတယ်။