iPhone ဘက္ထရီကို ၾကာရွည္အသံုးျပဳႏိုင္ေစမယ့္ နည္းလမ္းမ်ား

[ Zawgyi ]

iPhone ကို ဘက္ထရီနဲ႔ အခ်ိန္ေတာ္ေတာ္ၾကာၾကာ သံုးႏိုင္ပါတယ္။ ဒါေပမဲ့ အားသြင္းတဲ့အႀကိမ္ေရ မ်ားလာတဲ့အခါမွာေတာ့ အစဥ္အားျဖင့္ ဘက္ထရီသက္တမ္းက တစ္စတစ္စ ယုတ္ေလ်ာ့လာပါတယ္။ ဒါေၾကာင့္  iPhone ရဲ႕ ဘက္ထရီကို တစ္ႀကိမ္အားသြင္းၿပီး ၾကာရွည္အသံုးခံႏိုင္ေစမယ့္ နည္းလမ္းေတြကို စုစုစည္းစည္း ေဖာ္ျပလိုက္ပါတယ္။

(၁) Screen အလင္းကို ေလွ်ာ့ပါ

“ဘယ္ထုတ္ကုန္ကိုမဆို ဘက္ထရီသက္တမ္း တာရွည္ခံေအာင္ ျပဳလုပ္ႏိုင္မယ့္ ႐ိုးရွင္းတဲ့နည္းလမ္း ႏွစ္ခုရိွပါတယ္။ အဲ့ဒါက screen အလင္းကို ခ်ိန္ညိႇတာနဲ႔ Wi-Fi ကို အသံုးျပဳတာပါ” လို႔ Apple က ေျပာၾကားဖူးပါတယ္။

Screen အလင္းကို ခ်ိန္ညိႇဖို႔အတြက္ screen ရဲ႕ ေအာက္ေျခ နားကေန အေပၚကို swipe လုပ္ၿပီး Control Center ကို ဖြင့္ပါ။ ၿပီးရင္ slider ကို ဆြဲေရႊ႕ၿပီး screen အလင္းေလွ်ာ့ပါ။ Settings > Display & Brightness မွာလည္း အလင္းေလွ်ာ့ႏိုင္ပါတယ္။ ဒါ့အျပင္ အဲ့ဒီ settings စာမ်က္ႏွာမွာ Auto-Brightness ကို enable လုပ္ထားႏိုင္ပါတယ္။ Auto-Brightness ကို enable လုပ္ထားတဲ့အခါမွာ ကိုယ့္ပတ္ဝန္းက်င္ရဲ႕ အလင္းေရာင္အေပၚမူတည္ၿပီး iPad screen ရဲ႕ အလင္းကို အလိုအေလ်ာက္ ခ်ိန္ညိႇေပးႏိုင္ပါတယ္။

(၂) မလိုအပ္တဲ့အခ်ိန္မွာ Wi-Fi နဲ႔ Bluetooth ကို ပိတ္ထားပါ

Wi-Fi connection ဟာ cellular connection ထက္ စြမ္းအင္သံုးစြဲမႈနည္းတာေၾကာင့္ Wi-Fi ရတဲ့ေနရာမွာ Wi-Fi ကို သံုးသင့္ပါ တယ္။ ဒါေပမဲ့ Wi-Fi က စြမ္းအင္သံုးစြဲတာေၾကာင့္ အင္တာနက္သံုးဖို႔မလိုအပ္တဲ့အခ်ိန္မ်ိဳးမွာ Wi-Fi ကို ပိတ္ထားသင့္ပါတယ္။ Bluetooth လည္း ထိုနည္းလည္းေကာင္းပါပဲ။ အသံုးမလိုတဲ့အခ်ိန္မွာ Bluetooth ကို ပိတ္ထားတာဟာ ဘက္ထရီစြမ္းအင္ကုန္ဆံုးမႈကို သက္သာေစႏိုင္ပါတယ္။

iPhone screen ရဲ႕ ေအာက္ေျခဘက္ကေန အေပၚကို swipe လုပ္ၿပီး ေပၚလာတဲ့ Control Center မွာ Bluetooth နဲ႔ Wi-Fi ကို ပိတ္ထားႏိုင္ပါတယ္။

(၃) AirDrop ကို ပိတ္ထားပါ

AirDrop ဟာ iOS ထုတ္ကုန္အခ်င္းခ်င္း ဒါမွမဟုတ္ iPhone/iPad နဲ႔ Mac အၾကား ဖိုင္ေတြ အျပန္အလွန္ေပးပို႔ႏိုင္ပါတယ္။ ဒီနည္း
လမ္းကို အသံုးျပဳရတာ႐ိုးရွင္းေပမယ့္ Bluetooth နဲ႔ Wi-Fi ႀကိဳးမဲ့စနစ္နည္းပညာေတြေၾကာင့္ ဖိုင္ေတြကို မေပးပို႔သည့္တိုင္ ဘက္ထရီ ကုန္ဆံုးလြယ္ေစပါတယ္။ ဒါေၾကာင့္ AirDrop ကိုသံုးၿပီး ဖိုင္ေတြကို ေပးပို႔ေလ့မရိွဘူးဆိုရင္ ပိတ္ထားသင့္ပါတယ္။ AirDrop ကို ပိတ္ဖို႔အ တြက္ Control Center ကိုဖြင့္ၿပီး AirDrop ကိုႏွိပ္ပါ။ ၿပီးရင္ Receiving Off ကိုႏွိပ္ပါ။

(၄) Handoff ကိုပိတ္ပါ

ဖုန္းေခၚဆိုမႈေတြကို iPhone ေပၚကေန ေျဖဖို႔မလိုဘူးဆိုရင္ ဒါမွမဟုတ္ Mac ေပၚမွာ ေရးေနတဲ့ email တစ္ေစာင္ကို iPhone
ေပၚကေန လက္စသတ္ဖို႔ မလိုဘူးဆိုရင္ Handoff ကို ပိတ္ထား သင့္ပါတယ္။ Handoff ကလည္း ႀကိဳးမဲ့စနစ္နည္းပညာျဖစ္တာ ေၾကာင့္ အသံုးမျပဳရင္ေတာင္မွ background ကေန compatible device ေတြကို ရွာေဖြတဲ့အတြက္ ဘက္ထရီ ကုန္ဆံုးလြယ္ေစပါတယ္။ Handoff ကို disable လုပ္မယ္ဆိုရင္ Settings > General > Handoff မွာလုပ္ႏုိင္ပါတယ္။

(၅) Push notification ေတြကို ပိတ္ပါ

iPhone ကို email စစ္ဖို႔အတြက္ အဓိကသံုးတာမဟုတ္ဘူးဆိုရင္ ဒါမွမဟုတ္ message သစ္ေတြ ခ်က္ခ်င္းေရာက္လာတာမ်ိဳး မလိုအပ္ ဘူးဆိုရင္ Push ကို disable လုပ္ၿပီး Fetch ကို Manually ဒါမွမဟုတ္ Hourly အျဖစ္ သတ္မွတ္ထားသင့္ပါတယ္။ Settings > Mail, Contacts, Calendars > Fetch New Data မွာ Push နဲ႔ Fetch setting ေတြကို ခ်ိန္ညိႇႏိုင္ပါတယ္။

(၆) Background App Refresh ကို ကန္႔သတ္ပါ

အခ်ိဳ႕ app ေတြမွာ Background App Refresh ကို allow လုပ္ထားမယ္ဆိုရင္ app ေတြကို အသံုးမျပဳသည့္တိုင္ content ေတြကို refresh လုပ္ေနမွာ ျဖစ္ပါတယ္။ ဒါဟာ ဘက္ထရီကို အလ်င္အျမန္ ကုန္ဆံုးေစႏိုင္ပါတယ္။

Settings > General > Background App Refresh ကိုသြားၿပီး Background App Refresh ကို လံုးဝပိတ္ထားႏိုင္သလို background မွာ refresh မလုပ္ေစလိုတဲ့ app တစ္ခုခ်င္းစီကို ေရြးခ်ယ္ၿပီး ပိတ္ႏိုင္ပါတယ္။

(၇) Location service ေတြကို ဂ႐ုျပဳပါ

အသံုးမလိုဘဲ Location service ေတြကို ဖြင့္ထားတာဟာလည္း ဘက္ထရီကို အလ်င္အျမန္ကုန္ဆံုးေစတဲ့ အခ်က္ျဖစ္ပါတယ္။ ဒါေၾကာင့္ Settings > Privacy > Location Services ကိုသြားၿပီး location service သံုးတဲ့ app ေတြကို ခ်ိန္ညိႇထားသင့္ပါတယ္။
Cellular, Wi-Fi, Bluetooth နဲ႔ GPSတို႔ကို တစ္ခ်က္တည္း နဲ႔ပိတ္ခ်င္ရင္ေတာ့ Control Center ဒါမွမဟုတ္ Settings မွာ Airplane Mode ကို ဖြင့္လိုက္႐ံုပါပဲ။

(၈) Notification ေတြကို ခ်ိန္ညိႇပါ

App ေတြဟာ လိုအပ္တာထက္ပိုတဲ့ notification ေတြကို ပို႔ေလ့ ရိွပါတယ္။ Notification ေတြဟာ idle ျဖစ္ေနတဲ့ iPhone ကို wake up လုပ္ၿပီး display ကို ဖြင့္ေပးတာေၾကာင့္ ဘက္ထရီစြမ္းအင္ ကုန္ဆံုး ပါတယ္။ ဒါေၾကာင့္ မလိုအပ္တဲ့ notification ေတြကို ပိတ္ဖို႔အတြက္ Settings > Notifications က သက္ဆိုင္ရာ app ေတြမွာ disable လုပ္ႏိုင္ပါတယ္။

(၉) ဘက္ထရီစားတဲ့ app ေတြကို စစ္ေဆးပါ

Settings > Battery မွာ ဘက္ထရီအစားဆံုး app ေတြကို စစ္ေဆးၿပီး iPhone ကို ေနာက္ထပ္အားမသြင္းခင္အခ်ိန္အထိ အဲ့ဒီ app ေတြ သံုးစြဲမႈကို ရပ္ဆိုင္းထားသင့္ပါတယ္။

(၁၀) Auto-Lock အတြက္ အခ်ိန္သတ္မွတ္ထားပါ

iPhone ကို Auto-Lock လုပ္ထားတယ္ဆိုရင္ သတ္မွတ္ထားတဲ့အခ်ိန္ကာလတစ္ခုအတြင္းမွာ iPhone ကို အလုပ္မလုပ္ႏိုင္ေအာင္ lock လုပ္ေပးမွာျဖစ္ပါတယ္။ Settings > Display & Brightness > Auto-Lock မွာ ႀကိဳက္ႏွစ္သက္ရာအခ်ိန္ကို သတ္မွတ္ထားႏိုင္ ပါတယ္။

(၁၁) iPhone ကို အပူခ်ိန္မ်ားတဲ့ေနရာမွာ မထားပါနဲ႔

အပူလြန္ကဲတာဟာလည္း ဘက္ထရီသက္တမ္းကို ထိခိုက္ႏိုင္ပါတယ္။ Apple ကေတာ့ iPhone ကို အပူခ်ိန္ ၃၂ နဲ႔ ၉၆ ဒီဂရီဖာရင္ ဟိုက္အတြင္းမွာ ထားရိွဖို႔ အႀကံျပဳထားပါတယ္။ ဒါေၾကာင့္ iPhoneကို lock လုပ္ထားတဲ့ ကားထဲမွာ ထားခဲ့တာမ်ိဳး၊ heater ေတြနားမွာ ထားတာမ်ိဳး ေရွာင္ၾကဥ္သင့္ပါတယ္။

(၁၂) အၿမဲ update လုပ္ပါ။

Apple ရဲ႕ software update ေတြဟာ bug ေတြကို ေျဖရွင္းေပးသလို စြမ္းေဆာင္ရည္နဲ႔ ဘက္ထရီသက္တမ္းကို ပိုေကာင္းေအာင္ ျပဳလုပ္ ေပးေလ့ရိွပါတယ္။ Settings > General > Software Update ကိုသြားၿပီး update ကို စစ္ေဆးႏိုင္ပါတယ္။

-စည္သူ

[ Unicode ]

iPhone ကို ဘက်ထရီနဲ့ အချိန်တော်တော်ကြာကြာ သုံးနိုင်ပါတယ်။ ဒါပေမဲ့ အားသွင်းတဲ့အကြိမ်ရေ များလာတဲ့အခါမှာတော့ အစဉ်အားဖြင့် ဘက်ထရီသက်တမ်းက တစ်စတစ်စ ယုတ်လျော့လာပါတယ်။ ဒါကြောင့် iPhone ရဲ့ ဘက်ထရီကို တစ်ကြိမ်အားသွင်းပြီး ကြာရှည်အသုံးခံနိုင်စေမယ့် နည်းလမ်းတွေကို စုစုစည်းစည်း ဖော်ပြလိုက်ပါတယ်။

(၁) Screen အလင်းကို လျှော့ပါ

“ဘယ်ထုတ်ကုန်ကိုမဆို ဘက်ထရီသက်တမ်း တာရှည်ခံအောင် ပြုလုပ်နိုင်မယ့် ရိုးရှင်းတဲ့နည်းလမ်း နှစ်ခုရှိပါတယ်။ အဲ့ဒါက screen အလင်းကို ချိန်ညှိတာနဲ့ Wi-Fi ကို အသုံးပြုတာပါ” လို့ Apple က ပြောကြားဖူးပါတယ်။

Screen အလင်းကို ချိန်ညှိဖို့အတွက် screen ရဲ့ အောက်ခြေ နားကနေ အပေါ်ကို swipe လုပ်ပြီး Control Center ကို ဖွင့်ပါ။ ပြီးရင် slider ကို ဆွဲရွှေ့ပြီး screen အလင်းလျှော့ပါ။ Settings > Display & Brightness မှာလည်း အလင်းလျှော့နိုင်ပါတယ်။ ဒါ့အပြင် အဲ့ဒီ settings စာမျက်နှာမှာ Auto-Brightness ကို enable လုပ်ထားနိုင်ပါတယ်။ Auto-Brightness ကို enable လုပ်ထားတဲ့အခါမှာ ကိုယ့်ပတ်ဝန်းကျင်ရဲ့ အလင်းရောင်အပေါ်မူတည်ပြီး iPad screen ရဲ့ အလင်းကို အလိုအလျောက် ချိန်ညှိပေးနိုင်ပါတယ်။

(၂) မလိုအပ်တဲ့အချိန်မှာ Wi-Fi နဲ့ Bluetooth ကို ပိတ်ထားပါ

Wi-Fi connection ဟာ cellular connection ထက် စွမ်းအင်သုံးစွဲမှုနည်းတာကြောင့် Wi-Fi ရတဲ့နေရာမှာ Wi-Fi ကို သုံးသင့်ပါ တယ်။ ဒါပေမဲ့ Wi-Fi က စွမ်းအင်သုံးစွဲတာကြောင့် အင်တာနက်သုံးဖို့မလိုအပ်တဲ့အချိန်မျိုးမှာ Wi-Fi ကို ပိတ်ထားသင့်ပါတယ်။ Bluetooth လည်း ထိုနည်းလည်းကောင်းပါပဲ။ အသုံးမလိုတဲ့အချိန်မှာ Bluetooth ကို ပိတ်ထားတာဟာ ဘက်ထရီစွမ်းအင်ကုန်ဆုံးမှုကို သက်သာစေနိုင်ပါတယ်။

iPhone screen ရဲ့ အောက်ခြေဘက်ကနေ အပေါ်ကို swipe လုပ်ပြီး ပေါ်လာတဲ့ Control Center မှာ Bluetooth နဲ့ Wi-Fi ကို ပိတ်ထားနိုင်ပါတယ်။

(၃) AirDrop ကို ပိတ်ထားပါ

AirDrop ဟာ iOS ထုတ်ကုန်အချင်းချင်း ဒါမှမဟုတ် iPhone/iPad နဲ့ Mac အကြား ဖိုင်တွေ အပြန်အလှန်ပေးပို့နိုင်ပါတယ်။ ဒီနည်း
လမ်းကို အသုံးပြုရတာရိုးရှင်းပေမယ့် Bluetooth နဲ့ Wi-Fi ကြိုးမဲ့စနစ်နည်းပညာတွေကြောင့် ဖိုင်တွေကို မပေးပို့သည့်တိုင် ဘက်ထရီ ကုန်ဆုံးလွယ်စေပါတယ်။ ဒါကြောင့် AirDrop ကိုသုံးပြီး ဖိုင်တွေကို ပေးပို့လေ့မရှိဘူးဆိုရင် ပိတ်ထားသင့်ပါတယ်။ AirDrop ကို ပိတ်ဖို့အ တွက် Control Center ကိုဖွင့်ပြီး AirDrop ကိုနှိပ်ပါ။ ပြီးရင် Receiving Off ကိုနှိပ်ပါ။

(၄) Handoff ကိုပိတ်ပါ

ဖုန်းခေါ်ဆိုမှုတွေကို iPhone ပေါ်ကနေ ဖြေဖို့မလိုဘူးဆိုရင် ဒါမှမဟုတ် Mac ပေါ်မှာ ရေးနေတဲ့ email တစ်စောင်ကို iPhone
ပေါ်ကနေ လက်စသတ်ဖို့ မလိုဘူးဆိုရင် Handoff ကို ပိတ်ထား သင့်ပါတယ်။ Handoff ကလည်း ကြိုးမဲ့စနစ်နည်းပညာဖြစ်တာ ကြောင့် အသုံးမပြုရင်တောင်မှ background ကနေ compatible device တွေကို ရှာဖွေတဲ့အတွက် ဘက်ထရီ ကုန်ဆုံးလွယ်စေပါတယ်။ Handoff ကို disable လုပ်မယ်ဆိုရင် Settings > General > Handoff မှာလုပ်နိုင်ပါတယ်။

(၅) Push notification တွေကို ပိတ်ပါ

iPhone ကို email စစ်ဖို့အတွက် အဓိကသုံးတာမဟုတ်ဘူးဆိုရင် ဒါမှမဟုတ် message သစ်တွေ ချက်ချင်းရောက်လာတာမျိုး မလိုအပ် ဘူးဆိုရင် Push ကို disable လုပ်ပြီး Fetch ကို Manually ဒါမှမဟုတ် Hourly အဖြစ် သတ်မှတ်ထားသင့်ပါတယ်။ Settings > Mail, Contacts, Calendars > Fetch New Data မှာ Push နဲ့ Fetch setting တွေကို ချိန်ညှိနိုင်ပါတယ်။

(၆) Background App Refresh ကို ကန့်သတ်ပါ

အချို့ app တွေမှာ Background App Refresh ကို allow လုပ်ထားမယ်ဆိုရင် app တွေကို အသုံးမပြုသည့်တိုင် content တွေကို refresh လုပ်နေမှာ ဖြစ်ပါတယ်။ ဒါဟာ ဘက်ထရီကို အလျင်အမြန် ကုန်ဆုံးစေနိုင်ပါတယ်။

Settings > General > Background App Refresh ကိုသွားပြီး Background App Refresh ကို လုံးဝပိတ်ထားနိုင်သလို background မှာ refresh မလုပ်စေလိုတဲ့ app တစ်ခုချင်းစီကို ရွေးချယ်ပြီး ပိတ်နိုင်ပါတယ်။

(၇) Location service တွေကို ဂရုပြုပါ

အသုံးမလိုဘဲ Location service တွေကို ဖွင့်ထားတာဟာလည်း ဘက်ထရီကို အလျင်အမြန်ကုန်ဆုံးစေတဲ့ အချက်ဖြစ်ပါတယ်။ ဒါကြောင့် Settings > Privacy > Location Services ကိုသွားပြီး location service သုံးတဲ့ app တွေကို ချိန်ညှိထားသင့်ပါတယ်။
Cellular, Wi-Fi, Bluetooth နဲ့ GPSတို့ကို တစ်ချက်တည်း နဲ့ပိတ်ချင်ရင်တော့ Control Center ဒါမှမဟုတ် Settings မှာ Airplane Mode ကို ဖွင့်လိုက်ရုံပါပဲ။

(၈) Notification တွေကို ချိန်ညှိပါ

App တွေဟာ လိုအပ်တာထက်ပိုတဲ့ notification တွေကို ပို့လေ့ ရှိပါတယ်။ Notification တွေဟာ idle ဖြစ်နေတဲ့ iPhone ကို wake up လုပ်ပြီး display ကို ဖွင့်ပေးတာကြောင့် ဘက်ထရီစွမ်းအင် ကုန်ဆုံး ပါတယ်။ ဒါကြောင့် မလိုအပ်တဲ့ notification တွေကို ပိတ်ဖို့အတွက် Settings > Notifications က သက်ဆိုင်ရာ app တွေမှာ disable လုပ်နိုင်ပါတယ်။

(၉) ဘက်ထရီစားတဲ့ app တွေကို စစ်ဆေးပါ

Settings > Battery မှာ ဘက်ထရီအစားဆုံး app တွေကို စစ်ဆေးပြီး iPhone ကို နောက်ထပ်အားမသွင်းခင်အချိန်အထိ အဲ့ဒီ app တွေ သုံးစွဲမှုကို ရပ်ဆိုင်းထားသင့်ပါတယ်။

(၁၀) Auto-Lock အတွက် အချိန်သတ်မှတ်ထားပါ

iPhone ကို Auto-Lock လုပ်ထားတယ်ဆိုရင် သတ်မှတ်ထားတဲ့အချိန်ကာလတစ်ခုအတွင်းမှာ iPhone ကို အလုပ်မလုပ်နိုင်အောင် lock လုပ်ပေးမှာဖြစ်ပါတယ်။ Settings > Display & Brightness > Auto-Lock မှာ ကြိုက်နှစ်သက်ရာအချိန်ကို သတ်မှတ်ထားနိုင် ပါတယ်။

(၁၁) iPhone ကို အပူချိန်များတဲ့နေရာမှာ မထားပါနဲ့

အပူလွန်ကဲတာဟာလည်း ဘက်ထရီသက်တမ်းကို ထိခိုက်နိုင်ပါတယ်။ Apple ကတော့ iPhone ကို အပူချိန် ၃၂ နဲ့ ၉၆ ဒီဂရီဖာရင် ဟိုက်အတွင်းမှာ ထားရှိဖို့ အကြံပြုထားပါတယ်။ ဒါကြောင့် iPhoneကို lock လုပ်ထားတဲ့ ကားထဲမှာ ထားခဲ့တာမျိုး၊ heater တွေနားမှာ ထားတာမျိုး ရှောင်ကြဉ်သင့်ပါတယ်။

(၁၂) အမြဲ update လုပ်ပါ။

Apple ရဲ့ software update တွေဟာ bug တွေကို ဖြေရှင်းပေးသလို စွမ်းဆောင်ရည်နဲ့ ဘက်ထရီသက်တမ်းကို ပိုကောင်းအောင် ပြုလုပ် ပေးလေ့ရှိပါတယ်။ Settings > General > Software Update ကိုသွားပြီး update ကို စစ်ဆေးနိုင်ပါတယ်။

-စည်သူ