iPhone နဲ႔ Mac မွာ Face Time လုပ္ေဆာင္ခ်က္ကို ဘယ္လိုပိတ္မလဲ

[ Zawgyi ]

Face Time ဆိုတာက Apple ရဲ႕ ဗီဒီယုိနဲ႔ ဖုန္းေခၚဆိုမႈ ဆားဗစ္ဝန္ေဆာင္မႈတစ္ခုပဲ ျဖစ္ပါတယ္။ ဒီလုပ္ေဆာင္ခ်က္က ပုံမွန္ဖုန္းေခၚဆိုမႈနဲ႔မတူဘဲ Wi-Fi နဲ႔ မိုဘုိင္း အင္တာနက္ကြန္ရက္ကို အသုံးျပဳၿပီး တျခားသူေတြန႔ဲ ဆက္သြယ္ေျပာဆိုတာ ျဖစ္ပါတယ္။ ဒီလုပ္ေဆာင္ခ်က္ကို iPhone, iPad, iPod touch နဲ႔ Mac စတဲ့ Apple ထုတ္ကုန္ေတြကို အသုံးျပဳသူ အခ်င္းခ်င္း အလြယ္တကူ ဆက္သြယ္ႏုိင္မယ့္ လုပ္ေဆာင္ခ်က္ ျဖစ္ပါတယ္။

လြန္ခဲ့တဲ့ ဇန္နဝါရီ ၂၈ ရက္ခန္႔က Face Time Flaw ဆိုတဲ့ တစ္ကိုယ္ေရလုံၿခဳံေရး အခ်က္အလက္ဆုိင္ရာ ေပါက္ၾကားမႈတစ္ခု ျဖစ္ေပၚတာကို ၾကားမိၾကမွာပါ။ ဒီ လုံၿခဳံေရးက်ဳိးေပါက္မႈက မိမိအေနနဲ႔ သူငယ္ခ်င္းေတြနဲ႔ အဖြဲ႔လိုက္ FaceTime အသုံးျပဳေခၚဆိုမႈမွာ မိမိက ဖုန္းမကိုင္ဘဲ အဖြဲ႔လိုက္ေခၚဆိုမႈမွာ မပါဝင္ခဲ့ရင္ေတာင္မွ အျခားသူေတြအခ်င္းခ်င္း ေျပာဆိုေနတာကို နားေထာင္လို႔ရေနတာ ျဖစ္ပါတယ္။ Apple ကေန Face Time လုပ္ေဆာင္ခ်က္စနစ္ရဲ႕ အားနည္းခ်က္ကို မျပင္ဆင္ေပးခင္အေတာအတြင္းမွာ မိမိအေနနဲ႔ အလြယ္တကူ ပိတ္ထားႏုိင္မယ့္ နည္းလမ္းကို ေဖာ္ျပေပးလုိက္ပါတယ္။

ဒီလုပ္ေဆာင္ခ်က္ကို ပိတ္ထားဖုိ႔အတြက္ အရင္ဆုံး ဖုန္းထဲက Settings icon ကိုႏွိပ္ပါ။

Settings စနစ္ထဲကို ေရာက္သြားရင္ေတာ့ FaceTime ဆိုတဲ့ စာသားကို ထပ္ႏွိပ္ပါ။

FaceTime စနစ္ထဲကို ေရာက္သြားပါမယ္။ အဲဒီထဲမွာ ေအာက္က ပုံမွာျပထားတဲ့အတုိင္း FaceTime ဆိုတဲ့ စာသားေဘးနားက ခလုတ္ေလးစိမ္းေနတာကို တစ္ခ်က္ႏွိပ္ၿပီး ပိတ္လိုက္ပါ။

 

ဒါဆိုရင္ေတာ့ iPhone မွာ FaceTime လုပ္ေဆာင္ခ်က္ကို ပိတ္ထားလုိက္ၿပီပဲျဖစ္ပါတယ္။

ဆက္ၿပီး Mac မွာ ပိတ္တဲ့နည္းလမ္းကို ဆက္ေဖာ္ျပေပးပါမယ္။ အရင္ဆုံး FaceTime app ကို မိမိရဲ႕ Mac ကေန ဖြင့္လိုက္ပါ။ ၿပီးရင္ေတာ့ ပုံမွာ ျမားနီေလး ျပထားတဲ့အတုိင္း FaceTime menu ဘားထဲက FaceTime ဆိုတဲ့စာသားကို ႏွိပ္ပါ။

အဲလိုႏွိပ္လိုက္ရင္ ေအာက္ကပုံအတုိင္း ေပၚလာမွာျဖစ္ၿပီး Turn FaceTime Off ဆိုတာကို ေရြးကာ တစ္ခ်က္ႏွိပ္လိုက္ပါ။

ေအာက္ကပုံအတုိင္း ထပ္ေပၚလာရင္ေတာ့ Turn On ေနရာကိုတစ္ခ်က္ႏွိပ္ၿပီး FaceTime ကို ပိတ္လိုက္ပါ။ ဒါမွမဟုတ္ ကီးဘုတ္ကေန Command + K ကို ႏွိပ္လုိက္ရင္လည္းရပါတယ္။

ဒါဆိုရင္ေတာ့ Mac မွာ FaceTime လုပ္ေဆာင္ခ်က္ကို ပိတ္ထားလိုက္ၿပီးပဲျဖစ္ပါတယ္။ မိမိအေနနဲ႔ ျပန္ဖြင့္မယ္ဆိုရင္ေတာ့ ေစာေစာက ပိတ္လုိက္တဲ့ေနရာမွာ ျပန္ၿပီး Turn Off ဆိုတဲ့စာသားကို Turn On ျဖစ္ေအာင္ ျပန္ဖြင့္ႏုိင္မွာ ျဖစ္ပါတယ္။

Apple iOS 12 ရဲ႕ FaceTime flaw ကို ေနာက္ပိုင္း update မွာ ျပင္ဆင္ေပးၿပီးတဲ့အခါမွာ ခုေဖာ္ျပ ခဲ့တဲ့အဆင့္အတုိင္းပဲ FaceTime လုပ္ေဆာင္ခ်က္ကို ျပန္ဖြင့္ၿပီး အသုံးျပဳႏုိင္မွာ ျဖစ္ပါတယ္။

– ရဲထြဋ္ဝင္း

[ Unicode ]

Face Time ဆိုတာက Apple ရဲ့ ဗီဒီယိုနဲ့ ဖုန်းခေါ်ဆိုမှု ဆားဗစ်ဝန်ဆောင်မှုတစ်ခုပဲ ဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်က ပုံမှန်ဖုန်းခေါ်ဆိုမှုနဲ့မတူဘဲ Wi-Fi နဲ့ မိုဘိုင်း အင်တာနက်ကွန်ရက်ကို အသုံးပြုပြီး တခြားသူတွေနဲ့ ဆက်သွယ်ပြောဆိုတာ ဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်ကို iPhone, iPad, iPod touch နဲ့ Mac စတဲ့ Apple ထုတ်ကုန်တွေကို အသုံးပြုသူ အချင်းချင်း အလွယ်တကူ ဆက်သွယ်နိုင်မယ့် လုပ်ဆောင်ချက် ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက်ခန့်က Face Time Flaw ဆိုတဲ့ တစ်ကိုယ်ရေလုံခြုံရေး အချက်အလက်ဆိုင်ရာ ပေါက်ကြားမှုတစ်ခု ဖြစ်ပေါ်တာကို ကြားမိကြမှာပါ။ ဒီ လုံခြုံရေးကျိုးပေါက်မှုက မိမိအနေနဲ့ သူငယ်ချင်းတွေနဲ့ အဖွဲ့လိုက် FaceTime အသုံးပြုခေါ်ဆိုမှုမှာ မိမိက ဖုန်းမကိုင်ဘဲ အဖွဲ့လိုက်ခေါ်ဆိုမှုမှာ မပါဝင်ခဲ့ရင်တောင်မှ အခြားသူတွေအချင်းချင်း ပြောဆိုနေတာကို နားထောင်လို့ရနေတာ ဖြစ်ပါတယ်။ Apple ကနေ Face Time လုပ်ဆောင်ချက်စနစ်ရဲ့ အားနည်းချက်ကို မပြင်ဆင်ပေးခင်အတောအတွင်းမှာ မိမိအနေနဲ့ အလွယ်တကူ ပိတ်ထားနိုင်မယ့် နည်းလမ်းကို ဖော်ပြပေးလိုက်ပါတယ်။

ဒီလုပ်ဆောင်ချက်ကို ပိတ်ထားဖို့အတွက် အရင်ဆုံး ဖုန်းထဲက Settings icon ကိုနှိပ်ပါ။

Settings စနစ်ထဲကို ရောက်သွားရင်တော့ FaceTime ဆိုတဲ့ စာသားကို ထပ်နှိပ်ပါ။

FaceTime စနစ်ထဲကို ရောက်သွားပါမယ်။ အဲဒီထဲမှာ အောက်က ပုံမှာပြထားတဲ့အတိုင်း FaceTime ဆိုတဲ့ စာသားဘေးနားက ခလုတ်လေးစိမ်းနေတာကို တစ်ချက်နှိပ်ပြီး ပိတ်လိုက်ပါ။

ဒါဆိုရင်တော့ iPhone မှာ FaceTime လုပ်ဆောင်ချက်ကို ပိတ်ထားလိုက်ပြီပဲဖြစ်ပါတယ်။

ဆက်ပြီး Mac မှာ ပိတ်တဲ့နည်းလမ်းကို ဆက်ဖော်ပြပေးပါမယ်။ အရင်ဆုံး FaceTime app ကို မိမိရဲ့ Mac ကနေ ဖွင့်လိုက်ပါ။ ပြီးရင်တော့ ပုံမှာ မြားနီလေး ပြထားတဲ့အတိုင်း FaceTime menu ဘားထဲက FaceTime ဆိုတဲ့စာသားကို နှိပ်ပါ။

အဲလိုနှိပ်လိုက်ရင် အောက်ကပုံအတိုင်း ပေါ်လာမှာဖြစ်ပြီး Turn FaceTime Off ဆိုတာကို ရွေးကာ တစ်ချက်နှိပ်လိုက်ပါ။

အောက်ကပုံအတိုင်း ထပ်ပေါ်လာရင်တော့ Turn On နေရာကိုတစ်ချက်နှိပ်ပြီး FaceTime ကို ပိတ်လိုက်ပါ။ ဒါမှမဟုတ် ကီးဘုတ်ကနေ Command + K ကို နှိပ်လိုက်ရင်လည်းရပါတယ်။

ဒါဆိုရင်တော့ Mac မှာ FaceTime လုပ်ဆောင်ချက်ကို ပိတ်ထားလိုက်ပြီးပဲဖြစ်ပါတယ်။ မိမိအနေနဲ့ ပြန်ဖွင့်မယ်ဆိုရင်တော့ စောစောက ပိတ်လိုက်တဲ့နေရာမှာ ပြန်ပြီး Turn Off ဆိုတဲ့စာသားကို Turn On ဖြစ်အောင် ပြန်ဖွင့်နိုင်မှာ ဖြစ်ပါတယ်။

Apple iOS 12 ရဲ့ FaceTime flaw ကို နောက်ပိုင်း update မှာ ပြင်ဆင်ပေးပြီးတဲ့အခါမှာ ခုဖော်ပြ ခဲ့တဲ့အဆင့်အတိုင်းပဲ FaceTime လုပ်ဆောင်ချက်ကို ပြန်ဖွင့်ပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။