iPhone နဲ႔ iPad ေတြမွာ Location track ေတြကို ဘယ္လိုပိတ္မလဲ

[ Zawgyi ]

ဖုန္းထဲမွာ ထည့္သြင္းအသုံးျပဳတဲ့ Apps ေတာ္ေတာ္မ်ားမ်ားက ပိုမိုေကာင္းမြန္တိက်တဲ့ အခ်က္အလက္ေတြကို သုံးစြဲသူကို ရရွိႏုိင္ေစဖို႔ ဖုန္းရဲ႕တည္ေနရာအခ်က္ အလက္ျဖစ္တဲ့ Location ဆိုင္ရာ အခ်က္အလက္ေတြကို ေနာက္ကြယ္ကေန track လုပ္မွတ္သား ထားၾကပါတယ္။ အဲဒါမွလည္း တည္ေနရာေပၚမူတည္ၿပီး ရာသီဥတု၊ ဆိုင္၊ ႐ုပ္ရွင္ျပသခ်ိန္စတာေတြရဲ႕ တိက်တဲ့ အခ်က္အလက္ေတြကို သုံးစြဲသူေတြအတြက္ ေပးႏုိင္မွာျဖစ္ပါတယ္။

ဒါေပမယ့္အခ်ိဳ႕ေသာ Apps ေတြက ဖုန္းမွာ ေၾကာ္ျငာေတြ ျပသႏုိင္ေအာင္ ကိုယ့္ရဲ႕ တည္ေနရာနဲ႔ဆိုင္တဲ့ အခ်က္အလက္ေဒတာေတြကို ေၾကာ္ျငာကုမၸဏီကို ေရာင္းတာမ်ဳိးေတြ ရွိပါတယ္။ iOS သုံးစြဲသူေတြအေနနဲ႔ေတာ့ Android OS သုံးစြဲသူေတြ ထက္ပိုၿပီးေတာ့ အခ်က္အလက္ ေဒတာပိုင္းနဲ႔ပတ္သက္ၿပီး လုံၿခဳံေရးပိုင္းေကာင္းမြန္ပါတယ္။ မိမိရဲ႕သြားလာေနသမွ် အခ်က္အလက္ေတြကို App ေတြက အၿမဲလိုလို ရယူေနတာမ်ဳိးနဲ႔ ေၾကာ္ျငာေတြ ခဏခဏဝင္တာမ်ဳိးေတြနဲ႔ ပတ္သက္ၿပီး ကိုယ့္အေနနဲ႔ App တစ္ခုခ်င္းစီအလိုက္ Location track လုပ္တာေတြကို ပိတ္ထားနုိင္သလုိ တစ္ခုခ်င္းမေရြးပဲ အားလုံးကို တစ္ခါတည္း ပိတ္ထားတာမ်ဳိးေတြကိုလည္း လုပ္ေဆာင္ႏုိင္ပါတယ္။

သတိျပဳရမွာ App အားလုံးကို တစ္ခါတည္း Location track ပိတ္လုိက္တာကေတာ့ Apple ရဲ႕ Maps ကပါ မိမိအတြက္တိက်တဲ့ တည္ေနရာၫႊန္ျပမႈေတြကို လုပ္ေဆာင္ေပးႏုိင္ေတာ့မွာ မဟုတ္ပါဘူး။ ဒါ့အျပင္ iPhone ရဲ႕ Find My iPhone လုပ္ေဆာင္ခ်က္ကိုလည္း အသုံးျပဳႏုိင္မွာ မဟုတ္ပါဘူး။ အဲဒါေၾကာင့္ မိမိအေနနဲ႔ မိမိရဲ႕တည္ေနရာနဲ႔ ပတ္သက္ၿပီး ေပးမသိေစလိုတဲ့ App ကိုသာ သီးသန္႔ေရြးခ်ယ္ၿပီး Location track ကုိ ပိတ္ထားသင့္ပါတယ္။

အခုအားလုံးကို တစ္ခါတည္း ပိတ္တာနဲ႔ App တစ္ခုခ်င္းစီကို ေရြးခ်ယ္ၿပီး Location track ပိတ္တာကို ေဖာ္ျပေပးသြားပါမယ္။ အရင္ဆုံး App အားလုံးအတြက္ Location track ပိတ္တာကို ေဖာ္ျပေပးပါမယ္။

အရင္ဆုံး Settings app ကို ဖြင့္လိုက္ပါ။ ၿပီးရင္ေတာ့ Settings ထဲမွာ Privacy ဆိုတဲ့စာသားကို ရွာၿပီးႏွိပ္ပါ။

Privacy စနစ္ထဲကို ေရာက္သြားပါမယ္။ အဲဒီထဲကို ေရာက္သြားရင္ေတာ့ Location Services ဆိုတဲ့စာသားကို ေတြ႔ပါမယ္။ အဲဒီစာသားေဘးနားမွာ On ဆိုၿပီး ျပေနပါလိမ့္မယ္။ တစ္ခ်က္ႏွိပ္လိုက္ပါ။

Location Services စနစ္ထဲကို ေရာက္သြားပါလိမ့္မယ္။ အဲဒီထဲေရာက္သြားရင္ေတာ့ Location Services ဆိုတဲ့ စာသားေဘးနားက အစိမ္းေရာင္ျဖစ္ေနတဲ့ ခလုတ္ေလးကို တစ္ခ်က္ႏွိပ္လိုက္ပါ။ ဒါ ဆိုရင္ေတာ့ Off ျဖစ္ၿပီး ပိတ္သြားပါလိမ့္မယ္။

အဲလိုပိတ္လိုက္ရင္ေတာ့ ဖုန္းရဲ႕ Location နဲ႔ပတ္သက္ၿပီး App အားလုံးအတြက္ ပိတ္လိုက္တာပဲ ျဖစ္ပါတယ္။ မိမိအေနနဲ႔ App တစ္ခုခ်င္းစီအတြက္ သီးသန္႔ေရြးပိတ္ထားႏုိင္မယ့္ နည္းလမ္းကို ဆက္လက္ေဖာ္ျပေပးပါမယ္။

ခုက အဆင့္ ၃ ဆင့္အတုိင္း ျပန္ဝင္လိုက္ပါ။ Location Services ထဲေရာက္ရင္ေတာ့ Share My Location ဆိုတဲ့စာ သားေအာက္ဖက္နားက ဖုန္းထဲမွာထည့္သြင္းထားတဲ့ App ေတြကို ေတြ႔ပါလိမ့္မယ္။

အဲဒီ App ေတြထဲက ဖုန္းမွာ Location track ကို အသုံးျပဳေနတဲ့ App ေတြျဖစ္ၿပီး မိမိအေနနဲ႔ Location ဆားဗစ္ကိုေပးမသုံး မယ့္ App ကို ေရြးခ်ယ္ၿပီး တစ္ခ်က္ႏွိပ္လုိက္ပါ။ အဲလိုႏွိပ္လိုက္ရင္ေတာ့ ေအာက္ကပုံအတုိင္း ေပၚလာမွာျဖစ္ၿပီး Always ျဖစ္ေနတာကို မိမိစိတ္ႀကိဳက္ App ကိုသုံးတဲ့ အခ်ိန္မွ ဖြင့္ေပးတာမ်ဳိး (While Using the App) နဲ႔ ဘယ္ေတာ့မွ ေပးမသုံးမယ့္ (Never) ဆုိတာကို ေရြးခ်ယ္ေပးထားလိုက္ပါ။

Location track နဲ႔ပတ္သက္ၿပီး ဖုန္းက မိမိကားပါကင္ထိုးထားတဲ့ေနရာကို မွတ္ထားမ်ဳိးကို ျပဳလုပ္ထားႏုိင္ပါတယ္။ အဲလိုမ်ဳိးမွတ္သားထားတာမ်ဳိးကို ေအာက္ပါ နည္းလမ္းအတုိင္း လုပ္ေဆာင္ ထားႏုိင္ပါတယ္။

အရင္ဆုံး ဖုန္းရဲ႕ Settings ထဲကိုသြားပါ။ ၿပီးရင္ေတာ့ Maps ဆိုတာကို ရွာၿပီးႏွိပ္ပါ။

Maps စနစ္ထဲကိုေရာက္ရင္ေတာ့ YOUR CAR ဆိုတဲ့ စာသားေအာက္က Show Parked Location ဆိုတဲ့ စာသားေဘးနားက ခလုတ္ေလးကို ဖြင့္ေပးထားလိုက္ပါ။ ဒါဆိုရင္ေတာ့ မိမိအေနနဲ႔ ကားပါကင္ ထိုးထားခဲ့တဲ့ေနရာကို ဖုန္းရဲ႕ Maps ကေနတစ္ဆင့္ အလြယ္တကူ ျပန္လည္ရွာေဖြႏိုင္မွာ ျဖစ္ပါတယ္။

ဒီလုပ္ေဆာင္ခ်က္ကို အသုံးျပဳဖို႔ကိုေတာ့ မိမိရဲ႕ဖုန္းကို ကားရဲ႕ Bluetooth စနစ္ဒါမွမဟုတ္ CarPlay စနစ္နဲ႔ ဦးစြာခ်ိတ္ဆက္ ထားရမွာျဖစ္ပါတယ္။

-ရဲထြဋ္ဝင္း

[ Unicode ]

ဖုန်းထဲမှာ ထည့်သွင်းအသုံးပြုတဲ့ Apps တော်တော်များများက ပိုမိုကောင်းမွန်တိကျတဲ့အချက် အလက်တွေကို သုံးစွဲသူကို ရရှိနိုင်စေဖို့ ဖုန်းရဲ့တည်နေရာအချက် အလက်ဖြစ်တဲ့ Location ဆိုင်ရာ အချက်အလက်တွေကို နောက်ကွယ်ကနေ track လုပ်မှတ်သား ထားကြပါတယ်။ အဲဒါမှလည်း တည်နေရာပေါ်မူတည်ပြီး ရာသီဥတု၊ ဆိုင်၊ ရုပ်ရှင်ပြသချိန်စတာတွေရဲ့ တိကျတဲ့ အချက်အလက်တွေကို သုံးစွဲသူတွေအတွက် ပေးနိုင်မှာဖြစ်ပါတယ်။

ဒါပေမယ့်အချို့သော Apps တွေက ဖုန်းမှာ ကြော်ငြာတွေ ပြသနိုင်အောင် ကိုယ့်ရဲ့ တည်နေရာနဲ့ဆိုင်တဲ့ အချက်အလက်ဒေတာတွေကို ကြော်ငြာကုမ္ပဏီကို ရောင်းတာမျိုးတွေ ရှိပါတယ်။ iOS သုံးစွဲသူတွေအနေ နဲ့တော့ Android OS သုံးစွဲသူတွေ ထက်ပိုပြီးတော့ အချက်အလက် ဒေတာပိုင်းနဲ့ပတ်သက်ပြီး လုံခြုံရေးပိုင်းကောင်းမွန်ပါတယ်။ မိမိရဲ့သွားလာနေသမျှ အချက်အလက်တွေကို App တွေက အမြဲလိုလို ရယူနေတာမျိုးနဲ့ ကြော်ငြာတွေ ခဏခဏဝင်တာမျိုးတွေနဲ့ ပတ်သက်ပြီး ကိုယ့်အနေနဲ့ App တစ်ခုချင်းစီအလိုက် Location track လုပ်တာတွေကို ပိတ်ထားနိုင်သလို တစ်ခုချင်းမရွေးပဲ အားလုံးကို တစ်ခါတည်း ပိတ်ထားတာမျိုးတွေကိုလည်း လုပ်ဆောင်နိုင်ပါတယ်။

သတိပြုရမှာ App အားလုံးကို တစ်ခါတည်း Location track ပိတ်လိုက်တာကတော့ Apple ရဲ့ Maps ကပါ မိမိအတွက်တိကျတဲ့ တည်နေရာညွှန်ပြမှုတွေကို လုပ်ဆောင်ပေးနိုင်တော့မှာ မဟုတ်ပါဘူး။ ဒါ့အပြင် iPhone ရဲ့ Find My iPhone လုပ်ဆောင်ချက်ကိုလည်း အသုံးပြုနိုင်မှာ မဟုတ်ပါဘူး။ အဲဒါကြောင့် မိမိအနေနဲ့ မိမိရဲ့တည်နေရာနဲ့ ပတ်သက်ပြီး ပေးမသိစေလိုတဲ့ App ကိုသာ သီးသန့်ရွေးချယ်ပြီး Location track ကို ပိတ်ထားသင့်ပါတယ်။

အခုအားလုံးကို တစ်ခါတည်း ပိတ်တာနဲ့ App တစ်ခုချင်းစီကို ရွေးချယ်ပြီး Location track ပိတ်တာကို ဖော်ပြပေးသွားပါမယ်။ အရင်ဆုံး App အားလုံးအတွက် Location track ပိတ်တာကို ဖော်ပြပေးပါမယ်။

အရင်ဆုံး Settings app ကို ဖွင့်လိုက်ပါ။ ပြီးရင်တော့ Settings ထဲမှာ Privacy ဆိုတဲ့စာသားကို ရှာပြီးနှိပ်ပါ။

Privacy စနစ်ထဲကို ရောက်သွားပါမယ်။ အဲဒီထဲကို ရောက်သွားရင်တော့ Location Services ဆိုတဲ့စာသားကို တွေ့ပါမယ်။ အဲဒီစာသားဘေးနားမှာ On ဆိုပြီး ပြနေပါလိမ့်မယ်။ တစ်ချက်နှိပ်လိုက်ပါ။

Location Services စနစ်ထဲကို ရောက်သွားပါလိမ့်မယ်။ အဲဒီထဲရောက်သွားရင်တော့ Location Services ဆိုတဲ့ စာသားဘေးနားက အစိမ်းရောင်ဖြစ်နေတဲ့ ခလုတ်လေးကို တစ်ချက်နှိပ်လိုက်ပါ။ ဒါ ဆိုရင်တော့ Off ဖြစ်ပြီး ပိတ်သွားပါလိမ့်မယ်။

အဲလိုပိတ်လိုက်ရင်တော့ ဖုန်းရဲ့ Location နဲ့ပတ်သက်ပြီး App အားလုံးအတွက် ပိတ်လိုက်တာပဲ ဖြစ်ပါတယ်။ မိမိအနေနဲ့ App တစ်ခုချင်းစီအတွက် သီးသန့်ရွေးပိတ်ထားနိုင်မယ့် နည်းလမ်းကို ဆက်လက်ဖော်ပြပေးပါမယ်။

ခုက အဆင့် ၃ ဆင့်အတိုင်း ပြန်ဝင်လိုက်ပါ။ Location Services ထဲရောက်ရင်တော့ Share My Location ဆိုတဲ့စာ သားအောက်ဖက်နားက ဖုန်းထဲမှာထည့်သွင်းထားတဲ့ App တွေကို တွေ့ပါလိမ့်မယ်။

အဲဒီ App တွေထဲက ဖုန်းမှာ Location track ကို အသုံးပြုနေတဲ့ App တွေဖြစ်ပြီး မိမိအနေနဲ့ Location ဆားဗစ်ကိုပေးမသုံး မယ့် App ကို ရွေးချယ်ပြီး တစ်ချက်နှိပ်လိုက်ပါ။ အဲလိုနှိပ်လိုက်ရင်တော့ အောက်ကပုံအတိုင်း ပေါ်လာမှာဖြစ်ပြီး Always ဖြစ်နေတာကို မိမိစိတ်ကြိုက် App ကိုသုံးတဲ့ အချိန်မှ ဖွင့်ပေးတာမျိုး (While Using the App) နဲ့ ဘယ်တော့မှ ပေးမသုံးမယ့် (Never) ဆိုတာကို ရွေးချယ်ပေးထားလိုက်ပါ။

Location track နဲ့ပတ်သက်ပြီး ဖုန်းက မိမိကားပါကင်ထိုးထားတဲ့နေရာကို မှတ်ထားမျိုးကို ပြုလုပ်ထားနိုင်ပါတယ်။ အဲလိုမျိုးမှတ်သားထားတာမျိုးကို အောက်ပါ နည်းလမ်းအတိုင်း လုပ်ဆောင် ထားနိုင်ပါတယ်။

အရင်ဆုံး ဖုန်းရဲ့ Settings ထဲကိုသွားပါ။ ပြီးရင်တော့ Maps ဆိုတာကို ရှာပြီးနှိပ်ပါ။

Maps စနစ်ထဲကိုရောက်ရင်တော့ YOUR CAR ဆိုတဲ့ စာသားအောက်က Show Parked Location ဆိုတဲ့ စာသားဘေးနားက ခလုတ်လေးကို ဖွင့်ပေးထားလိုက်ပါ။ ဒါဆိုရင်တော့ မိမိအနေနဲ့ ကားပါကင် ထိုးထားခဲ့တဲ့နေရာကို ဖုန်းရဲ့ Maps ကနေတစ်ဆင့် အလွယ်တကူ ပြန်လည်ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။

ဒီလုပ်ဆောင်ချက်ကို အသုံးပြုဖို့ကိုတော့ မိမိရဲ့ဖုန်းကို ကားရဲ့ Bluetooth စနစ်ဒါမှမဟုတ် CarPlay စနစ်နဲ့ ဦးစွာချိတ်ဆက် ထားရမှာဖြစ်ပါတယ်။