September 20, 2018

iPad Pro အစား ႐ိုး႐ိုး iPad ကိုသာ ဝယ္ယူသင့္တဲ့ အေၾကာင္းရင္း (၈) ခ်က္

[ Zawgyi ]

Apple ဟာ iPad ကို iPad Mini 4, iPad နဲ႔ iPad Pro ဗားရွင္းႏွစ္မ်ိဳးဆိုၿပီး ေမာ္ဒယ္ေလးမ်ိဳးနဲ႔ ေရာင္းခ်ေနပါတယ္။

လူအမ်ားစုဟာ mini ေမာ္ဒယ္ကို အရြယ္အစားေၾကာင့္ စိတ္မဝင္စားၾကတဲ့အတြက္ ၉.၇ လက္မ iPad နဲ႔ iPad Pro ေမာ္ဒယ္ႏွစ္မိ်ဳး ၾကားမွာသာ ေရြးခ်ယ္ဝယ္ယူၾကပါတယ္။

ဒါေၾကာင့္ iPad Pro အစား သာမန္ iPad ကို ဝယ္ယူသင့္တဲ့ အခ်က္ (၈) ခ်က္ကို ေဖာ္ျပလိုက္ပါတယ္။

(၁) ေစ်းႏႈန္းက လူအမ်ားစုထည့္သြင္းစဥ္းစားၾကတဲ့ အေရးအပါအဆံုးအခ်က္ ျဖစ္ပါတယ္။ ဒီေနရာမွာ ႐ိုး႐ိုး iPad က ပိုၿပီး ဆြဲေဆာင္မႈရိွပါတယ္။

႐ိုး႐ိုး iPad နဲ႔ iPad Pro ဟာ ေစ်းထက္ဝက္နီးပါး ကြာပါတယ္။

– ၉.၇ လက္မ iPad: ၃၂၉ ေဒၚလာမွ ၅၅၉ ေဒၚလာ
– ၁၀.၅ လက္မ iPad Pro: ၆၄၉ ေဒၚလာမွ ၁,၁၂၉ ေဒၚလာ
– ၁၂.၉ လက္မ iPad Pro: ၇၉၉ ေဒၚလာမွ ၁,၂၇၉ ေဒၚလာ

(၂) iPad Pro မွာ display နည္းပညာသစ္ ပါဝင္ပါတယ္။ ဒါေပမဲ့ ႐ိုး႐ိုး iPad ရဲ႕ display ကလည္း အေတာ့္ကို အရည္အေသြး ျမင့္မားပါတယ္။

႐ိုး႐ိုး iPad နဲ႔ iPad Pro တို႔အၾကားက အႀကီးမားဆံုး ျခားနားခ်က္တစ္ခုကေတာ့ display ပဲ ျဖစ္ပါတယ္။

iPad Pro ေမာ္ဒယ္ေတြမွာ Apple ရဲ႕ ProMotion နည္းပညာပါတယ္။ ဒါဟာ 120Hz refresh rate ျဖစ္တာေၾကာင့္ ဝက္ဘ္စာမ်က္ႏွာေတြကို scroll လုပ္တာကေန ဗီဒီယိုၾကည့္႐ႈတာအထိ အရာအားလံုးကို ေခ်ာေမြ႕ေစမွာျဖစ္ပါတယ္။ Apple Pencil သံုးတဲ့အခါမွာလည္း စာရြက္ေပၚေရးေနရသလို ခံစားရေစမွာျဖစ္ပါတယ္။

၉.၇ လက္မ iPad မွာလည္း Apple Pencil အေထာက္အပံ့ ပါဝင္ပါတယ္။ Retina display ျဖစ္တဲ့အတြက္ အရာအားလံုးကို ျမင့္မားတဲ့ အရည္အေသြးနဲ႔ အသံုးျပဳႏိုင္ပါတယ္။ ဒီ iPad ႏွစ္လံုးကို ေဘးခ်င္းယွဥ္ထားတဲ့အခါ ကြဲျပားျခားနားခ်က္ကို သတိျပဳႏိုင္ေပမယ့္ ProMotion မပါတာက ေထြေထြထူးထူးကိစၥေတာ့ မဟုတ္ပါဘူး။

(၃) ၉.၇ လက္မ iPad မွာ အသံုးမျပဳႏိုင္တဲ့ တစ္ခုတည္းေသာ accessory က Apple ရဲ႕ Smart Keyboard ျဖစ္ပါတယ္။ ဒါလည္းပဲ ေထြေထြထူးထူးကိစၥ မရိွပါဘူး။

တူညီတဲ့ Bluetooth နဲ႔ WiFi နည္းပညာေၾကာင့္ ႐ိုး႐ိုး iPad မွာ iPad Pro နဲ႔အသံုးျပဳႏိုင္တဲ့ accessory မွန္သမွ်ကို ခ်ိတ္ဆက္ႏိုင္ပါတယ္။ ဒါ့အျပင္ Apple Pencil ကိုလည္း ေထာက္ပံ့ေပးထားပါတယ္။ ႐ိုး႐ိုး iPad မွာ မခ်ိတ္ဆက္ႏိုင္တဲ့ တစ္ခုတည္းေသာ accesorry ကေတာ့ Apple ရဲ႕ Smart Keyboard ပဲျဖစ္ပါတယ္။

iPad Pro ရဲ႕ built-in Smart Connectors ဟာ tablet ေတြကို Smart Keyboard နဲ႔ အလိုအေလ်ာက္ ခ်ိတ္ဆက္ႏိုင္တာေၾကာင့္ ထုတ္ကုန္ေတြအၾကား အခ်က္အလက္နဲ႔ စြမ္းအင္လႊဲေျပာင္းမႈကို ေခ်ာေမြ႕စြာ ျပဳလုပ္ႏိုင္ေစပါတယ္။

Smart Keyboard အတြက္ ေဒၚလာ ၁၆၀ ကေန ၁၇၀ အထိ က်သင့္ႏိုင္ပါတယ္။ iPad အတြက္ အလားတူ ေစ်းသက္သာတဲ့ keyboard cover ေတြလည္း ရိွပါတယ္။ Logitech ရဲ႕ Slim Folio ဆိုရင္ ေဒၚလာ ၁၀၀ ပဲ က်သင့္ပါတယ္။

(၄) ၉.၇ လက္မ iPad display က အသင့္ေတာ္ဆံုးပါ။ Tablet ေတြမွာ screen အရြယ္ႀကီးတိုင္း အၿမဲမေကာင္းပါဘူး။

iPad ကို ၂၀၁၀ ခုႏွစ္မွာ ပထမဆံုး မိတ္ဆက္စဥ္က ၉.၇ လက္မ display နဲ႔ မိတ္ဆက္ခဲ့တာပါ။

အဲ့ဒီေနာက္ပိုင္းမွာ Apple က ဒီဇိုင္းနဲ႔ display အရြယ္အစားကို ထိန္းသိမ္းခဲ့ေပမယ့္ iPad Mini နဲ႔ iPad Pro တို႔လို အျခားအရြယ္အစားေတြနဲ႔ ထုတ္လုပ္ခဲ့ပါတယ္။

ဒါေပမဲ့ ၉.၇ လက္မ iPad ကေတာ့ လူအမ်ားစုအတြက္ အသင့္ေတာ္ဆံုး iPad အရြယ္အစား ျဖစ္ပါတယ္။ ၁၀.၅ လက္မ iPad Pro က သိပ္မသိသာေပမယ့္ ၁၂.၉ လက္မ ဗားရွင္းကေတာ့ အေတာ့္ကိုႀကီးလြန္းပါတယ္။

(၅) iPad Pro ေမာ္ဒယ္ေတြမွာ ပိုေကာင္းတဲ့ ကင္မရာေတြပါဝင္ပါတယ္။ ဗီဒီယိုေတြကို 4K နဲ႔ ႐ိုက္ကူးႏိုင္ၿပီး slow motion ကို 240fps နဲ႔ ႐ိုက္ကူးႏိုင္ပါတယ္။ ဒါေပမဲ့ iPad ကိုသံုးၿပီး ဗီဒီယို႐ိုက္တယ္ဆိုတာ ရွားပါတယ္။

အေပ်ာ္တမ္း ဗီဒီယိုေတြ႐ိုက္ကူးဖို႔အတြက္ 4K quality မလိုပါဘူး။ ေနာက္ၿပီး လူျမင္ကြင္းမွာ iPad နဲ႔ ဗီဒီယို႐ိုက္တာက ကသိကေအာက္ျဖစ္စရာ ေကာင္းပါတယ္။ အဲ့ဒီအစား ဖုန္းကိုသံုးသင့္ပါတယ္။

(၆) iPad Pro ေမာ္ဒယ္ေတြမွာ ပိုေကာင္းတဲ့ FaceTime ကင္မရာေတြပါဝင္ပါတယ္။ ဒါေပမဲ့ ႐ိုး႐ိုး iPad မွာလည္း HD quality နဲ႔ရရိွႏိုင္ပါတယ္။

iPad Pro ေမာ္ဒယ္ေတြဟာ 1080p HD ဗီဒီယိုေတြကို ႐ိုက္ကူးႏိုင္ပါတယ္။ ႐ိုး႐ိုး iPad ေတြကေတာ့ 720p HD နဲ႔ပဲ ႐ိုက္ႏိုင္ပါတယ္။ တကယ္လို႔ ကိုယ္စကားေျပာေနတာကို ဗီဒီယိုမ႐ိုက္ဘူးဆိုရင္ ဒါမွမဟုတ္ ကိုယ့္ရဲ႕ FaceTime chat ေတြကို မွတ္တမ္းမတင္ဘူးဆိုရင္ 720p က သင့္ေတာ္ပါတယ္။

(၇) ႐ိုး႐ိုး ၉.၇ လက္မ iPad နဲ႔ ၁၀.၅ လက္မ iPad Pro တို႔ရဲ႕ အေလးခ်ိန္က တူညီပါတယ္။ ၁၂.၉ လက္မ iPad Pro ကေတာ့ ပိုေလးပါတယ္။

iPad ကို အလြယ္တကူသယ္ေဆာင္ၿပီး ကိုင္တြယ္အသံုးျပဳဖို႔အတြက္ ရည္ရြယ္ထားတာပါ။ အရြယ္ႀကီးတဲ့ display ေတြက အေလးခ်ိန္ကို ပိုတိုးေစပါတယ္။

၉.၇ လက္မ iPad နဲ႔ ၁၀.၅ လက္မ iPad Pro တို႔ရဲ႕ အေလးခ်ိန္ တစ္ေပါင္စီရိွပါတယ္။ ၁၂.၉ လက္မ iPad Pro ကေတာ့ ပိုေလးၿပီး ၁.၅ ေပါင္ရိွပါတယ္။

(၈) ဘာေမာ္ဒယ္ပဲဝယ္ဝယ္ iOS experience ကိုေတာ့ အတူတူပဲရရိွမွာပါ။ iPad Pro မွာ ႐ိုး႐ိုး iPad ထက္ ပိုထူးတဲ့ software feature ေတြ မပါပါဘူး။

iPad ေရာ iPad Pro မွာပါ iOS ကို အသံုးျပဳထားပါတယ္။ ဘာေမာ္ဒယ္ပဲဝယ္ဝယ္ တူညီတဲ့ ေဂဟစနစ္၊ App Store နဲ႔ update ေတြကို ရရိွမွာျဖစ္ပါတယ္။

ဒါ့အျပင္ ႐ိုး႐ိုး iPad မွာ Apple Pencil ကို ေထာက္ပံ့ေပးလိုက္တာေၾကာင့္ iPad Pro နဲ႔ ကြာျခားတာဆိုလို႔ တစ္ခုတည္းရိွပါေတာ့တယ္။ အဲ့ဒါကေတာ့ app သံုးခုကို တစ္ၿပိဳင္နက္သံုးႏိုင္ျခင္းပဲ ျဖစ္ပါတယ္။

Ref: BusinessInsider

[ Unicode ]

Apple ဟာ iPad ကို iPad Mini 4, iPad နဲ့ iPad Pro ဗားရှင်းနှစ်မျိုးဆိုပြီး မော်ဒယ်လေးမျိုးနဲ့ ရောင်းချနေပါတယ်။

လူအများစုဟာ mini မော်ဒယ်ကို အရွယ်အစားကြောင့် စိတ်မဝင်စားကြတဲ့အတွက် ၉.၇ လက်မ iPad နဲ့ iPad Pro မော်ဒယ်နှစ်မျိုး ကြားမှာသာ ရွေးချယ်ဝယ်ယူကြပါတယ်။

ဒါကြောင့် iPad Pro အစား သာမန် iPad ကို ဝယ်ယူသင့်တဲ့ အချက် (၈) ချက်ကို ဖော်ပြလိုက်ပါတယ်။

(၁) စျေးနှုန်းက လူအများစုထည့်သွင်းစဉ်းစားကြတဲ့ အရေးအပါအဆုံးအချက် ဖြစ်ပါတယ်။ ဒီနေရာမှာ ရိုးရိုး iPad က ပိုပြီး ဆွဲဆောင်မှုရှိပါတယ်။

ရိုးရိုး iPad နဲ့ iPad Pro ဟာ စျေးထက်ဝက်နီးပါး ကွာပါတယ်။

– ၉.၇ လက်မ iPad: ၃၂၉ ဒေါ်လာမှ ၅၅၉ ဒေါ်လာ
– ၁၀.၅ လက်မ iPad Pro: ၆၄၉ ဒေါ်လာမှ ၁,၁၂၉ ဒေါ်လာ
– ၁၂.၉ လက်မ iPad Pro: ရ၉၉ ဒေါ်လာမှ ၁,၂၇၉ ဒေါ်လာ

(၂) iPad Pro မှာ display နည်းပညာသစ် ပါဝင်ပါတယ်။ ဒါပေမဲ့ ရိုးရိုး iPad ရဲ့ display ကလည်း အတော့်ကို အရည်အသွေး မြင့်မားပါတယ်။

ရိုးရိုး iPad နဲ့ iPad Pro တို့အကြားက အကြီးမားဆုံး ခြားနားချက်တစ်ခုကတော့ display ပဲ ဖြစ်ပါတယ်။

iPad Pro မော်ဒယ်တွေမှာ Apple ရဲ့ ProMotion နည်းပညာပါတယ်။ ဒါဟာ 120Hz refresh rate ဖြစ်တာကြောင့် ဝက်ဘ်စာမျက်နှာတွေကို scroll လုပ်တာကနေ ဗီဒီယိုကြည့်ရှုတာအထိ အရာအားလုံးကို ချောမွေ့စေမှာဖြစ်ပါတယ်။ Apple Pencil သုံးတဲ့အခါမှာလည်း စာရွက်ပေါ်ရေးနေရသလို ခံစားရစေမှာဖြစ်ပါတယ်။

၉.၇ လက်မ iPad မှာလည်း Apple Pencil အထောက်အပံ့ ပါဝင်ပါတယ်။ Retina display ဖြစ်တဲ့အတွက် အရာအားလုံးကို မြင့်မားတဲ့ အရည်အသွေးနဲ့ အသုံးပြုနိုင်ပါတယ်။ ဒီ iPad နှစ်လုံးကို ဘေးချင်းယှဉ်ထားတဲ့အခါ ကွဲပြားခြားနားချက်ကို သတိပြုနိုင်ပေမယ့် ProMotion မပါတာက ထွေထွေထူးထူးကိစ္စတော့ မဟုတ်ပါဘူး။

(၃) ၉.၇ လက်မ iPad မှာ အသုံးမပြုနိုင်တဲ့ တစ်ခုတည်းသော accessory က Apple ရဲ့ Smart Keyboard ဖြစ်ပါတယ်။ ဒါလည်းပဲ ထွေထွေထူးထူးကိစ္စ မရှိပါဘူး။

တူညီတဲ့ Bluetooth နဲ့ WiFi နည်းပညာကြောင့် ရိုးရိုး iPad မှာ iPad Pro နဲ့အသုံးပြုနိုင်တဲ့ accessory မှန်သမျှကို ချိတ်ဆက်နိုင်ပါတယ်။ ဒါ့အပြင် Apple Pencil ကိုလည်း ထောက်ပံ့ပေးထားပါတယ်။ ရိုးရိုး iPad မှာ မချိတ်ဆက်နိုင်တဲ့ တစ်ခုတည်းသော accesorry ကတော့ Apple ရဲ့ Smart Keyboard ပဲဖြစ်ပါတယ်။

iPad Pro ရဲ့ built-in Smart Connectors ဟာ tablet တွေကို Smart Keyboard နဲ့ အလိုအလျောက် ချိတ်ဆက်နိုင်တာကြောင့် ထုတ်ကုန်တွေအကြား အချက်အလက်နဲ့ စွမ်းအင်လွှဲပြောင်းမှုကို ချောမွေ့စွာ ပြုလုပ်နိုင်စေပါတယ်။

Smart Keyboard အတွက် ဒေါ်လာ ၁၆၀ ကနေ ၁၇၀ အထိ ကျသင့်နိုင်ပါတယ်။ iPad အတွက် အလားတူ စျေးသက်သာတဲ့ keyboard cover တွေလည်း ရှိပါတယ်။ Logitech ရဲ့ Slim Folio ဆိုရင် ဒေါ်လာ ၁၀၀ ပဲ ကျသင့်ပါတယ်။

(၄) ၉.၇ လက်မ iPad display က အသင့်တော်ဆုံးပါ။ Tablet တွေမှာ screen အရွယ်ကြီးတိုင်း အမြဲမကောင်းပါဘူး။

iPad ကို ၂၀၁၀ ခုနှစ်မှာ ပထမဆုံး မိတ်ဆက်စဉ်က ၉.၇ လက်မ display နဲ့ မိတ်ဆက်ခဲ့တာပါ။

အဲ့ဒီနောက်ပိုင်းမှာ Apple က ဒီဇိုင်းနဲ့ display အရွယ်အစားကို ထိန်းသိမ်းခဲ့ပေမယ့် iPad Mini နဲ့ iPad Pro တို့လို အခြားအရွယ်အစားတွေနဲ့ ထုတ်လုပ်ခဲ့ပါတယ်။

ဒါပေမဲ့ ၉.၇ လက်မ iPad ကတော့ လူအများစုအတွက် အသင့်တော်ဆုံး iPad အရွယ်အစား ဖြစ်ပါတယ်။ ၁၀.၅ လက်မ iPad Pro က သိပ်မသိသာပေမယ့် ၁၂.၉ လက်မ ဗားရှင်းကတော့ အတော့်ကိုကြီးလွန်းပါတယ်။

(၅) iPad Pro မော်ဒယ်တွေမှာ ပိုကောင်းတဲ့ ကင်မရာတွေပါဝင်ပါတယ်။ ဗီဒီယိုတွေကို 4K နဲ့ ရိုက်ကူးနိုင်ပြီး slow motion ကို 240fps နဲ့ ရိုက်ကူးနိုင်ပါတယ်။ ဒါပေမဲ့ iPad ကိုသုံးပြီး ဗီဒီယိုရိုက်တယ်ဆိုတာ ရှားပါတယ်။

အပျော်တမ်း ဗီဒီယိုတွေရိုက်ကူးဖို့အတွက် 4K quality မလိုပါဘူး။ နောက်ပြီး လူမြင်ကွင်းမှာ iPad နဲ့ ဗီဒီယိုရိုက်တာက ကသိကအောက်ဖြစ်စရာ ကောင်းပါတယ်။ အဲ့ဒီအစား ဖုန်းကိုသုံးသင့်ပါတယ်။

(၆) iPad Pro မော်ဒယ်တွေမှာ ပိုကောင်းတဲ့ FaceTime ကင်မရာတွေပါဝင်ပါတယ်။ ဒါပေမဲ့ ရိုးရိုး iPad မှာလည်း HD quality နဲ့ရရှိနိုင်ပါတယ်။

iPad Pro မော်ဒယ်တွေဟာ 1080p HD ဗီဒီယိုတွေကို ရိုက်ကူးနိုင်ပါတယ်။ ရိုးရိုး iPad တွေကတော့ 720p HD နဲ့ပဲ ရိုက်နိုင်ပါတယ်။ တကယ်လို့ ကိုယ်စကားပြောနေတာကို ဗီဒီယိုမရိုက်ဘူးဆိုရင် ဒါမှမဟုတ် ကိုယ့်ရဲ့ FaceTime chat တွေကို မှတ်တမ်းမတင်ဘူးဆိုရင် 720p က သင့်တော်ပါတယ်။

(၇) ရိုးရိုး ၉.၇ လက်မ iPad နဲ့ ၁၀.၅ လက်မ iPad Pro တို့ရဲ့ အလေးချိန်က တူညီပါတယ်။ ၁၂.၉ လက်မ iPad Pro ကတော့ ပိုလေးပါတယ်။

iPad ကို အလွယ်တကူသယ်ဆောင်ပြီး ကိုင်တွယ်အသုံးပြုဖို့အတွက် ရည်ရွယ်ထားတာပါ။ အရွယ်ကြီးတဲ့ display တွေက အလေးချိန်ကို ပိုတိုးစေပါတယ်။

၉.၇ လက်မ iPad နဲ့ ၁၀.၅ လက်မ iPad Pro တို့ရဲ့ အလေးချိန် တစ်ပေါင်စီရှိပါတယ်။ ၁၂.၉ လက်မ iPad Pro ကတော့ ပိုလေးပြီး ၁.၅ ပေါင်ရှိပါတယ်။

(၈) ဘာမော်ဒယ်ပဲဝယ်ဝယ် iOS experience ကိုတော့ အတူတူပဲရရှိမှာပါ။ iPad Pro မှာ ရိုးရိုး iPad ထက် ပိုထူးတဲ့ software feature တွေ မပါပါဘူး။

iPad ရော iPad Pro မှာပါ iOS ကို အသုံးပြုထားပါတယ်။ ဘာမော်ဒယ်ပဲဝယ်ဝယ် တူညီတဲ့ ဂေဟစနစ်၊ App Store နဲ့ update တွေကို ရရှိမှာဖြစ်ပါတယ်။

ဒါ့အပြင် ရိုးရိုး iPad မှာ Apple Pencil ကို ထောက်ပံ့ပေးလိုက်တာကြောင့် iPad Pro နဲ့ ကွာခြားတာဆိုလို့ တစ်ခုတည်းရှိပါတော့တယ်။ အဲ့ဒါကတော့ app သုံးခုကို တစ်ပြိုင်နက်သုံးနိုင်ခြင်းပဲ ဖြစ်ပါတယ်။

Ref: BusinessInsider