August 19, 2018

iPad နဲ႔ယွဥ္ၿပိဳင္ရန္ ေစ်းသက္သာတဲ့ Surface tablet ေတြ ျဖန္႔ခ်ိဖို႔စီစဥ္ေနတဲ့ Microsoft

[Zawgyi]

Microsoft ဟာ Apple ရဲ႕ iPad ေတြနဲ႔ ပိုမိုယွဥ္ၿပိဳင္ႏိုင္ဖို႔အတြက္ ေစ်းသက္သာတဲ့ Surface tablet ေတြကို ျဖန္႔ခ်ိသြားဖို႔ စီစဥ္ေနတယ္လို႔ သိရပါတယ္။

ကုမၸဏီအေနနဲ႔ အရြယ္ေသးငယ္ၿပီး ေစ်းသက္သာတဲ့ Surface tablet ေတြကို ၂၀၁၈ ဒုတိယႏွစ္မွာ ျဖန္႔ခ်ိသြားဖို႔ စီစဥ္ေနတယ္လို႔ Bloomberg က ေဖာ္ျပခဲ့ပါတယ္။

၁၀ လက္မ screen ပါဝင္တဲ့ ထုတ္ကုန္ေတြဟာ ၁၂ လက္မ Surface Pro ထက္ အရြယ္ပိုမိုေသးငယ္သလို ၂၀ ရာခိုင္ႏႈန္းလည္း ပိုမိုေပါ့ပါးမွာျဖစ္ပါတယ္။

ဒါ့အျပင္ Microsoft က အဆိုပါ tablet ရဲ႕ဒီဇိုင္းကို လက္ရိွ Surface ထုတ္ကုန္ေတြကို စတုရန္းပံုအစား iPad လိုမ်ိဳး လံုးဝန္းတဲ့ ေထာင့္ခ်ိဳးေတြနဲ႔ ဖန္တီးသြားဖြယ္ရိွတယ္လို႔လည္း ဆိုပါတယ္။ အဲ့ဒီ tablet ေတြမွာ USB-C port ေတြပါဝင္ၿပီး တန္ဖိုးက ေဒၚလာ ၄၀၀ ဝန္းက်င္သာ ရိွမယ္လို႔လည္း သိရပါတယ္။

-ေနာင္ေနာင္
Ref: CNET

===============

[Unicode]

Microsoft ဟာ Apple ရဲ့ iPad တွေနဲ့ ပိုမိုယှဉ်ပြိုင်နိုင်ဖို့အတွက် စျေးသက်သာတဲ့ Surface tablet တွေကို ဖြန့်ချိသွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ကုမ္ပဏီအနေနဲ့ အရွယ်သေးငယ်ပြီး စျေးသက်သာတဲ့ Surface tablet တွေကို ၂၀၁၈ ဒုတိယနှစ်မှာ ဖြန့်ချိသွားဖို့ စီစဉ်နေတယ်လို့ Bloomberg က ဖော်ပြခဲ့ပါတယ်။

၁၀ လက်မ screen ပါဝင်တဲ့ ထုတ်ကုန်တွေဟာ ၁၂ လက်မ Surface Pro ထက် အရွယ်ပိုမိုသေးငယ်သလို ၂၀ ရာခိုင်နှုန်းလည်း ပိုမိုပေါ့ပါးမှာဖြစ်ပါတယ်။

ဒါ့အပြင် Microsoft က အဆိုပါ tablet ရဲ့ဒီဇိုင်းကို လက်ရှိ Surface ထုတ်ကုန်တွေကို စတုရန်းပုံအစား iPad လိုမျိုး လုံးဝန်းတဲ့ ထောင့်ချိုးတွေနဲ့ ဖန်တီးသွားဖွယ်ရှိတယ်လို့လည်း ဆိုပါတယ်။ အဲ့ဒီ tablet တွေမှာ USB-C port တွေပါဝင်ပြီး တန်ဖိုးက ဒေါ်လာ ၄၀၀ ဝန်းကျင်သာ ရှိမယ်လို့လည်း သိရပါတယ်။

-နောင်နောင်
Ref: CNET