iOS app အတွင်းပိုင်း Facebook စီမံမှုကို Apple ပြန်လည်ခွင့်ပြု

[ Zawgyi ]




စိုးထက်
Ref: TheVerge

[ Unicode ]

Apple ဟာ ကုမ္ပဏီရဲ့ enterprise ခွင့်ပြုချက်ကို ပြန်လည် ခွင့်ပြုပေးခဲ့ပါတယ်။ ဝန်ထမ်းတွေ၊ beta စမ်းသပ်သူတွေနဲ့ သုတေသနမှာ ပါဝင်သူတွေရဲ့ ထုတ်ကုန်က မိုဘိုင်း app အတွင်းမှာ Facebook က load ပြုလုပ်တာကိုခွင့်ပြုတဲ့ software permission ကိုခွင့်ပြုလိုက်တာဖြစ်ပါတယ်။

ကုမ္ပဏီအနေနဲ့ Facebook Research app တစ်ခုအဖြစ် Onavo VPN app ကိုအသုံးပြုနေကြောင်း TechCrunch ကတွေ့ရှိခဲ့ပါတယ်။ အဲဒီနောက် Apple ဟာ ပရိုဂရမ်တွေကို အသုံးပြုနေတဲ့ Facebook ကို ပိတ်ပင်လိုက်ပြီး တစ်ရက်အကြာမှာ အခု အပြောင်းအလဲကို ဖော်ဆောင်ပေးခဲ့ပါတယ်။ Facebook ဟာ စမတ်ဖုန်းအချက်အလက်တွေကို စုဆောင်းဖို့ ဆယ်ကျော်သက်တွေကို တစ်လ ဒေါ်လာ ၂၀ ပေးပြီး အဲဒီ app ကို အသုံးပြုစေခဲ့ပါတယ်။

Facebook ဟာ ဇန်နဝါရီ ၂၉ ရက်၊ အင်္ဂါနေ့မှာ app ကိုဖြုတ်ချခဲ့ပေမယ့် ကုမ္ပဏီနဲ့သဘောတူညီချက်ကို ချိုးဖောက်တဲ့အတွက် app အတွင်းပါဝင်ခွင့်ကို Apple ကပိတ်ပင်လိုက်ပါတယ်။ အခုအခါမှပဲ Apple က Facebook ကို app အတွင်း ပါဝင်ခွင့်ပြုလိုက်တာဖြစ်ပါတယ်။

Ref: TheVerge