iOS 13 က အလန္းစား feature (၁၃) ခု

[ Zawgyi ]

Apple ဟာႏွစ္စဥ္ျပဳလုပ္ေနက် WWDC ပြဲမွာ ႏွစ္စဥ္ operating system အသစ္ေတြကုိ မိတ္ဆက္ပါတယ္။ ပြဲအတြင္းမွာ သုံးစြဲသူေတြအတြက္ စိတ္လႈပ္ရွားစရာအေကာင္းဆုံး သတင္းအခ်က္အလက္ေတြကို ေဝမွ်ေပးပါတယ္။ Apple ကေတာ့ ဒီႏွစ္မွာ မိတ္ဆက္လိုက္တဲ့ iOS 13 မွာတင္ app ေတြနဲ႔ feature သစ္ေတြ၊ စြမ္းေဆာင္ရည္၊ UI အဆင့္ျမႇင့္တင္မႈနဲ႔ Apple ရဲ႕မုိဘိုင္း OS အတြင္းက အေတြ႕အႀကဳံပိုင္းဆုိင္ရာကုိ ျပန္လည္ ျပဳျပင္ခဲ့ပါတယ္။

ဒီႏွစ္ေႏွာင္းပုိင္း ထြက္ရွိလာမယ့္ iOS 13 က စိတ္ဝင္စားစရာအေကာင္းဆုံး feature ေတြကို ေအာက္မွာေဖာ္ျပေပး လိုက္ပါတယ္။ iOS 13 မွာ Augmented Reality နဲ႔ Video editing အျပင္ တစ္ကိုယ္ေရအခ်က္အလက္ကုိ ကာကြယ္ထားတဲ့ tool ေတြလည္း ပါဝင္လာပါတယ္။

(၁) Dark Mode

စမတ္ဖုန္းေတြမွာ dark mode ေထာက္ပံ့ထားတဲ့ app တစ္ခုခ်င္းဆီဝင္ၿပီး ေျပာင္းစရာမလိုေတာ့ပါဘူး။ iOS 13 မွာစမတ္ဖုန္းတစ္ခုလုံးကုိ dark mode ေျပာင္းလဲႏိုင္ေအာင္ ျပဳလုပ္ေပးထားပါတယ္။

(၂) Sign In with Apple

iOS 13 ရဲ႕အဓိက ဦးတည္ခ်က္ကေတာ့ တစ္ကုိယ္ေရအခ်က္အလက္ လုံၿခဳံေရးျဖစ္ပါတယ္။ Apple ရဲ႕ App Store စည္းမ်ဥ္းစည္းကမ္းေတြကုိ Facebook ကခ်ိဳးေဖာက္တဲ့ ျပႆနာ ျဖစ္ေနစဥ္မွာ Sign In with Apple ကုိ မိတ္ဆက္လိုက္ပါတယ္။ အဲဒီ feature ဟာ႐ိုးရွင္းၿပီး API developer ေတြက social sign-in ေနရာအစားထိုးၿပီး သုံးစြဲသူေတြ ကို tap တစ္ခါတည္းနဲ႔ app ေတြထဲ ဝင္ေရာက္ႏိုင္ေအာင္ ျပဳလုပ္ေပးမွာ ျဖစ္ပါတယ္။ Face ID နဲ႔လည္း စစ္ေဆးသြားမွာျဖစ္ၿပီး third-party ေျခရာခံမႈမရွိဘဲ app ထဲ sign-in ဝင္ႏိုင္မွာ ျဖစ္ပါတယ္။

(၃) အီးေမးလ္လိပ္စာကို ဖုံးကြယ္ေပးျခင္း

Apple ဟာ sign-in ေတြကုိ တစ္ကိုယ္ေရစာ လုံၿခဳံေအာင္ ျပဳလုပ္ေပး႐ုံမကဘဲ spam app ေတြနဲ႔ ေဈးကြက္ရွာေဖြသူေတြအၾကား ေျခရာေဖ်ာက္ႏိုင္ေအာင္လည္း ျပဳလုပ္ေပးလိုက္ပါတယ္။ Apple ဟာ သုံးစြဲသူေတြရဲ႕ အီးေမးလ္လိပ္စာေတြကို app နဲ႔ ဝန္ေဆာင္မႈေတြမွာ ဖုံးကြယ္ႏို္င္ေအာင္ ျပဳလုပ္ေပးခဲ့ပါတယ္။ Apple က app တစ္ခုခ်င္းစီအတြက္ အီးေမးလ္အစစ္ကေန forward လုပ္နိုင္တဲ့ က်ပန္း အီးေမးလ္လိပ္စာကုိ ဖန္တီးခြင့္ေပးထားပါတယ္။

(၄) ဘာ App ေတြက ေျခရာခံေနသလဲကုိ ၾကည့္႐ႈႏိုင္

Apple ဟာ တည္ေနရာေျခရာခံတာနဲ႔ သိမ္ေမြ႕တဲ့ေျခရာခံမႈမ်ိဳးကုိ ေစာင့္ၾကည့္ေနပါတယ္။ iOS 13 မွာသုံးစြဲသူက app နဲ႔တည္ေနရာကုိ ၁ ႀကိမ္လက္ခံတိုင္း permission ေတာင္းခံဖို႔ ဖိအားေပးထားပါတယ္။ Apple ဟာ တည္ေနရာ အသုံးျပဳမႈရွိတဲ့ app အစီရင္ခံစာေတြကို ရရွိထားၿပီး Bluetooth နဲ႔ Wi-Fi လိုမ်ိဳး တည္ေနရာေျခရာ ခံတဲ့ backdoor ကုိေတာ့ ပိတ္ထားပါတယ္။

(၅) ဗီဒီယိုတည္းျဖတ္ျခင္း

ပထမဆုံးအႀကိမ္အေနနဲ႔ Apple ဟာ ဓာတ္ပုံနဲ႔ ဗီဒီယိုေတြတည္းျဖတ္ႏို္င္ဖို႔ tool ေတြ၊ option ေတြနဲ႔ filter ေတြအမ်ိဳးမ်ိဳးကုိ ထည့္ေပးလိုက္ပါတယ္။ သုံးစြဲသူက ဗီဒီယိုကုိ လွည့္တာ၊ filter ေတြနဲ႔ effect ေတြ အသုံးျပဳတာကုိ iPhone ေပၚက Camera နဲ႔ Photos အတြင္းျပဳလုပ္ႏိုင္ပါတယ္။

(၆) Intelligent Photos Organization

Apple ဟာ iOS 13 မွာ Photos app ကုိ ဒီဇိုင္းပုိင္း ျပန္လည္ျပင္ဆင္ခဲ့ၿပီး ပုံေတြကုိ က်စ္လ်စ္ေအာင္ ေလွ်ာ႔ခ်ႏိုင္ဖို႔ machine learning ကုိအသုံးျပဳထားပါတယ္။ သုံးစြဲသူေတြရဲ႕ ဓာတ္ပုံေတြနဲ႔ ဗီဒီယိုေတြကုိ စမတ္က်က် စုစည္းေပးႏိုင္ပါတယ္။ Photos app မွာ UI အဆင့္ျမႇင့္တင္မႈျဖစ္တဲ့ pinch-to-zoo နဲ႔ ရက္၊လနဲ႔ ႏွစ္အလိုက္ ဓာတ္ပုံေတြကုိ က႑အလိုက္ ခြဲေပးႏုိင္တဲ့ tab သစ္လည္း ပါဝင္လာပါတယ္။ ဓာတ္ပုံေတြရဲ႕ အလင္းကုိ ခ်ိန္ညိႇေပးႏိုင္တဲ့ Portrait Lighting ေထာက္ပံ့မႈလည္း ပါဝင္လာပါတယ္။

(၇) အသံေတြကို ေဝမွ်ျခင္း

iOS 13 မွာ အသံေတြကုိ အလြယ္တကူ ေဝမွ်ႏိုင္တဲ့ feature ပါဝင္လာပါတယ္။ သုံးစြဲသူက ႐ုပ္ရွင္၊ သီခ်င္းဒါမွ မဟုတ္ အျခားအသံအမ်ိဳးမ်ိဳးကို tap တစ္ခ်က္တည္းနဲ႔ အျခား iOS သုံးစြဲသူေတြဆီ ေဝမွ်ႏိုင္ပါတယ္။ AirPods ရွိမွပဲ အသုံးျပဳႏိုင္တဲ့ feature တစ္မ်ိဳးျဖစ္ပါတယ္။

(၈) Reminders ကိုေျပာင္းလဲထား

Apple ဟာ iOS 13 မွာ Reminders app ကုိ အေျပာင္းအလဲ ျပဳလုပ္ခဲ့ပါတယ္။ အဲဒီ app သစ္မွာ စာမ်က္ႏွာဖြဲ႕စည္း ပုံအသစ္၊ ေလဘယ္စာရင္းေတြနဲ႔ contact ေတြထဲ tag တြဲႏိုင္ပါၿပီ။ ဒါ့အျပင္ Reminders ဟာ စမတ္ျဖစ္လာၿပီး iOS က ဘယ္အခ်ိန္နဲ႔ ေနရာမွာ သတိေပးရမလဲဆိုတာ သိလာပါတယ္။

(၉) Deeper Memoji စိတ္ႀကိဳက္ျပင္ဆင္ျခင္း

Apple ဟာ virtual avatar ကုိ စိတ္ႀကိဳက္ျပင္ဆင္ႏိုင္ေအာင္ ျပဳလုပ္ေပးထားပါတယ္။ iOS 13 မွာ Memoji အတြက္ ပုိမိုမ်ားျပားတဲ့ စိတ္ႀကိဳက္ျပင္ဆင္မႈေတြ ပါဝင္လာၿပီး makeup နဲ႔ accessory ေတြ ပါဝင္လာပါတယ္။ အဲဒီ accessory ထဲမွာ ႏႈတ္ခမ္းနီးကေန ဦးထုပ္၊ မ်က္မွန္နဲ႔ Airpods လည္း ပါဝင္လာပါတယ္။

(၁၀) Memoji Stickers

Apple နဲ႔ Facebook ဟာ Snapchat ကုိ အမွီလိုက္ဖို႔ ႀကိဳးပမ္းေနပါတယ္။ Memoji Stickers ဟာ iOS 13 မွာ ပါဝင္လာၿပီး iMessage ဒါမွမဟုတ္ အျခား app အတြင္းက keyboard ညာဘက္ျခမ္းမွာ မတူညီတဲ့ Memoji သရုပ္ေဖာ္ပုံေတြကုိ အသုံးျပဳႏိုင္ပါတယ္။

(၁၁) AR ဖန္တီးမႈ အဆင့္ျမႇင့္တင္ထား

Apple ဟာ iOS 13 နဲ႔အျခား operating system ေတြမွာ မုိဘိုင္း Augmented Reality ဖန္တီးမႈထဲ ရင္းႏွီးျမႇဳပ္ႏွံထားတဲ့ ေၾကညာခ်က္ ၃ မ်ိဳးကို ျပဳလုပ္ခဲ့ပါတယ္။ ARKit 3 ကေတာ့ လႈပ္ရွားမႈနဲ႔ လူသားကုိ AR ပတ္ဝန္းက်င္ထဲ ထည့္သြင္းမႈ ပုိမိုေကာင္းလာပါတယ္။ Apple က ေနာက္ထပ္ျဖန္႔ခ်ိခဲ့တဲ့ tool သစ္ ၂ခုထဲက RealityKit က ဓာတ္ပုံသ႐ုတ္ေဖာ္ပုံအတြက္ API ပုိမိုေကာင္းလာၿပီး Reality Composer ကေတာ့ AR content library နဲ႔အတူ အျပန္အလွန္ဆက္သြယ္ႏိုင္တဲ့ AR အေတြ႕အႀကဳံကုိ တည္ေဆာက္ႏိုင္ပါတယ္။

(၁၂) Siri အႀကံေပးခ်က္ ပိုမုိေကာင္းလာ

iOS 13 မွာ HomePod နဲ႔ CarPlay လိုမ်ိဳး platform ေတြအတြက္ အဆင့္ျမႇင့္တင္မႈမ်ားစြာ ျပဳလုပ္ထားပါတယ္။ ဒါေပမဲ့ စြမ္းေဆာင္ရည္အျမင့္ဆုံး အရာကေတာ့ Siri Shortcuts app ပဲျဖစ္ပါတယ္။ အဲဒီ app မွာပါဝင္တဲ့ အလိုအေလ်ာက္ feature သစ္က Sir Shortcuts မသုံးခင္ အေထာက္အကူျဖစ္ေစမွာပါ။

(၁၃) Apple Maps ထဲက Lookaround Mode

အခု feature ကေတာ့ Google Street View နဲ႔တူပါတယ္။ ဒါေပမဲ့ ႐ုပ္ပုံေတြကုိ Apple Maps ထဲမွာ 3D နဲ႔ၾကည့္ႏိုင္ပါတယ္။

-စိုးထက္
Ref: PCMag

[ Unicode ]

Apple ဟာနှစ်စဉ်ပြုလုပ်နေကျ WWDC ပွဲမှာ နှစ်စဉ် operating system အသစ်တွေကို မိတ်ဆက်ပါတယ်။ ပွဲအတွင်းမှာ သုံးစွဲသူတွေအတွက် စိတ်လှုပ်ရှားစရာအကောင်းဆုံး သတင်းအချက်အလက်တွေကို ဝေမျှပေးပါတယ်။ Apple ကတော့ ဒီနှစ်မှာ မိတ်ဆက်လိုက်တဲ့ iOS 13 မှာတင် app တွေနဲ့ feature သစ်တွေ၊ စွမ်းဆောင်ရည်၊ UI အဆင့်မြှင့်တင်မှုနဲ့ Apple ရဲ့မိုဘိုင်း OS အတွင်းက အတွေ့အကြုံပိုင်းဆိုင်ရာကို ပြန်လည် ပြုပြင်ခဲ့ပါတယ်။

ဒီနှစ်နှောင်းပိုင်း ထွက်ရှိလာမယ့် iOS 13 က စိတ်ဝင်စားစရာအကောင်းဆုံး feature တွေကို အောက်မှာဖော်ပြပေး လိုက်ပါတယ်။ iOS 13 မှာ Augmented Reality နဲ့ Video editing အပြင် တစ်ကိုယ်ရေအချက်အလက်ကို ကာကွယ်ထားတဲ့ tool တွေလည်း ပါဝင်လာပါတယ်။

(၁) Dark Mode

စမတ်ဖုန်းတွေမှာ dark mode ထောက်ပံ့ထားတဲ့ app တစ်ခုချင်းဆီဝင်ပြီး ပြောင်းစရာမလိုတော့ပါဘူး။ iOS 13 မှာစမတ်ဖုန်းတစ်ခုလုံးကို dark mode ပြောင်းလဲနိုင်အောင် ပြုလုပ်ပေးထားပါတယ်။

(၂) Sign In with Apple

iOS 13 ရဲ့အဓိက ဦးတည်ချက်ကတော့ တစ်ကိုယ်ရေအချက်အလက် လုံခြုံရေးဖြစ်ပါတယ်။ Apple ရဲ့ App Store စည်းမျဉ်းစည်းကမ်းတွေကို Facebook ကချိုးဖောက်တဲ့ ပြဿနာ ဖြစ်နေစဉ်မှာ Sign In with Apple ကို မိတ်ဆက်လိုက်ပါတယ်။ အဲဒီ feature ဟာရိုးရှင်းပြီး API developer တွေက social sign-in နေရာအစားထိုးပြီး သုံးစွဲသူတွေ ကို tap တစ်ခါတည်းနဲ့ app တွေထဲ ဝင်ရောက်နိုင်အောင် ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ Face ID နဲ့လည်း စစ်ဆေးသွားမှာဖြစ်ပြီး third-party ခြေရာခံမှုမရှိဘဲ app ထဲ sign-in ဝင်နိုင်မှာ ဖြစ်ပါတယ်။

(၃) အီးမေးလ်လိပ်စာကို ဖုံးကွယ်ပေးခြင်း

Apple ဟာ sign-in တွေကို တစ်ကိုယ်ရေစာ လုံခြုံအောင် ပြုလုပ်ပေးရုံမကဘဲ spam app တွေနဲ့ ဈေးကွက်ရှာဖွေသူတွေအကြား ခြေရာဖျောက်နိုင်အောင်လည်း ပြုလုပ်ပေးလိုက်ပါတယ်။ Apple ဟာ သုံးစွဲသူတွေရဲ့ အီးမေးလ်လိပ်စာတွေကို app နဲ့ ဝန်ဆောင်မှုတွေမှာ ဖုံးကွယ်နို်င်အောင် ပြုလုပ်ပေးခဲ့ပါတယ်။ Apple က app တစ်ခုချင်းစီအတွက် အီးမေးလ်အစစ်ကနေ forward လုပ်နိုင်တဲ့ ကျပန်း အီးမေးလ်လိပ်စာကို ဖန်တီးခွင့်ပေးထားပါတယ်။

(၄) ဘာ App တွေက ခြေရာခံနေသလဲကို ကြည့်ရှုနိုင်

Apple ဟာ တည်နေရာခြေရာခံတာနဲ့ သိမ်မွေ့တဲ့ခြေရာခံမှုမျိုးကို စောင့်ကြည့်နေပါတယ်။ iOS 13 မှာသုံးစွဲသူက app နဲ့တည်နေရာကို ၁ ကြိမ်လက်ခံတိုင်း permission တောင်းခံဖို့ ဖိအားပေးထားပါတယ်။ Apple ဟာ တည်နေရာ အသုံးပြုမှုရှိတဲ့ app အစီရင်ခံစာတွေကို ရရှိထားပြီး Bluetooth နဲ့ Wi-Fi လိုမျိုး တည်နေရာခြေရာ ခံတဲ့ backdoor ကိုတော့ ပိတ်ထားပါတယ်။

(၅) ဗီဒီယိုတည်းဖြတ်ခြင်း

ပထမဆုံးအကြိမ်အနေနဲ့ Apple ဟာ ဓာတ်ပုံနဲ့ ဗီဒီယိုတွေတည်းဖြတ်နို်င်ဖို့ tool တွေ၊ option တွေနဲ့ filter တွေအမျိုးမျိုးကို ထည့်ပေးလိုက်ပါတယ်။ သုံးစွဲသူက ဗီဒီယိုကို လှည့်တာ၊ filter တွေနဲ့ effect တွေ အသုံးပြုတာကို iPhone ပေါ်က Camera နဲ့ Photos အတွင်းပြုလုပ်နိုင်ပါတယ်။

(၆) Intelligent Photos Organization

Apple ဟာ iOS 13 မှာ Photos app ကို ဒီဇိုင်းပိုင်း ပြန်လည်ပြင်ဆင်ခဲ့ပြီး ပုံတွေကို ကျစ်လျစ်အောင် လျှော့ချနိုင်ဖို့ machine learning ကိုအသုံးပြုထားပါတယ်။ သုံးစွဲသူတွေရဲ့ ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေကို စမတ်ကျကျ စုစည်းပေးနိုင်ပါတယ်။ Photos app မှာ UI အဆင့်မြှင့်တင်မှုဖြစ်တဲ့ pinch-to-zoo နဲ့ ရက်၊လနဲ့ နှစ်အလိုက် ဓာတ်ပုံတွေကို ကဏ္ဍအလိုက် ခွဲပေးနိုင်တဲ့ tab သစ်လည်း ပါဝင်လာပါတယ်။ ဓာတ်ပုံတွေရဲ့ အလင်းကို ချိန်ညှိပေးနိုင်တဲ့ Portrait Lighting ထောက်ပံ့မှုလည်း ပါဝင်လာပါတယ်။

(၇) အသံတွေကို ဝေမျှခြင်း

iOS 13 မှာ အသံတွေကို အလွယ်တကူ ဝေမျှနိုင်တဲ့ feature ပါဝင်လာပါတယ်။ သုံးစွဲသူက ရုပ်ရှင်၊ သီချင်းဒါမှ မဟုတ် အခြားအသံအမျိုးမျိုးကို tap တစ်ချက်တည်းနဲ့ အခြား iOS သုံးစွဲသူတွေဆီ ဝေမျှနိုင်ပါတယ်။ AirPods ရှိမှပဲ အသုံးပြုနိုင်တဲ့ feature တစ်မျိုးဖြစ်ပါတယ်။

(၈) Reminders ကိုပြောင်းလဲထား

Apple ဟာ iOS 13 မှာ Reminders app ကို အပြောင်းအလဲ ပြုလုပ်ခဲ့ပါတယ်။ အဲဒီ app သစ်မှာ စာမျက်နှာဖွဲ့စည်း ပုံအသစ်၊ လေဘယ်စာရင်းတွေနဲ့ contact တွေထဲ tag တွဲနိုင်ပါပြီ။ ဒါ့အပြင် Reminders ဟာ စမတ်ဖြစ်လာပြီး iOS က ဘယ်အချိန်နဲ့ နေရာမှာ သတိပေးရမလဲဆိုတာ သိလာပါတယ်။

(၉) Deeper Memoji စိတ်ကြိုက်ပြင်ဆင်ခြင်း

Apple ဟာ virtual avatar ကို စိတ်ကြိုက်ပြင်ဆင်နိုင်အောင် ပြုလုပ်ပေးထားပါတယ်။ iOS 13 မှာ Memoji အတွက် ပိုမိုများပြားတဲ့ စိတ်ကြိုက်ပြင်ဆင်မှုတွေ ပါဝင်လာပြီး makeup နဲ့ accessory တွေ ပါဝင်လာပါတယ်။ အဲဒီ accessory ထဲမှာ နှုတ်ခမ်းနီးကနေ ဦးထုပ်၊ မျက်မှန်နဲ့ Airpods လည်း ပါဝင်လာပါတယ်။

(၁၀) Memoji Stickers

Apple နဲ့ Facebook ဟာ Snapchat ကို အမှီလိုက်ဖို့ ကြိုးပမ်းနေပါတယ်။ Memoji Stickers ဟာ iOS 13 မှာ ပါဝင်လာပြီး iMessage ဒါမှမဟုတ် အခြား app အတွင်းက keyboard ညာဘက်ခြမ်းမှာ မတူညီတဲ့ Memoji သရုပ်ဖော်ပုံတွေကို အသုံးပြုနိုင်ပါတယ်။

(၁၁) AR ဖန်တီးမှု အဆင့်မြှင့်တင်ထား

Apple ဟာ iOS 13 နဲ့အခြား operating system တွေမှာ မိုဘိုင်း Augmented Reality ဖန်တီးမှုထဲ ရင်းနှီးမြှုပ်နှံထားတဲ့ ကြေညာချက် ၃ မျိုးကို ပြုလုပ်ခဲ့ပါတယ်။ ARKit 3 ကတော့ လှုပ်ရှားမှုနဲ့ လူသားကို AR ပတ်ဝန်းကျင်ထဲ ထည့်သွင်းမှု ပိုမိုကောင်းလာပါတယ်။ Apple က နောက်ထပ်ဖြန့်ချိခဲ့တဲ့ tool သစ် ၂ခုထဲက RealityKit က ဓာတ်ပုံသရုတ်ဖော်ပုံအတွက် API ပိုမိုကောင်းလာပြီး Reality Composer ကတော့ AR content library နဲ့အတူ အပြန်အလှန်ဆက်သွယ်နိုင်တဲ့ AR အတွေ့အကြုံကို တည်ဆောက်နိုင်ပါတယ်။

(၁၂) Siri အကြံပေးချက် ပိုမိုကောင်းလာ

iOS 13 မှာ HomePod နဲ့ CarPlay လိုမျိုး platform တွေအတွက် အဆင့်မြှင့်တင်မှုများစွာ ပြုလုပ်ထားပါတယ်။ ဒါပေမဲ့ စွမ်းဆောင်ရည်အမြင့်ဆုံး အရာကတော့ Siri Shortcuts app ပဲဖြစ်ပါတယ်။ အဲဒီ app မှာပါဝင်တဲ့ အလိုအလျောက် feature သစ်က Sir Shortcuts မသုံးခင် အထောက်အကူဖြစ်စေမှာပါ။

(၁၃) Apple Maps ထဲက Lookaround Mode

အခု feature ကတော့ Google Street View နဲ့တူပါတယ်။ ဒါပေမဲ့ ရုပ်ပုံတွေကို Apple Maps ထဲမှာ 3D နဲ့ကြည့်နိုင်ပါတယ်။

Ref: PCMag