September 20, 2018

iOS 12 beta ကို ဖုန္းမွာ ဘယ္လို ထည့္သြင္းမလဲ

[ Zawgyi ]

မိမိအေနနဲ႔ ဖုန္းမွာအလြယ္တကူ ထည့္သြင္းႏုိင္ပါတယ္။ မိမိ အေနနဲ႔ အရင္ကလည္း Apple ရဲ႕ Beta ပ႐ိုဂရမ္ေတြမွာ ပါ၀င္ဖူး တယ္ဆိုရင္ေတာ့ အခုတစ္ခါမွာ လည္း ဘာမွထပ္လုပ္စရာမလိုဘဲ iOS 12 beta ကုိ ရယူသုံးစြဲႏုိင္မွာ ျဖစ္ပါတယ္။ မိမိအေနနဲ႔ အခုမွ စတင္သုံးစြဲမယ္ဆိုရင္ေတာ့ Apple Beta ပ႐ိုဂရမ္မွာ Sign up လုပ္ရ မွာျဖစ္ပါတယ္။ Sign up လုပ္ဖို႔ အတြက္ ကိုယ့္ရဲ႕ Apple ID ေတာ့ လိုအပ္မွာျဖစ္ပါတယ္။

အရင္ဆုံး Apple ရဲ႕ Beta Program စာမ်က္ႏွာကို ေအာက္က လင့္ကေန သြားလိုက္ပါ။ [ https://beta.apple.com/sp/betaprogram/ ] Apple Beta ပ႐ိုဂရမ္ကေတာ့ ေအာက္ကပုံအတုိင္း ေတြ႔ရမွာျဖစ္ပါတယ္။

ၿပီးရင္ေတာ့ Sign up ခလုတ္ ကိုႏွိပ္ပါ။

Apple ID နဲ႔ password ေတြကုိ ျဖည့္ၿပီး Sign in ခလုတ္ကို ႏွိပ္ပါ။

အဲလိုလုပ္လုိက္ရင္ေတာ့ Apple ကေန Log in လုပ္ဖို႔အတြက္ သေဘာတူပါသလားဆိုၿပီး ေမးတဲ့ စာတက္လာပါလိမ့္မယ္။ သေဘာ တူတယ္ဆိုတဲ့ Agree ကို ေရြးေပး လိုက္ပါ။ ကိုယ့္အေနနဲ႔ သေဘာမတူဘူးလို႔ ေရြးလိုက္ရင္ေတာ့ Apple ရဲ႕ ဘယ္ beta ဗားရွင္းကိုမွ download ျပဳလုပ္အသုံးျပဳႏုိင္မွာ မဟုတ္ပါဘူး။

Apple ရဲ႕ Beta ပ႐ိုဂရမ္မွာ Sign up လုပ္ၿပီးရင္ေတာ့ ပထမ ဆုံး Beta ပ႐ိုဂရမ္ကို ျပန္သြားပါ။ ၿပီးရင္ေတာ့ မိမိရဲ႕ Apple ID နဲ႔ Log in လုပ္ၿပီး iOS 12 ကို ေရြးပါ။

အဲလိုလုပ္လုိက္ရင္ေတာ့ Download profile ဆုိၿပီး Download လုပ္ဖို႔ေပၚလာမွာျဖစ္ ပါတယ္။ ေပၚလာတဲ့အဆင့္အ တုိင္း iOS 12 Beta ဗားရွင္းကို ဖုန္းထဲကို Download လုပ္ကာ install လုပ္ၿပီး စတင္အသုံးျပဳႏုိင္ ၿပီျဖစ္ပါတယ္။

Beta ဗားရွင္းေတြကို စမ္းသပ္သုံးမယ္ဆိုရင္ေတာ့ အရင္ဆုံး ဖုန္းထဲက အခ်က္အလက္ေတြကို Back up အရင္ဆုံးျပဳလုပ္ထားၿပီးမွ Download ျပဳလုပ္ကာ အသုံးျပဳသင့္ပါတယ္။ ဘာလို႔လဲဆိုေတာ့ မိမိရဲ႕ဖုန္းထဲက အခ်က္အလက္ Data ေတြ မေတာ္တဆ ေပ်ာက္ ဆုံးႏုိင္တာေၾကာင့္ ျဖစ္ပါတယ္။

-ရဲထြဋ္ဝင္း

[ Unicode ]

မိမိအနေနဲ့ ဖုန်းမှာအလွယ် တကူ ထည့်သွင်းနိုင်ပါတယ်။ မိမိ အနေနဲ့ အရင်ကလည်း Apple ရဲ့ Beta ပရိုဂရမ်တွေမှာ ပါ၀င်ဖူး တယ်ဆိုရင်တော့ အခုတစ်ခါမှာ လည်း ဘာမှထပ်လုပ်စရာမလိုဘဲ iOS 12 beta ကို ရယူသုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ မိမိအနေနဲ့ အခုမှ စတင်သုံးစွဲမယ်ဆိုရင်တော့ Apple Beta ပရိုဂရမ်မှာ Sign up လုပ်ရ မှာဖြစ်ပါတယ်။ Sign up လုပ်ဖို့ အတွက် ကိုယ့်ရဲ့ Apple ID တော့ လိုအပ်မှာဖြစ်ပါတယ်။

အရင်ဆုံး Apple ရဲ့ Beta Program စာမျက်နှာကို အောက်က လင့်ကနေ သွားလိုက် ပါ။ [ https://beta.apple.com/sp/betaprogram/ ] Apple Beta ပရိုဂရမ်ကတော့ အောက်ကပုံအတိုင်း တွေ့ရမှာဖြစ်ပါတယ်။

ပြီးရင်တော့ Sign up ခလုတ် ကိုနှိပ်ပါ။

Apple ID နဲ့ password တွေကို ဖြည့်ပြီး Sign in ခလုတ်ကို နှိပ်ပါ။

အဲလိုလုပ်လိုက်ရင်တော့ Apple ကနေ Log in လုပ်ဖို့အတွက် သဘောတူပါသလားဆိုပြီး မေးတဲ့ စာတက်လာပါလိမ့်မယ်။ သဘော တူတယ်ဆိုတဲ့ Agree ကို ရွေးပေး လိုက်ပါ။ ကိုယ့်အနေနဲ့ သဘောမတူဘူးလို့ ရွေးလိုက်ရင်တော့ Apple ရဲ့ ဘယ် beta ဗားရှင်းကိုမှ download ပြုလုပ်အသုံးပြုနိုင်မှာ မဟုတ်ပါဘူး။

Apple ရဲ့ Beta ပရိုဂရမ်မှာ Sign up လုပ်ပြီးရင်တော့ ပထမ ဆုံး Beta ပရိုဂရမ်ကို ပြန်သွားပါ။ ပြီးရင်တော့ မိမိရဲ့ Apple ID နဲ့ Log in လုပ်ပြီး iOS 12 ကို ရွေးပါ။

အဲလိုလုပ်လိုက်ရင်တော့ Download profile ဆိုပြီး Download လုပ်ဖို့ပေါ်လာမှာဖြစ် ပါတယ်။ ပေါ်လာတဲ့အဆင့်အ တိုင်း iOS 12 Beta ဗားရှင်းကို ဖုန်းထဲကို Download လုပ်ကာ install လုပ်ပြီး စတင်အသုံးပြုနိုင် ပြီဖြစ်ပါတယ်။

Beta ဗားရှင်းတွေကို စမ်းသပ်သုံးမယ်ဆိုရင်တော့ အရင်ဆုံး ဖုန်းထဲက အချက်အလက်တွေကို Back up အရင်ဆုံးပြုလုပ်ထားပြီးမှ Download ပြုလုပ်ကာ အသုံးပြုသင့်ပါတယ်။ ဘာလို့လဲဆိုတော့ မိမိရဲ့ဖုန်းထဲက အချက်အလက် Data တွေ မတော်တဆ ပျောက် ဆုံးနိုင်တာကြောင့် ဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း