iOS 12 မွာ 1Password နဲ႔ Password တစ္ ခုတည္းသတ္မွတ္ၿပီး AutoFill အေနနဲ႔ ဘယ္လုိသုံးမလဲ

[ Zawgyi ]

iOS 12 မွာ ဖုန္းရဲ႕ Password ထည့္ဖို႔ လိုအပ္သမွ်တုိင္းအတြက္ password တစ္ခုတည္းကို အလိုအေလ်ာက္ျဖည့္ေပးေအာင္ လုပ္ ေဆာင္ထားႏုိင္ပါတယ္။ ဒီလုပ္ေဆာင္ခ်က္က Apple ရဲ႕ Password Manager API Framwork အသစ္ျဖစ္ပါတယ္။ ဒီစနစ္က ေထာက္ပံ့ေပးတဲ့ တစ္ျခား Third party app ေတြကိုလည္း ဖုန္းမွာထည့္သြင္း အသုံးျပဳႏိုင္ပါတယ္။ အခုက 1Passwords ဆိုတဲ့ app ကို အသုံးျပဳၿပီး iPhone ရဲ႕ AutoFill လုပ္ေဆာင္ခ်က္နဲ႔ တြဲဖက္အသုံးျပဳရမွာ ျဖစ္ပါတယ္။ မိမိ အေနနဲ႔ 1Password ကို မသုံးဘူး ဆိုရင္လည္း တစ္ျခား LastPass ဒါမွမဟုတ္ Dashlane စတာေတြကို အသုံးျပဳႏုိင္မွာျဖစ္ပါတယ္။

မိမိဖုန္းထဲမွာ 1Password လိုမ်ဳိး Password manager မရွိေသးရင္ေတာ့ အရင္ဆုံး ထည့္သြင္းထားရမွာ ျဖစ္ပါတယ္။ ၿပီးရင္ေတာ့ ေအာက္မွာေဖာ္ျပထားတဲ့ နည္းလမ္းအတုိင္း ဆက္လက္လုပ္ေဆာင္ႏုိင္ပါၿပီ။

အရင္ဆုံး ဖုန္းရဲ႕ Settings icon ကို ႏွိပ္ၿပီး Settings ထဲကို ဝင္လုိက္ပါ။

ၿပီးရင္ေတာ့ Passwords & Accounts ဆိုတာကို ရွာၿပီးႏွိပ္ပါ။ Passwords & Accounts စနစ္ထဲ ေရာက္သြားရင္ေတာ့ AutoFill Passwords ဆိုတဲ့ စာသားကို ရွာၿပီး ထပ္ႏွိပ္လိုက္ပါ။

AutoFill Passwords စနစ္ထဲကို ေရာက္ရင္ေတာ့ အေပၚဆုံးက AutoFill Passwords ဆိုတဲ့စာသား ေဘးနားက ခလုတ္ေလးကို စိမ္း သြားေအာင္ ဖြင့္ေပးလိုက္ပါ။ အဲဒါမွ ဖုန္းမွာဒီစနစ္ကို အသုံးျပဳလို႔ ရမွာျဖစ္ပါတယ္။ ၿပီးရင္ေတာ့ ALLOW FILLING FROM ဆိုတဲ့ က႑ေအာက္က Keychain ဆိုတဲ့ စာသားေအာက္က 1Password ဆိုတာကို ေတြ႔ရမွာျဖစ္ပါတယ္။ 1Password ဆိုတာကို တစ္ခ်က္ ႏွိပ္လိုက္ပါ။

အဲလိုေရြးလိုက္ရင္ေတာ့ Auto-Copy One-Time Passwords ဆိုတာကို ဖြင့္ေပးထား ဖို႔အတြက္ အသိေပးစာေပၚလာပါ လိမ့္မယ္။ မိမိအေနနဲ႔ Auto-Copy One-Time Passwords ဆိုတဲ့ စာသားေဘးနားက ခလုတ္ေလးကို ဖြင့္ထားေပးဖုိ႔ လိုအပ္မွာျဖစ္ပါတယ္။
ေနာက္တစ္ခု 1Password ကို AutoFill အတြက္ ေရြးခ်ယ္ၿပီးရင္ေတာ့ Keychain ဆိုတဲ့စာသား ေဘးနားက အမွန္ျခစ္ကို ျဖဳတ္ေပး ထားရမွာျဖစ္ပါတယ္။ အဲလိုျဖဳတ္ ေပးထားမွပဲ Keychain AutoFill စနစ္က ပိတ္သြားမွာျဖစ္ၿပီး မိမိအေနနဲ႔ 1Password AutoFill စနစ္ ကို Default အေနနဲ႔ အသုံးျပဳႏုိင္မွာ ျဖစ္ပါတယ္။

– ရဲထြဋ္ဝင္း

[ Unicode ]

iOS 12 မှာ ဖုန်းရဲ့ Password ထည့်ဖို့ လိုအပ်သမျှတိုင်းအတွက် password တစ်ခုတည်းကို အလိုအလျောက်ဖြည့်ပေးအောင် လုပ် ဆောင်ထားနိုင်ပါတယ်။ ဒီလုပ်ဆောင်ချက်က Apple ရဲ့ Password Manager API Framwork အသစ်ဖြစ်ပါတယ်။ ဒီစနစ်က ထောက်ပံ့ပေးတဲ့ တစ်ခြား Third party app တွေကိုလည်း ဖုန်းမှာထည့်သွင်း အသုံးပြုနိုင်ပါတယ်။ အခုက 1Passwords ဆိုတဲ့ app ကို အသုံးပြုပြီး iPhone ရဲ့ AutoFill လုပ်ဆောင်ချက်နဲ့ တွဲဖက်အသုံးပြုရမှာ ဖြစ်ပါတယ်။ မိမိ အနေနဲ့ 1Password ကို မသုံးဘူး ဆိုရင်လည်း တစ်ခြား LastPass ဒါမှမဟုတ် Dashlane စတာတွေကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။

မိမိဖုန်းထဲမှာ 1Password လိုမျိုး Password manager မရှိသေးရင်တော့ အရင်ဆုံး ထည့်သွင်းထားရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ အောက်မှာဖော်ပြထားတဲ့ နည်းလမ်းအတိုင်း ဆက်လက်လုပ်ဆောင်နိုင်ပါပြီ။

အရင်ဆုံး ဖုန်းရဲ့ Settings icon ကို နှိပ်ပြီး Settings ထဲကို ဝင်လိုက်ပါ။

ပြီးရင်တော့ Passwords & Accounts ဆိုတာကို ရှာပြီးနှိပ်ပါ။ Passwords & Accounts စနစ်ထဲ ရောက်သွားရင်တော့ AutoFill Passwords ဆိုတဲ့ စာသားကို ရှာပြီး ထပ်နှိပ်လိုက်ပါ။

AutoFill Passwords စနစ်ထဲကို ရောက်ရင်တော့ အပေါ်ဆုံးက AutoFill Passwords ဆိုတဲ့စာသား ဘေးနားက ခလုတ်လေးကို စိမ်း သွားအောင် ဖွင့်ပေးလိုက်ပါ။ အဲဒါမှ ဖုန်းမှာဒီစနစ်ကို အသုံးပြုလို့ ရမှာဖြစ်ပါတယ်။ ပြီးရင်တော့ ALLOW FILLING FROM ဆိုတဲ့ ကဏ္ဍအောက်က Keychain ဆိုတဲ့ စာသားအောက်က 1Password ဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။ 1Password ဆိုတာကို တစ်ချက် နှိပ်လိုက်ပါ။

အဲလိုရွေးလိုက်ရင်တော့ Auto-Copy One-Time Passwords ဆိုတာကို ဖွင့်ပေးထား ဖို့အတွက် အသိပေးစာပေါ်လာပါ လိမ့်မယ်။ မိမိအနေနဲ့ Auto-Copy One-Time Passwords ဆိုတဲ့ စာသားဘေးနားက ခလုတ်လေးကို ဖွင့်ထားပေးဖို့ လိုအပ်မှာဖြစ်ပါတယ်။
နောက်တစ်ခု 1Password ကို AutoFill အတွက် ရွေးချယ်ပြီးရင်တော့ Keychain ဆိုတဲ့စာသား ဘေးနားက အမှန်ခြစ်ကို ဖြုတ်ပေး ထားရမှာဖြစ်ပါတယ်။ အဲလိုဖြုတ် ပေးထားမှပဲ Keychain AutoFill စနစ်က ပိတ်သွားမှာဖြစ်ပြီး မိမိအနေနဲ့ 1Password AutoFill စနစ် ကို Default အနေနဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။