iOS 12.1 ကို update လုပ်ပြီးနောက် iPhone X မီးလောင်ပေါက်ကွဲမှု ဖြစ်ပွား

[ Zawgyi ]

iPhone X သုံးစွဲသူတစ်ယောက်ဟာ သူ့ရဲ့စမတ်ဖုန်း ရုတ်တရက် အပူလွန်ကဲပြီး မီးခိုးတွေ ထွက်ပေါ်လာတဲ့ အခြေအနေတစ်ရပ်နဲ့ ကြုံတွေ့ခဲ့ရပါတယ်။

အထက်ပါဖြစ်ရပ်ကို ဝါရှင်တန်မှာ နေထိုင်တဲ့ Rahel Mohamd ဆိုသူက အပူလွန်ကဲပြီး ပေါက်ကွဲခဲ့တဲ့ သူ့ရဲ့ iPhone X ဓာတ်ပုံတွေနဲ့အတူ Twitter ကနေတစ်ဆင့် Apple ထံ တိုင်ကြားခဲ့ပါတယ်။

သူ့ရဲ့ iPhone X ဟာ iOS 12.1 ကို install လုပ်ပြီးတဲ့နောက် အပူလွန်ကဲပြီး ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ Mohamad က ပြောပါတယ်။

“ဒီ iPhone ကို ဒီနှစ် ဇန်နဝါရီလက ဝယ်ခဲ့တာပါ။ ဒီဖြစ်ရပ်မတိုင်ခင်အထိ အသုံးပြုရတာ ပုံမှန်ပါပဲ” လို့ Mohamad က Gadgets 360 ထံ ပြောကြားခဲ့ပါတယ်။

iPhone မှာ software update လုပ်ဖို့အတွက် Mohamad ဟာ ဖုန်းကို အားသွင်းခဲ့ပါတယ်။

သူဟာ Apple က ထုတ်လုပ်တဲ့ 30 watt USB-C power adapter နဲ့ lightning cable တို့ကို အသုံးပြုခဲ့တာပါ။

ဖုန်းကို charger ကနေ ဖြုတ်ပြီး အသုံးပြုဖို့ ကြိုးပမ်းတဲ့အခါမှာ ဖုန်းက အလွန်ပူနေတာကြောင့် လွှတ်ချခဲ့ကြောင်းနဲ့ သိပ်မကြာခင်မှာပဲ iPhone X ကနေ မီးခိုးတွေ ထွက်ပေါ်လာခဲ့တယ်လို့ Mohamad က ပြောပါတယ်။

“ဖုန်းကနေ မီးခိုးငွေ့တွေ ထွက်လာခဲ့တာပါ။ Update ပြီးသွားလို့ ဖုန်းပွင့်လာတဲ့အခါမှာပဲ မီးခိုးတွေထွက်ပြီး မီးလောင်ခဲ့တာပါ” လို့ သူက Gadgets 360 ထံ ပြောပါတယ်။

Twitter ပေါ်မှာ တင်ခဲ့တဲ့ ဓာတ်ပုံအချို့မှာလည်း ပျက်စီးသွားတဲ့ iPhone X ကို ပြသထားပါတယ်။ ဖုန်းရဲ့ ကျောဘက်မှန်က ကွဲကြေနေပြီး အရှေ့ဘက် display မှာလည်း မီးလောင်ရာတွေထင်ကျန်နေပါတယ်။

Mohamad ဟာ ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးဖို့ Apple ထံ ပေးပို့တိုင်တန်းခဲ့ပါတယ်။ အဲ့ဒီနောက် Apple က iPhone X အပူလွန်ကဲမှုဟာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေတာမျိုး မရှိဘူးလို့ ဖြေကြားခဲ့ပါတယ်။

အချို့ကတော့ အထက်ပါဖြစ်ရပ်ဟာ iPhone ရဲ့ lithium ဘက်ထရီချွတ်ယွင်းချက်တစ်ခုကြောင့် ဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။


အရင်တုန်းက iPhone X ဘက်ထရီ အပူလွန်ကဲတဲ့ ဖြစ်ရပ်တွေ မရှိခဲ့ပေမယ့် အခြားမော်ဒယ်တွေမှာတော့ ဘက်ထရီပြဿနာတွေ ဖြစ်ပွားခဲ့ပါတယ်။

ဒီနှစ်အစောပိုင်းက ဆွစ်ဇာလန်နိုင်ငံ၊ ဇူးရစ်မြို့က Apple Store တစ်ခုမှာ iPhone 6S ဘက်ထရီ အပူလွန်ကဲမှုဖြစ်ပွားခဲ့တဲ့နောက် လူ ၇ ဦး ဆေးကုသမှု ခံယူခဲ့ရပါတယ်။ ဒါ့အပြင် iPhone 7 Plus တစ်လုံးဟာလည်း charger ကနေ ဖြုတ်ပြီးတဲ့နောက် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။

Ref: DailyMail

[ Unicode ]














Ref: DailyMail