iOS 12 အသုံးပြုထားတဲ့ဖုန်းရဲ့ Safari မှာ ကလေးမကြည့်သင့်တဲ့ ၀က်ဘ်ဆိုက်တွေကို ဘယ်လိုပိတ် ထားမလဲ

[ Zawgyi ]












-ရဲထွဋ်ဝင်း

[ Unicode ]

မိမိရဲ့ဖုန်းကို ကလေးတွေကို ပေးသုံးတယ်ဆိုရင်တော့ ဖုန်းထဲမှာ Adult content တွေကို ကန့်သတ်ထားလို့ရပါတယ်။ အဲလိုမျိုး ကန့်သတ်ထားနဲ့ မလုံလောက်သေးဘူး ဆိုရင်တော့ Safari မှာ မိမိအနေနဲ့ကလေးတွေကို မသုံးစေချင်တဲ့ ဝက်ဘ်ဆိုက်တွေကို တိတိကျကျရွေးပြီး သီးသန့်ပိတ်ထားလို့ ရပါတယ်။ အရင်ဆုံး လုပ်သင့်တာကတော့ ကလေးတွေကို ဖုန်း Screen Time အသုံးပြုမှုကို ကြိုတင်ကန့်သတ် ထားသင့်ပါတယ်။

Safari မှာ မိမိအနေနဲ့ မသုံးစေချင်တဲ့ ဝက်ဘ်ဆိုက်တွေကို ပိတ်ထားမယ်ဆိုရင် အရင်ဆုံး Settings icon ကို နှိပ်လိုက်ပါ။
ပြီးရင်တော့ Seetings ထဲက Screen Time ဆိုတာကို ထပ်နှိပ်ပါ။

Screen Time စနစ်ထဲကို ရောက်ရင်တော့ Content & Privacy Restrictions ဆိုတဲ့စာသားကိုနှိပ်ပြီး စနစ်ထဲကို ဝင်လိုက်ပါ။ ပြီးရင်တော့ Content Restrictions ဆိုတဲ့ စာသားကို ထပ်ရှာပြီးနှိပ်ပါ။

Restrictions စနစ်ထဲကို ရောက်သွားပါမယ်။ အဲဒီထဲကမှ Websites ဆိုတဲ့စာသားကို ထပ်ရှာပြီးနှိပ်ပါ။

ပြီးရင်တော့ ပုံမှာပြထားတဲ့ အတိုင်း Limit Adult Content ဆိုတဲ့ စာသားအောက်က Specific Websites ဆိုတဲ့ စာသားကိုနှိပ်ပါ။ (ပုံမှန် Adult Content လောက်ကိုပဲ ပိတ်ချင်ရင်တော့ Limit Adult Content စနစ်ကနေ သွားပိတ်နိုင်ပါတယ်။

Webstie စနစ်ထဲကို ရောက်သွားပါမယ်။ အဲဒီထဲကမှ Add a Website ဆိုတဲ့ စာသားကို ထပ်နှိပ်ပါ။

ပြီးရင်တော့ NEVER ALLOW ဆိုတဲ့ စာသားအောက်နားက Add Website ဆိုတဲ့စာသားကို ထပ်နှိပ်ပေးရမှာ ဖြစ်ပါတယ်။

ပေါ်လာတဲ့ အဖြူရောင်ဘောက်ထဲမှာ မိမိအနေနဲ့ ကလေးတွေ မသုံးမပြုစေချင်တဲ့ ​ဝက်ဘ်ဆိုက် URL တစ်နည်း ဝက်ဘ်ဆိုက် လိပ်စာကို ရိုက်ထည့်ပေးရပါမယ်။

အဲလိုရိုက်ထည့်ပြီးရင်တော့ ကီးဘုတ်က Done ဆိုတာကို နှိပ်လိုက်ပါ။

ဒါဆိုရင်တော့ iOS 12 ရဲ့ Safari မှာ မိမိအသုံးမပြုစေချင်တဲ့ ဝက်ဘ်ဆိုက်ကို ပိတ်ထားပြီးပြီပဲ ဖြစ်ပါတယ်။