iOS 12 ရဲ႕ Screen Time ကိုသုံးၿပီး မိဘေတြအေနနဲ႔ ကေလးကိုဘယ္လို ထိန္းခ်ဳပ္မလဲ

[ Zawgyi ]

အရင္တစ္ပတ္ကေတာ့ မိဘေတြအေနနဲ႔ မိမိရဲ႕ကေလး ဖုန္းအသုံးျပဳမႈကို ဘယ္လုိထိန္းခ်ဳပ္မလဲဆိုတာနဲ႔ ပတ္သက္ၿပီး Android OS စနစ္သုံးဖုန္းေတြမွာ ဘယ္လိုလုပ္ရမလဲဆိုၿပီး တင္ျပေပးခဲ့ပါတယ္။ ဒီတစ္ပတ္မွာေတာ့ Apple ကေန မၾကာေသးခင္ကမွ အသစ္ထပ္မံ ထုတ္ေပးလိုက္တဲ့ iOS 12 ဗားရွင္းမွာ ပါဝင္လာတဲ့ မ်ားစြာေသာ လုပ္ေဆာင္ခ်က္ေတြထဲက တစ္ခုျဖစ္တဲ့ Screen Time လုပ္ေဆာင္ခ်က္ကို အသုံးျပဳၿပီး မိဘေတြအေနနဲ႔ မိမိကေလးရဲ႕ ဖုန္းအသုံးျပဳမႈပိုင္းကို ဘယ္လိုထိန္းခ်ဳပ္မလဲ ဆိုတာကို တင္ျပေပးသြားမွာ ျဖစ္ပါတယ္။

ဒီနည္းလမ္းက ဘာအတြက္လဲဆိုေတာ့ လက္ရွိမွာ ၈ ႏွစ္ေအာက္ ကေလးေတြက တစ္ေန႔ကို အနည္းဆုံး ၂ နာရီ နီးပါး ဖုန္းျမင္ကြင္းနဲ႔ Tablet PC ၾကည့္႐ႈမႈရွိတယ္လို႔ စစ္တမ္းေတြက ဆိုပါတယ္။ ဒါက တစ္ျခားတီဗီြၾကည့္ အစီအစဥ္ ၾကည့္တဲ့ ၾကာခ်ိန္မပါဝင္တဲ့ ၾကာျမင့္ခ်ိန္ျဖစ္ၿပီး ပ်မ္းမွ်အားျဖင့္ တီဗြီၾကည့္႐ႈခ်ိန္ကိုပါ ေပါင္းထည့္မယ္ဆိုရင္ ကေလးငယ္ေတြရဲ႕ မ်က္လုံးက ခံႏုိင္ရည္ရွိတဲ့ ပမာဏထက္ ပိုမိုၿပီး အီလက္ထရြန္းနစ္မ်က္ႏွာျပင္ေတြကို ၾကည့္႐ႈရွိေနတယ္လို႔ ဆိုရမွာပါ။

ဒါေၾကာင့္လည္း Apple က အဲဒီအတြက္ Screen Time လုပ္ေဆာင္ခ်က္ကို ပိုမိုေကာင္းမြန္ေအာင္ လုပ္ေဆာင္ေပးထားတာ ျဖစ္ပါတယ္။ အခု မိမိရဲ႕ဖုန္းမွာ ဒီလုပ္ေဆာင္ခ်က္ကုိသုံးၿပီး ဖုန္းအသုံးျပဳမႈကို ကန္႔သတ္ဖို႔အတြက္ ဖုန္းရဲ႕ Settings ထဲကို ဝင္လိုက္ပါ။ ၿပီးရင္ေတာ့ Screen Time ဆိုတဲ့ စာသားကိုရွာၿပီး ႏွိပ္ၾကည့္လိုက္မယ္ဆိုရင္ မိမိရဲ႕ဖုန္းအသုံးျပဳမႈ ၾကာခ်ိန္ကို ၾကည့္႐ႈႏုိင္မွာ ျဖစ္ပါတယ္။

အေပၚပုံမွာျပထားတဲ့ iNeOI ဆိုတဲ့ အမည္ကို ႏွိပ္ၾကည့္လိုက္မယ္ဆိုရင္ေတာ့ တစ္ေန႔တာမွာ အသုံးျပဳခဲ့တဲ့ ဖုန္းအသုံးျပဳမႈအ ေသးစိတ္ကို ၾကည့္႐ႈႏုိင္မွာျဖစ္ပါတယ္။ အဲဒီထဲကမွ မိမိအေနနဲ႔ App တစ္ခုခုကို ထပ္ႏွိပ္လိုက္မယ္ ဆိုရင္ေတာ့ အဲဒီ App ကို အခ်ိန္ဘယ္ေလာက္ အတိုင္းအတာအေနနဲ႔ အသုံးျပဳခဲ့တယ္ဆိုတာကို ေတြ႔ ရမွာျဖစ္ပါတယ္။

Screen Time က မိမိအေနနဲ႔ ဘယ္ App အမ်ဳိးအစားကို သုံးေနလဲဆိုတာအျပင္ မိမိဖုန္းက ဘယ္  App ကေန notifictaions ေတြ ဘယ္ေလာက္ လက္ခံရတယ္ဆိုတာကိုပါ သိရွိႏုိင္ပါတယ္။

Screen Time လုပ္ေဆာင္ခ်က္ကိုသုံးၿပီး App တစ္ခုခ်င္းစီရဲ႕ အသုံးျပဳခုိင္းမယ္ အခ်ိန္ကိုကန္႔သတ္ သတ္မွတ္ထားႏုိင္ပါတယ္။ ဥပမာ – ဂိမ္း App, ဆိုရွယ္မီဒီယာ App, ေဖ်ာ္ေျဖေရးဆုိင္ရာ App စတာေတြကို သူ႔က႑အလိုက္ သတ္မွတ္ထားႏုိင္ပါတယ္။ ေအာက္မွာ ျပထားတဲ့ ပုံထဲကအတုိင္း App Limits ဆိုတဲ့စာသားကိုႏွိပ္ၿပီး App ေတြကို အခ်ိန္ သတ္မွတ္ဖို႔ စနစ္ထဲကို ဝင္လိုက္ပါ။ ၿပီးရင္ေတာ့ Add Limit ဆိုတဲ့ စာသားကို ထပ္ႏွိပ္လိုက္ပါ။

အဲလိုႏွိပ္လုိက္ရင္ေတာ့ ဖုန္းထဲက App ေတြကို က႑အလိုက္ သီးသန္႔သတ္မွတ္ဖို႔အတြက္ ေပၚလာမွာျဖစ္ပါတယ္။ မိမိအေနနဲ႔ Screen Time အခ်ိန္ကန္႔သတ္ခ်င္တဲ့ က႑ကို ေရြးခ်ယ္ၿပီး Add ဆိုတာကို ႏွိပ္ပါ။

ၿပီးရင္ေတာ့ က႑အားလုံးအတြက္ ေပးသုံးခ်င္တဲ့ အခ်ိန္ကို သတ္မွတ္ေပးပါ။ ၿပီးရင္ ဘယ္ရက္ေတြလည္း ဆိုတာကိုပါ ေရြးခ်ယ္သတ္မွတ္ ေပးႏုိင္ပါေသးတယ္။

App ေတြအတြက္ အခ်ိန္ကန္႔သတ္မႈကို ၁ မိနစ္ကေန ၂၃ နာရီနဲ႔ ၅၉ မိနစ္အတြင္း စိတ္ႀကိဳက္သတ္ မွတ္ႏုိင္မွာျဖစ္ၿပီး ေန႔တုိင္းအတြက္ ဖုန္းကေနပဲ အလိုအေလ်ာက္ reset ျပန္လုပ္ေပးမွာျဖစ္ပါတယ္။   က႑အလိုက္ကိုလည္း အခ်ိန္ကို သီးသန္႔မတူညီစြာလည္း သတ္မွတ္ ထားႏုိင္ပါတယ္။

အဲဒီလို သတ္မွတ္လိုက္မယ္ဆိုရင္ ဖုန္းမွာ ေအာက္ကပုံအတုိင္း ေျပာင္းသြားမွာျဖစ္ပါတယ္။ ကန္႔သတ္ထားတဲ့ App မွန္သမွ်က မွိန္မွိန္ေလး ျဖစ္ေနမွာျဖစ္ၿပီး App ကို အသုံးျပဳရင္း အသုံးျပဳခ်ိန္ေက်ာ္လို႔ရွိရင္ေတာ့ Screen Time ကို ထပ္မံတိုးေပးဖို႔ဆိုတဲ့ အသိေပးခ်က္တစ္ခု ေပၚလာမွာ ျဖစ္ပါတယ္။

မိမိအေနနဲ႔ ကေလးေတြက ကိုယ္တုိင္ Screen Time ကန္႔သတ္ထားတာေတြကို မိမိခြင့္ျပဳခ်က္မရွိဘဲ တိုးျမႇင့္တာမ်ဳိး မလုပ္ႏိုင္ေအာင္ ေသခ်ာလုပ္ထားဖို႔ လိုပါတယ္။ Screen Time Passcode  ကိုလည္း မိမိကသာ အျပည့္အဝ ထိန္းခ်ဳပ္ထားသင့္ပါတယ္။ ဒါမွလည္း ဒါေပၚမူတည္ၿပီး ဘယ္ေလာက္အခ်ိန္ အတုိင္းအတာထိကို ဆက္ၿပီးေပးသုံးမယ္ဆိုတာကို ခြင့္ျပဳေပးႏုိင္မွာ ျဖစ္ပါတယ္။

၁၅ မိနစ္၊ ၁ နာရီ၊ တစ္ေန႔လုံးစာကို အေျခအေနေပၚ မူတည္ၿပီး ထပ္မံတိုးျမႇင့္ေပးႏုိင္မွာ ျဖစ္ပါတယ္။

Screen Time Passcode ကို ဖုန္း Settings ရဲ႕ Screen Time စနစ္ထဲမွာ သြားေရာက္ ထည့္သြင္းႏိုင္မွာျဖစ္ၿပီး Screen Time ျပဳလုပ္ထားတာကို ျပန္ျဖဳတ္ခ်င္ရင္ေတာ့ Turn Off Screen Time ကို ႏွိပ္ၿပီးျပန္ျဖဳတ္ႏုိင္မွာ ျဖစ္ပါတယ္။

-ရဲထြဋ္ဝင္း

[ Unicode ]

အရင်တစ်ပတ်ကတော့ မိဘတွေအနေနဲ့ မိမိရဲ့ကလေး ဖုန်းအသုံးပြုမှုကို ဘယ်လိုထိန်းချုပ်မလဲဆိုတာနဲ့ ပတ်သက်ပြီး Android OS စနစ်သုံးဖုန်းတွေမှာ ဘယ်လိုလုပ်ရမလဲဆိုပြီး တင်ပြပေးခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ Apple ကနေ မကြာသေးခင်ကမှ အသစ်ထပ်မံ ထုတ်ပေးလိုက်တဲ့ iOS 12 ဗားရှင်းမှာ ပါဝင်လာတဲ့ များစွာသော လုပ်ဆောင်ချက်တွေထဲက တစ်ခုဖြစ်တဲ့ Screen Time လုပ်ဆောင်ချက်ကို အသုံးပြုပြီး မိဘတွေအနေနဲ့ မိမိကလေးရဲ့ ဖုန်းအသုံးပြုမှုပိုင်းကို ဘယ်လိုထိန်းချုပ်မလဲ ဆိုတာကို တင်ပြပေးသွားမှာ ဖြစ်ပါတယ်။

ဒီနည်းလမ်းက ဘာအတွက်လဲဆိုတော့ လက်ရှိမှာ ၈ နှစ်အောက် ကလေးတွေက တစ်နေ့ကို အနည်းဆုံး ၂ နာရီ နီးပါး ဖုန်းမြင်ကွင်းနဲ့ Tablet PC ကြည့်ရှုမှုရှိတယ်လို့ စစ်တမ်းတွေက ဆိုပါတယ်။ ဒါက တစ်ခြားတီဗွီကြည့် အစီအစဉ် ကြည့်တဲ့ ကြာချိန်မပါဝင်တဲ့ ကြာမြင့်ချိန်ဖြစ်ပြီး ပျမ်းမျှအားဖြင့် တီဗွီကြည့်ရှုချိန်ကိုပါ ပေါင်းထည့်မယ်ဆိုရင် ကလေးငယ်တွေရဲ့ မျက်လုံးက ခံနိုင်ရည်ရှိတဲ့ ပမာဏထက် ပိုမိုပြီး အီလက်ထရွန်းနစ်မျက်နှာပြင်တွေကို ကြည့်ရှုရှိနေတယ်လို့ ဆိုရမှာပါ။

ဒါကြောင့်လည်း Apple က အဲဒီအတွက် Screen Time လုပ်ဆောင်ချက်ကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ပေးထားတာ ဖြစ်ပါတယ်။ အခု မိမိရဲ့ဖုန်းမှာ ဒီလုပ်ဆောင်ချက်ကိုသုံးပြီး ဖုန်းအသုံးပြုမှုကို ကန့်သတ်ဖို့အတွက် ဖုန်းရဲ့ Settings ထဲကို ဝင်လိုက်ပါ။ ပြီးရင်တော့ Screen Time ဆိုတဲ့ စာသားကိုရှာပြီး နှိပ်ကြည့်လိုက်မယ်ဆိုရင် မိမိရဲ့ဖုန်းအသုံးပြုမှု ကြာချိန်ကို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

အပေါ်ပုံမှာပြထားတဲ့ iNeOI ဆိုတဲ့ အမည်ကို နှိပ်ကြည့်လိုက်မယ်ဆိုရင်တော့ တစ်နေ့တာမှာ အသုံးပြုခဲ့တဲ့ ဖုန်းအသုံးပြုမှုအ သေးစိတ်ကို ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ အဲဒီထဲကမှ မိမိအနေနဲ့ App တစ်ခုခုကို ထပ်နှိပ်လိုက်မယ် ဆိုရင်တော့ အဲဒီ App ကို အချိန်ဘယ်လောက် အတိုင်းအတာအနေနဲ့ အသုံးပြုခဲ့တယ်ဆိုတာကို တွေ့ ရမှာဖြစ်ပါတယ်။

Screen Time က မိမိအနေနဲ့ ဘယ် App အမျိုးအစားကို သုံးနေလဲဆိုတာအပြင် မိမိဖုန်းက ဘယ် App ကနေ notifictaions တွေ ဘယ်လောက် လက်ခံရတယ်ဆိုတာကိုပါ သိရှိနိုင်ပါတယ်။

Screen Time လုပ်ဆောင်ချက်ကိုသုံးပြီး App တစ်ခုချင်းစီရဲ့ အသုံးပြုခိုင်းမယ် အချိန်ကိုကန့်သတ် သတ်မှတ်ထားနိုင်ပါတယ်။ ဥပမာ – ဂိမ်း App, ဆိုရှယ်မီဒီယာ App, ဖျော်ဖြေရေးဆိုင်ရာ App စတာတွေကို သူ့ကဏ္ဍအလိုက် သတ်မှတ်ထားနိုင်ပါတယ်။ အောက်မှာ ပြထားတဲ့ ပုံထဲကအတိုင်း App Limits ဆိုတဲ့စာသားကိုနှိပ်ပြီး App တွေကို အချိန် သတ်မှတ်ဖို့ စနစ်ထဲကို ဝင်လိုက်ပါ။ ပြီးရင်တော့ Add Limit ဆိုတဲ့ စာသားကို ထပ်နှိပ်လိုက်ပါ။

အဲလိုနှိပ်လိုက်ရင်တော့ ဖုန်းထဲက App တွေကို ကဏ္ဍအလိုက် သီးသန့်သတ်မှတ်ဖို့အတွက် ပေါ်လာမှာဖြစ်ပါတယ်။ မိမိအနေနဲ့ Screen Time အချိန်ကန့်သတ်ချင်တဲ့ ကဏ္ဍကို ရွေးချယ်ပြီး Add ဆိုတာကို နှိပ်ပါ။

ပြီးရင်တော့ ကဏ္ဍအားလုံးအတွက် ပေးသုံးချင်တဲ့ အချိန်ကို သတ်မှတ်ပေးပါ။ ပြီးရင် ဘယ်ရက်တွေလည်း ဆိုတာကိုပါ ရွေးချယ်သတ်မှတ် ပေးနိုင်ပါသေးတယ်။

App တွေအတွက် အချိန်ကန့်သတ်မှုကို ၁ မိနစ်ကနေ ၂၃ နာရီနဲ့ ၅၉ မိနစ်အတွင်း စိတ်ကြိုက်သတ် မှတ်နိုင်မှာဖြစ်ပြီး နေ့တိုင်းအတွက် ဖုန်းကနေပဲ အလိုအလျောက် reset ပြန်လုပ်ပေးမှာဖြစ်ပါတယ်။ ကဏ္ဍအလိုက်ကိုလည်း အချိန်ကို သီးသန့်မတူညီစွာလည်း သတ်မှတ် ထားနိုင်ပါတယ်။

အဲဒီလို သတ်မှတ်လိုက်မယ်ဆိုရင် ဖုန်းမှာ အောက်ကပုံအတိုင်း ပြောင်းသွားမှာဖြစ်ပါတယ်။ ကန့်သတ်ထားတဲ့ App မှန်သမျှက မှိန်မှိန်လေး ဖြစ်နေမှာဖြစ်ပြီး App ကို အသုံးပြုရင်း အသုံးပြုချိန်ကျော်လို့ရှိရင်တော့ Screen Time ကို ထပ်မံတိုးပေးဖို့ဆိုတဲ့ အသိပေးချက်တစ်ခု ပေါ်လာမှာ ဖြစ်ပါတယ်။

အဲဒီလို သတ်မှတ်လိုက်မယ်ဆိုရင် ဖုန်းမှာ အောက်ကပုံအတိုင်း ပြောင်းသွားမှာ ဖြစ်ပါတယ်။ ကန့်သတ်ထားတဲ့ App မှန်သမျှက မှိန် မှိန်လေးဖြစ်နေမှာဖြစ်ပြီး App ကို အသုံးပြုရင်း အသုံးပြုချိန်ကျော်လို့ရှိရင်တော့ Screen Time ကို ထပ်မံတိုးပေးဖို့ ဆိုတဲ့ အသိပေးချက်တစ်ခု ပေါ်လာမှာ ဖြစ်ပါတယ်။

မိမိအနေနဲ့ ကလေးတွေက ကိုယ်တိုင် Screen Time ကန့်သတ်ထားတာတွေကို မိမိခွင့်ပြုချက်မရှိဘဲ တိုးမြှင့်တာမျိုး မလုပ်နိုင်အောင် သေချာလုပ်ထားဖို့ လိုပါတယ်။ Screen Time Passcode ကိုလည်း မိမိကသာ အပြည့်အဝ ထိန်းချုပ်ထားသင့်ပါတယ်။ ဒါမှလည်း ဒါပေါ်မူတည်ပြီး ဘယ်လောက်အချိန် အတိုင်းအတာထိကို ဆက်ပြီးပေးသုံးမယ်ဆိုတာကို ခွင့်ပြုပေးနိုင်မှာ ဖြစ်ပါတယ်။

၁၅ မိနစ်၊ ၁ နာရီ၊ တစ်နေ့လုံးစာကို အခြေအနေပေါ် မူတည်ပြီး ထပ်မံတိုးမြှင့်ပေးနိုင်မှာ ဖြစ်ပါတယ်။

Screen Time Passcode ကို ဖုန်း Settings ရဲ့ Screen Time စနစ်ထဲမှာ သွားရောက် ထည့်သွင်းနိုင်မှာဖြစ်ပြီး Screen Time ပြုလုပ်ထားတာကို ပြန်ဖြုတ်ချင်ရင်တော့ Turn Off Screen Time ကို နှိပ်ပြီးပြန်ဖြုတ်နိုင်မှာ ဖြစ်ပါတယ်။