iOS 12 ရဲ႕ iTunes Subscription ေတြကို iPhone ကေန ဘယ္လိုစီမံမလဲ

[ Zawgyi ]

Apple ကေန ခုေနာက္ပိုင္းမွာ iTunes subscription ေတြကို ဖုန္းကေနအလြယ္တကူ စီမံႏုိင္ေအာင္ လုပ္ေဆာင္ေပးလိုက္ပါၿပီ။ ခုေနာက္ပိုင္းထြက္ရွိလာတဲ့ iOS စနစ္ေတြက Android OS စနစ္ေတြထက္ အသုံးျပဳရတာ ပိုမိုလြယ္ကူလာတာျဖစ္ၿပီး ခုေဖာ္ျပေပးခဲ့တဲ့ iTunes subscriptions ကို စီမံမႈကေတာ့ iOS 12 ဗားရွင္း မွာမွ ပါဝင္လာတာျဖစ္ပါတယ္။

iOS ထုတ္ကုန္ေတြကေန အြန္လုိင္း streaming ဝန္ေဆာင္မႈေတြကို အသုံးျပဳသူေတြအေနနဲ႔ မိမိစိတ္ႀကိဳက္ဖုန္းကေန စီမံေဆာင္ရြက္ ႏုိင္မွာျဖစ္ပါတယ္။ အဲလိုမိမိအေနနဲ႔ subscription ေတြကို ဆက္မယူတာျဖစ္ျဖစ္၊ အသစ္ထပ္မံျပဳလုပ္တာမ်ဳိးျဖစ္ျဖစ္ စတာေတြကို ေနာက္ထပ္တစ္ခါ ဝန္ေဆာင္ခမေပးသြင္းခင္မွာ စီမံေဆာင္ရြက္ထားႏုိင္မွာ ျဖစ္ပါတယ္။

အရင္ဆုံး မိမိဖုန္းထဲကေန subscription ျပဳလုပ္ထားတာေတြကို ၾကည့္႐ႈဖို႔အတြက္ ဖုန္းထဲက Settins icon ကိုႏွိပ္လုိက္ပါ။

ဖုန္း Settings စနစ္ထဲကို ေရာက္သြားရင္ေတာ့ ပုံမွာျပထားတဲ့အတုိင္း iCloud အေကာင္ေနရာကို တစ္ခ်က္ထပ္ႏွိပ္ပါ။

အဲလိုႏွိပ္လုိက္ရင္ေတာ့ App ID စနစ္ထဲကို ေရာက္သြားမွာျဖစ္ၿပီး iTunes and App Store ဆိုတာကိုရွာၿပီး ထပ္ႏွိပ္ေပးရမွာ ျဖစ္ပါတယ္။

iTunes & App Stores စနစ္ထဲ ေရာက္သြားရင္ေတာ့ ပုံမွာျပထားတဲ့အတုိင္း Apple ID ဆိုတဲ့ ေနရာကိုႏွိပ္လိုက္ပါ။

အဲလိုႏွိပ္လုိက္ရင္ေတာ့ ေအာက္ကပုံအတုိင္း အျဖဴေရာင္ေဘာက္တစ္ခု ေပၚလာမွာျဖစ္ၿပီး View Apple ID ဆိုတဲ့စာသားကို ႏွိပ္လိုက္ပါ။

Apple ID အေကာင့္စနစ္ထဲကို ေရာက္သြားမွာျဖစ္ၿပီး အဲဒီထဲမွာ Subscriptions ဆိုတဲ့စာသားကို ရွာႏွိပ္ပါ။

အဲလိုႏွိပ္လုိက္ရင္ေတာ့ မိမိအေနနဲ႔ ဖုန္းကေနတစ္ဆင့္ ဝန္ေဆာင္မႈရယူထားတဲ့ အြန္လိုင္း Streaming လိုင္းေတြကို ေတြရမွာ ျဖစ္ပါတယ္။ ခု HBO NOW ကို ႏွိပ္လုိက္ပါ။

ဒါဆိုရင္ေတာ့ HBO NOW နဲ႔ ပတ္သက္တဲ့ မိမိရယူထားတဲ့ ကာလနဲ႔ က်သင့္ေငြေတြကို ေတြ႔ရမွာျဖစ္ၿပီး မိမိအေနနဲ႔ ဝန္ေဆာင္မႈကို ဆက္လက္ရယူဖို႔ကို ရပ္တန္႔ဖို႔အတြက္ ေအာက္ကပုံမွာျပထားတဲ့အတုိင္း Cancel Subscription ကို ႏွိပ္လိုက္႐ုံပါပဲ။

တစ္ျခား လစဥ္၊ ႏွစ္စဥ္စတဲ့ မတူညီတဲ့ ဝန္ေဆာင္မႈေတြကို ေရြးခ်ယ္အသုံးျပဳႏုိင္တဲ့ အြန္လုိင္း Streaming ၀န္ေဆာင္မႈေတြ အတြက္ကေတာ့ ေအာက္ကပုံအတုိင္း ေပၚမွာျဖစ္ၿပီး မိမိစိတ္ႀကိဳက္ ေရြးခ်ယ္ကာ ဝန္ေဆာင္မႈကို ဆက္လက္မယူတာမ်ဳိးကို လုပ္ေဆာင္ ႏုိင္မွာျဖစ္ပါတယ္။

ဒါဆိုရင္ေတာ့ မိမိစိတ္ႀကိဳက္ iTunes subscriptions ေတြကို ဖုန္းကေန စိတ္ႀကိဳက္စီမံေဆာင္ရြက္ၿပီ ျဖစ္ပါတယ္။

-ရဲထြဋ္ဝင္း

[ Unicode ]

Apple ကနေ ခုနောက်ပိုင်းမှာ iTunes subscription တွေကို ဖုန်းကနေအလွယ်တကူ စီမံနိုင်အောင် လုပ်ဆောင်ပေးလိုက်ပါပြီ။ ခုနောက်ပိုင်းထွက်ရှိလာတဲ့ iOS စနစ်တွေက Android OS စနစ်တွေထက် အသုံးပြုရတာ ပိုမိုလွယ်ကူလာတာဖြစ်ပြီး ခုဖော်ပြပေးခဲ့တဲ့ iTunes subscriptions ကို စီမံမှုကတော့ iOS 12 ဗားရှင်း မှာမှ ပါဝင်လာတာဖြစ်ပါတယ်။

iOS ထုတ်ကုန်တွေကနေ အွန်လိုင်း streaming ဝန်ဆောင်မှုတွေကို အသုံးပြုသူတွေအနေနဲ့ မိမိစိတ်ကြိုက်ဖုန်းကနေ စီမံဆောင်ရွက် နိုင်မှာဖြစ်ပါတယ်။ အဲလိုမိမိအနေနဲ့ subscription တွေကို ဆက်မယူတာဖြစ်ဖြစ်၊ အသစ်ထပ်မံပြုလုပ်တာမျိုးဖြစ်ဖြစ် စတာတွေကို နောက်ထပ်တစ်ခါ ဝန်ဆောင်ခမပေးသွင်းခင်မှာ စီမံဆောင်ရွက်ထားနိုင်မှာ ဖြစ်ပါတယ်။

အရင်ဆုံး မိမိဖုန်းထဲကနေ subscription ပြုလုပ်ထားတာတွေကို ကြည့်ရှုဖို့အတွက် ဖုန်းထဲက Settins icon ကိုနှိပ်လိုက်ပါ။

ဖုန်း Settings စနစ်ထဲကို ရောက်သွားရင်တော့ ပုံမှာပြထားတဲ့အတိုင်း iCloud အကောင်နေရာကို တစ်ချက်ထပ်နှိပ်ပါ။

အဲလိုနှိပ်လိုက်ရင်တော့ App ID စနစ်ထဲကို ရောက်သွားမှာဖြစ်ပြီး iTunes and App Store ဆိုတာကိုရှာပြီး ထပ်နှိပ်ပေးရမှာ ဖြစ်ပါတယ်။

iTunes & App Stores စနစ်ထဲ ရောက်သွားရင်တော့ ပုံမှာပြထားတဲ့အတိုင်း Apple ID ဆိုတဲ့ နေရာကိုနှိပ်လိုက်ပါ။

အဲလိုနှိပ်လိုက်ရင်တော့ အောက်ကပုံအတိုင်း အဖြူရောင်ဘောက်တစ်ခု ပေါ်လာမှာဖြစ်ပြီး View Apple ID ဆိုတဲ့စာသားကို နှိပ်လိုက်ပါ။

Apple ID အကောင့်စနစ်ထဲကို ရောက်သွားမှာဖြစ်ပြီး အဲဒီထဲမှာ Subscriptions ဆိုတဲ့စာသားကို ရှာနှိပ်ပါ။

အဲလိုနှိပ်လိုက်ရင်တော့ မိမိအနေနဲ့ ဖုန်းကနေတစ်ဆင့် ဝန်ဆောင်မှုရယူထားတဲ့ အွန်လိုင်း Streaming လိုင်းတွေကို တွေရမှာ ဖြစ်ပါတယ်။ ခု HBO NOW ကို နှိပ်လိုက်ပါ။

ဒါဆိုရင်တော့ HBO NOW နဲ့ ပတ်သက်တဲ့ မိမိရယူထားတဲ့ ကာလနဲ့ ကျသင့်ငွေတွေကို တွေ့ရမှာဖြစ်ပြီး မိမိအနေနဲ့ ဝန်ဆောင်မှုကို ဆက်လက်ရယူဖို့ကို ရပ်တန့်ဖို့အတွက် အောက်ကပုံမှာပြထားတဲ့အတိုင်း Cancel Subscription ကို နှိပ်လိုက်ရုံပါပဲ။

တစ်ခြား လစဉ်၊ နှစ်စဉ်စတဲ့ မတူညီတဲ့ ဝန်ဆောင်မှုတွေကို ရွေးချယ်အသုံးပြုနိုင်တဲ့ အွန်လိုင်း Streaming ၀န်ဆောင်မှုတွေ အတွက်ကတော့ အောက်ကပုံအတိုင်း ပေါ်မှာဖြစ်ပြီး မိမိစိတ်ကြိုက် ရွေးချယ်ကာ ဝန်ဆောင်မှုကို ဆက်လက်မယူတာမျိုးကို လုပ်ဆောင် နိုင်မှာဖြစ်ပါတယ်။

ဒါဆိုရင်တော့ မိမိစိတ်ကြိုက် iTunes subscriptions တွေကို ဖုန်းကနေ စိတ်ကြိုက်စီမံဆောင်ရွက်ပြီ ဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း