Instax Minion

[ Zawgyi ]


-ကျော်ဇေယျ

[ Unicode ]

62 x 46 mm အရွယ်အစားရှိတဲ့ ဓာတ်ပုံတွေ ချက်ချင်းရိုက် ချက်ချင်းထွက်လာမယ့် Instax Camera ဖြစ်ပါတယ်။ Fujifilm ကနေ ထုတ်ပြီး ကလေးငယ်တို့ရဲ့ အသည်းကျော် Minion ဇာတ်ကောင်ပုံစံ ဆီလီကွန်ကာဘာနဲ့ ထုတ်ထားတာဖြစ်ပါတယ်။

ခရီးဆောင်ကင်မရာအနေနဲ့ ရှုခင်း ပုံတွေသာမက ဆယ်ဖီဆွဲရင်လည်း အဆင်ပြေတယ်လို့ သိရပါတယ်။ Shutter Speed 1/60 အထိ ရိုက်ပေးနိုင်ပြီး Flash မီးအနေနဲ့ Constant firing flash (automatic light adjustment) အနေနဲ့ ထောက်ပံ့ပေးထားပါတယ်။ LR6/AA-size 1.5V alkaline batteries နှစ်လုံးထည့်သွင်း အသုံးပြုရမှာဖြစ်ပြီး ဓာတ်ပုံအတွက် ပုံရိုက်လို့ကုန်သွားရင်လည်း အသင့်သုံး film packs ထပ်မံဝယ်ယူကာ ထပ်ထည့်ပြီး ရိုက်နိုင်မှာဖြစ်ပါတယ်။ အရွယ်အစား 185mm x 78 mm x 140 mm ဖြစ်ပြီး အလေး ချိန် 500g ရှိပါတယ်။ တန်ဖိုးမှာ ၁၅ဝ,ဝဝဝ ကျပ်ဝန်းကျင်နဲ့ ရောင်းချပေးမှာဖြစ်ပြီး Fujifilm Myanmar ဖုန်း ၀၉၇၆၁၆၉၀၈၄၇ မှာ ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။