August 20, 2018

Instagram ရဲ့ active status green dot ကို disable လုပ်နည်း

[Zawgyi]






[Unicode]

Instagram ဟာ direct-message inbox နဲ့ share screen တွေက ကိုယ့်ရဲ့ နာမည်ဘေးမှာ လက်ရှိ online ပေါ်မှာရှိနေတဲ့အကြောင်း အစိမ်းရောင်အစက်လေးနဲ့ ဖော်ပြပေးမယ့် feature ကို ဇူလိုင် ၁၉ ရက်က ကြေညာခဲ့ပါတယ်။

ဒီ feature ကို ကိုယ် follow လုပ်ထားသူတွေနဲ့ direct message ပေးပို့ထားသူတွေပဲ အသုံးပြုနိုင်ပါတယ်။ Active ဖြစ်တဲ့အခါမှာ အစိမ်းရောင်အစက်လေးနဲ့ ဖော်ပြပေးမယ့် feature ကို မနှစ်သက်ဘူးဆိုရင် အောက်ပါနည်းလမ်းအတိုင်း disable လုပ်နိုင်ပါတယ်။

(၁) ကိုယ့်ရဲ့ profile ကိုသွားပြီး ညာဘက်အပေါ်ထောင့်က စက်သွားပုံ “settings” ခလုတ်ကိုနှိပ်ပါ။

(၂) “privacy and security” ကိုသွားပြီး “activity status” ကိုနှိပ်ပါ။ “show activity status” ဆိုတဲ့ ခလုတ်ကို ပိတ်ပါ။

ဒါဆိုရင် ကိုယ့်သူငယ်ချင်းတွေ online ဖြစ်၊ မဖြစ် သိနိုင်တော့မှာမဟုတ်သလို ကိုယ့်ရဲ့ active status ကိုလည်း သူငယ်ချင်းတွေ မြင်တွေ့ရတော့မှာ မဟုတ်ပါဘူး။